ၾကားသိသမွ်

NUG ဟာဒီနှစ်ထဲမှာ အစိုးရအလုပ်တွေ လုပ်ပြတော့မယ်လို့ ဦးမင်းကိုနိုင်ပြော

NUGဟာ ဒီနှစ်ထဲမှာ အစိုးရအလုပ်တွေကို လုပ်ပြတော့မယ်လို့ ၈၈မျိုးဆက်ခေါင်းဆောင် ဦးမင်းကို နိုင်က ပြောကြားလိုက်ပါတယ်။

၂၀၂၂ခုနှစ်ဟာ ပြည်သူ့တော်လှန်ရေးအောင်ပွဲခံမယ့်နှစ်ဖြစ်ကြောင်း NUGကာကွယ်ရေးဝန်ကြီးဦးရည်မွန်၊ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာ

အောင်၊ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ကပြောကြားခဲ့သလို ဦးမင်းကိုနိုင်ကလည်း ‘နောက်ဆုံးကောက်ရိုးတစ်မျှင်’လို့

အမည်ပေးထားတဲ့ PVTV တွေ့ဆုံခန်းမှာ အဲဒီလို ဟောကိန်းထုတ်လိုက်တာပါ။

‘အရေးကြီးဆုံး တချက်က NUG က ပြီးခဲ့တဲ့ နှစ် ကတော့ တော်လှန်တဲ့ အင်အားစု … အခုကတော့ အစိုးရအလုပ်တွေကို သူလုပ်ပြတော့

မယ်။ သူရဲ့ စိုးမိုးနိုင်တဲ့ နယ် မြေတွေ အုပ်ချုပ်ရေးတွေ တရားစီရင်ရေး၊ ဥပဒေပြုရေးကအစ ဒါက NUG ရဲ့ အစွမ်းကောင်းကောင်း ပြရမယ့်

နှစ် ဖြစ်ပြီးတော့ အောင်ပွဲအတွက် တခါတည်း ဖိရုံနဲ့ လှုပ်ရှားမှုတွေ အားလုံးလုပ်နိုင်တဲ့နှစ်ပဲဖြစ်မှာ။ ဒါကို ကျနော်တို့ သေချာပေါက်ကို မြင်

ထား တယ်’လို့သူကပြောပါတယ်။


ကမ္ဘာကြီးဟာ နိုင်မြင်းဘယ်သူလဲဆိုတာ သိသွားပြီလို့လည်း ဦးမင်းကိုနိုင်ကပြောပါတယ်။

‘ဘယ်သူ့ဘက်က လောင်းရမယ်ဆိုတာလည်း ကမ္ဘာကြီးက ထင်ရှားသွားပြီ။ ဒါပါပဲ။

ဒီနှစ်မှာ ဒါတွေအားလုံးက အဆုံးအဖြတ် ပေးသွားမှာပါ။’လို့ သူကပြောပါတယ်။

ဆက်လက်ပြီးဦးမင်းကိုနိုင်က မြန်မာပြည်သူတွေဟာ ကိုယ့်ပန်းတိုင်ကိုယ် ရှိပြီးဖြစ်ပြီး ဘယ်တန်ခိုးရှင်ကမှ လာတားလို့မရဘူးလို့လည်း

ပြောပါတယ်။

‘အဲဒီမှာမှ ကျနော်တို့ အမြဲပြောနေတဲ့ အလဲထိုး ဆိုလို့ အလဲထိုးပြလိုက်မှ ဒိုင်ကလာမဆွဲနဲ့လို့ ပြောခဲ့ပြီးပြီလေ’ လို့သူကပြောပါတယ်။

Zawgyi

NUGဟာ ဒီႏွစ္ထဲမွာ အစိုးရအလုပ္ေတြကို လုပ္ျပေတာ့မယ္လို႔ ၈၈မ်ိဳးဆက္ေခါင္းေဆာင္ ဦးမင္းကို နိုင္က ေျပာၾကားလိုက္ပါတယ္။

၂၀၂၂ခုႏွစ္ဟာ ျပည္သူ႔ေတာ္လွန္ေရးေအာင္ပြဲခံမယ့္ႏွစ္ျဖစ္ေၾကာင္း NUGကာကြယ္ေရးဝန္ႀကီးဦးရည္မြန္၊ နိုင္ငံျခားေရးဝ

န္ႀကီးေဒၚဇင္မာေအာင္၊ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္မန္းဝင္းခိုင္သန္းတို႔ကေျပာၾကားခဲ့သလို ဦးမင္းကိုနိုင္ကလည္း ‘ေနာက္

ဆုံးေကာက္ရိုးတစ္မၽွင္’လို႔ အမည္ေပးထားတဲ့ PVTV ေတြ႕ဆုံခန္းမွာ အဲဒီလို ေဟာကိန္းထုတ္လိုက္တာပါ။

‘အေရးႀကီးဆုံး တခ်က္က NUG က ၿပီးခဲ့တဲ့ ႏွစ္ ကေတာ့ ေတာ္လွန္တဲ့ အင္အားစု … အခုကေတာ့ အစိုးရအလုပ္ေတြကို သူလုပ္ျပေတာ့

မယ္။ သူရဲ့ စိုးမိုးနိုင္တဲ့ နယ္ ေျမေတြ အုပ္ခ်ဳပ္ေရးေတြ တရားစီရင္ေရး၊ ဥပေဒျပဳေရးကအစ ဒါက NUG ရဲ့ အစြမ္းေကာင္းေ

ကာင္း ျပရမယ့္ႏွစ္ ျဖစ္ၿပီးေတာ့ ေအာင္ပြဲအတြက္ တခါတည္း ဖိ႐ုံနဲ႔ လႈပ္ရွားမႈေတြ အားလုံးလုပ္နိုင္တဲ့ႏွစ္ပဲျဖစ္မွာ။ ဒါကို က်ေ

နာ္တို႔ ေသခ်ာေပါက္ကို ျမင္ထား တယ္’လို႔သူကေျပာပါတယ္။

ကမၻာႀကီးဟာ နိုင္ျမင္းဘယ္သူလဲဆိုတာ သိသြားၿပီလို႔လည္း ဦးမင္းကိုနိုင္ကေျပာပါတယ္။

‘ဘယ္သူ႔ဘက္က ေလာင္းရမယ္ဆိုတာလည္း ကမၻာႀကီးက ထင္ရွားသြားၿပီ။ ဒါပါပဲ။

ဒီႏွစ္မွာ ဒါေတြအားလုံးက အဆုံးအျဖတ္ ေပးသြားမွာပါ။’လို႔ သူကေျပာပါတယ္။

ဆက္လက္ၿပီးဦးမင္းကိုနိုင္က ျမန္မာျပည္သူေတြဟာ ကိုယ့္ပန္းတိုင္ကိုယ္ ရွိၿပီးျဖစ္ၿပီး ဘယ္တန္ခိုးရွင္ကမွ လာတားလို႔မရဘူးလို႔လ

ည္းေျပာပါတယ္။

‘အဲဒီမွာမွ က်ေနာ္တို႔ အျမဲေျပာေနတဲ့ အလဲထိုး ဆိုလို႔ အလဲထိုးျပလိုက္မွ ဒိုင္ကလာမဆြဲနဲ႔လို႔ ေျပာခဲ့ၿပီးၿပီေလ’ လို႔သူကေျ

ပာပါတယ္။