ၾကားသိသမွ်

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီနှင့် PDF ပူးပေါင်းတပ်များအကြား အပြင်းအထန် တိုက်ပွဲဖြစ်း(ရုပ်သံ)

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီနှင့် PDF ပူးပေါင်းတပ်များအကြား အပြင်းအထန် တိုက်ပွဲဖြစ်၊ စစ်သား အများအပြားသေဆုံး

ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ခရိုင်ပူးပေါင်းPDF တပ်ဖွဲ့တွေအကြား ဇန်နဝါရီလ ၇ ရက်နေ့က တစ်နေကုန်နီးပါး

အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့​ကြပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

အဲဒီတိုက်ပွဲကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊Hero Tiger တပ်ဖွဲ့အပါအဝင် ခရိုင်မဟာမိတ်(PDF)တွေနဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေက မုံရွာ-ယင်းမာပင်-ပုလဲသွားကားလမ်းတစ်လျှောက်ကို သာလွန်အင်အားအသုံးပြုပြီး ထိုးစစ်ဆင်လာတဲ့အတွက် ထိပ် တိုက်တိုက်ပွဲဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

ခရိုင်ပူးပေါင်းPDFတပ်ဖွဲ့ဝင်တွေက စစ်ရေးအရ အသာစီးရယူခဲ့ပြီး မိုင်းတွေအပါအဝင် အခြားသောစက်လက်နက်ပစ္စည်းများနဲ့ ပြန်လည်

ခုခံပစ်ခတ်ခဲ့ကြတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးသလို ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယင်းမာပင်မြို့အရှေ့ဘက် ကောင်းဆင့်ကျေးရွာက စိတ်မနှံ့နဲ့အမျိုး သားတစ်ဉီးကို ရက်ရက်စက်စက်ပစ်သတ်ခဲ့ပြီး လူနေအိမ်နဲ့အတူ တွဲကာ မီးရှို့သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီကနေ့ တိုက်ပွဲမှာတော့ ခရိုင်ပူးပေါင်းPDF တပ်ဖွဲ့တွေ ထိခိုက်ကျဆုံးမှုမရှိခဲ့သလို ယင်းမာပင်မြို့နယ်မှာ စစ်ရေးတင်းမာလျက်ရှိနေတယ်လို့ ဒေသ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

ယင္းမာပင္ၿမိဳ႕နယ္တြင္ စစ္ေကာင္စီႏွင့္ PDF ပူးေပါင္းတပ္မ်ားအၾကား အျပင္းအထန္ တိုက္ပြဲျဖစ္၊ စစ္သား အမ်ားအျပားေသဆုံး

ဇန္နဝါရီ ၇

စစ္ကိုင္းတိုင္းေဒသႀကီး ယင္းမာပင္ၿမိဳ႕နယ္မွာ အၾကမ္းဖက္စစ္ေကာင္စီနဲ႔ခရိုင္ပူးေပါင္းPDF တပ္ဖြဲ႕ေတြအၾကား ဇန္နဝါရီလ ၇ ရက္ေန႔က တစ္ေနကုန္နီးပါး

အျပင္းအထန္ တိုက္ပြဲျဖစ္ခဲ့​ၾကၿပီး အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္ အမ်ားအျပားေသဆုံးခဲ့တယ္လို႔ ေဒသကာကြယ္ေရးတပ္ေတြဆီက သိရပါတယ္။

အဲဒီတိုက္ပြဲကို ေျမာက္ယမားျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(PDF)၊Hero Tiger တပ္ဖြဲ႕အပါအဝင္ ခရိုင္မဟာမိတ္(PDF)ေတြနဲ႔ ညီေနာင္မဟာမိတ္တပ္ဖြဲ႕ဝင္ေတြ ပူးေပါင္းၿပီး အၾကမ္းဖက္စစ္ေကာင္စီကို တိုက္ခိုက္ ခဲ့တယ္လို႔ သိရပါတယ္။

အၾကမ္းဖက္စစ္ေကာင္စီတပ္ေတြက မုံရြာ-ယင္းမာပင္-ပုလဲသြားကားလမ္းတစ္ေလၽွာက္ကို သာလြန္အင္အားအသုံးျပဳၿပီး ထိုးစစ္ဆင္လာတဲ့အတြက္ ထိပ္ တိုက္တိုက္ပြဲျဖစ္ခဲ့ၾကတယ္လို႔ သိရပါတယ္။

ခရိုင္ပူးေပါင္းPDFတပ္ဖြဲ႕ဝင္ေတြက စစ္ေရးအရ အသာစီးရယူခဲ့ၿပီး မိုင္းေတြအပါအဝင္ အျခားေသာစက္လက္နက္ပစၥည္းမ်ားနဲ႔ ျပန္လည္ခုခံပစ္ခတ္ခဲ့ၾကတဲ့အတြက္ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္ အမ်ားအျပားေသဆုံးသလို ထိခိုက္ဒဏ္ရာရရွိခဲ့ၾကတဲ့ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြလည္းရွိတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ယင္းမာပင္ၿမိဳ႕အေရွ႕ဘက္ ေကာင္းဆင့္ေက်းရြာက စိတ္မႏွံ့နဲ႔အမ်ိဳး သားတစ္ဉီးကို ရက္ရက္စက္စက္ပစ္သတ္ခဲ့ၿပီး လူေနအိမ္နဲ႔အတူ တြဲကာ မီးရွို႔သြားတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

ဒီကေန႔ တိုက္ပြဲမွာေတာ့ ခရိုင္ပူးေပါင္းPDF တပ္ဖြဲ႕ေတြ ထိခိုက္က်ဆုံးမႈမရွိခဲ့သလို ယင္းမာပင္ၿမိဳ႕နယ္မွာ စစ္ေရးတင္းမာလ်က္ရွိေနတယ္လို႔ ေဒသ ကာကြယ္ေရးတပ္ေတြဆီက သိရပါတယ္။