ၾကားသိသမွ်

တော်လှန်ရေးကြီး အောင်မြင်သွားတဲ့အခါ… မင်းဆီကို အပြေးလာတွေ့ မှာပါ …

တော်လှန်ရေးကြီး အောင်မြင်သွားတဲ့အခါ…

မင်းဆီကို အပြေးလာတွေ့ မှာပါ …

ကျဆုံးသွားတဲ့ K-PDF ရဲဘော်လေးရဲ့ဖုန်းထဲက

သူ့ကောင်မလေးဆီ ပို့ထားတဲ့ (အထက်ပါ)

မက်ဆေ့လေးကိုတွေ့တဲ့အကြောင်း..

ဆရာသမားက ကျနော်ကိုပြောပြတော့…

ကျနော် မျက်ရည်ကျမိတယ်။

တချို့စာတွေကတော့( ချစ်သူနှစ်ဦးကြား

ရန်ဖြစ်စကားများထားတာတွေ တဲ့။)

စစ်ပွဲဆိုတာ လွယ်မှမလွယ်တာ။


ယနေ့အရေးတော်ပုံအောင်ဖို့အတွက်..

စစ်တိုက်နေရတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲမှာ..

လူငယ်အများစုပါဝင်နေကြတယ်။

မိဘ၊မိသားစုနဲ့ချစ်သူကို ဝေးရာမှာ ထားခဲ့ပြီး…

နိုင်ငံ့အရေးနဲ့မိမိယုံကြည်ချက်အတွက်….

ငါဝင်မပါလို့ မရဘူးဆိုတဲ့စိတ်နဲ့

စွန့်လွတ်စွန့်စားနေတဲ့ လူငယ်လေးတွေ…

မလွမ်းပဲဘယ်ရှိမလဲ..? မတွေးပဲ ဘယ်ရှိမလဲ..?

ယုံကြည်ချက်နဲ့တိုက်ပွဲဝင်နေတဲ့သူတို့ဆီမှာ..

မျှော်လင့်ချက်တွေ အများကြီး။


မလွဲသာမရှောင်သာတဲ့ပွဲမို့…

ရဲရဲတက်ပြီး ရဲရဲတိုက်နေရပေမဲ့…

အနာဂတ်ကို ပုံဖော်ထားတဲ့ စိတ်ကူးယဉ်ထားတဲ့

ဘဝတစ်ခုတော့ ကိုယ်စီရှိနေကြတယ်။

တရားသော စစ်မို့ အောင်မြင်မှာပါဆိုပေမဲ့…

အခန့်မသင့်ရင် အချိန်မရွေးသေသွားနိုင်သလို…

စစ်ရဲ့သဘောအရ အနိုင်ရတဲ့ပွဲရှိသလို

အရေးနှိမ့်အခက်ကြုံရတဲ့အခါလည်း ရှိတယ်။

ဒါကြောင့်….

ဘာကြောင့်ပဲဖြစ်ဖြစ်….

ဖုန်းဆက်လို့ဖုန်းပြောရတဲ့အခါ

လိုင်းမိလို့ လိုင်းသုံးရတဲ့အခါ…

ကျနော်တို့ခလေးတွေကို အားပေးပါ။

စိတ်ချမ်းသာအောင်ထားပါ။

တိုက်နေရတာက မအလရဲ့စစ်တပ်၊

ဖိုက်နေရတာက ရစ်တတ်တဲ့ချစ်သူဆို…

သူတို့လေးတွေ အဆင်မပြေနိုင်ဘူး။

စစ်ရဲ့အနိဌာရုံနဲ့ စစ်ပွဲရဲသဘောတရားကို သိရင်…

စစ်မြေပြင်မှာရှိနေတဲ့သူတွေကို လေးစားပါ။

သေတစ်နေ့ မွေးတစ်နေ့ဆိုပေမဲ့….

တန်ဖိုးခြင်းက အရမ်းကွာလို့ပါ။

အဓိကနဲ့သာမညကို ခွဲပြီး နေဖို့ထိုင်ဖို့

လုပ်ဖို့ကိုင်ဖို့ပြောထားပေမဲ့…

ဒီအရွှယ်လူငယ်တွေအတွက် ခံစားချက်ကိုရှေ့တန်းတင်တတ်ကြတာက သဘာဝမို့….

တိုက်ပွဲဝင်နေတဲ့ရဲဘော်လေး တွေ ကို

စိတ်အနှောက်ရှက်မပေးစေချင်ဘူး။

လို လို့ လား ဗျာ…ဆိုရင်တော့…

ခံစားဘူးရင်သိမှာပါ။

တခါတရံ အဲ့ဒီခံစားချက်တွေကြောင့်…

စိတ်နဲ့လူနဲ့မကပ်တဲ့အထိ ဖြစ်နေတာမျိုး။

အတိတ်မှာဘာတွေဖြစ်ခဲ့ဖြစ်ခဲ့…

မရေရာတဲ့ ပစ္စုပ္ပန်ဘဝနဲ့မသေခြာတဲ့အနာဂတ်ကြားမှာ

သူတို့ဘဝကိုသူတို့ စတေးထားပြီး…

နိုင်ငံနဲ့ပြည်သူအတွက် တိုက်ပွဲဝင်နေသူတွေအပေါ်…

အလေးနက်ထားပေးကြပါ။

မိုးပြိုမှ မငိုပါနဲ့။

မိုးမပြိုခင် တန်ဖိုးထားပေးပါ။

လူတစ်ယောက်အတွက် စိတ်ခံစားချက်ဟာ

အရေးပါလို့ ပါ။

ကျဆုံးသွားတဲ့ရဲဘော်လေးအကြောင်းပြောပြတော့..

1939 ဒုတိယ ကမ္ဘာစစ်အတွင်း

ကျဆုံးစစ်သည်တစ်ယောက်ရေးထားပြီး မပို့ဖြစ်လို့အိတ်ကပ်ထဲထည့်ထားတဲ့ စာကို သတိရသွားတယ်။

“ဒီစစ်ကြီး ပြီးသွားတဲ့အခါကျရင်

ကိုယ်နဲ့မင်းနဲ့ လက်ထပ်ကြမယ် ။

ကမ္ဘာကြီးထဲမှာလည်း မင်းလိုလှပတဲ့

ပန်းပွင့်လေးတွေ ဝေဆာလို့နေမယ် ။

မင်းရဲ့ဗိုက်ထဲမှာတော့ …

စကြာဝဋာကြီးမှာ အလှပဆုံးမိန်းခလေးဖြစ်မယ့်

ကိုယ့်ရဲ့သမီးလေးကို ခေါ်ဆောင်လာပေးပေါ့” တဲ့။

ကျန်နေခဲ့တဲ့ စာလေးတစ်စောင်ဆိုပေမဲ့…

စစ်မြေပြင်ရောက်နေတဲ့ ရဲဘော်တွေရဲ့

မျှော်လင့်ချက်တွေ စိတ်ကူးတွေကို

အရှင်းမြင်နေရတယ်။

မလွဲသာလို့ ခွဲခွာနေရတဲ့အချိန်မှာ…

သူတို့ရဲ့လိုအပ်ချက်တွေအပေါ်

တိုက်ရိုက်မကူညီနိုင်ဘူးဆိုရင်တောင်…

စိတ်အနှောက်ရှက် မပေးမိအောင် နေပေးကြပါ။

အရေးတော်ပုံပြီးတဲ့အခါ…..

ချစ်သောသူများနှင့်ပြန်ဆုံတွေ့ကြပါစေ။

😴

🚀သံပါးစပ်

5.1.2022