ၾကားသိသမွ်

မင်းအောင်လှိုင်ကို ကူညီမယ့် “ဟ” နဲ့စတဲ့ “ဟွန်ဆင်” ကို မြန်မာပြည်သူတွေက သူ့ ဖေ့ဘုတ်စ်မှာ “ဟဟ” တွေပေးလို့ ကြို၊ တစ်နိုင်ငံလုံးလည်း သူ့ကို အုန်းအုန်း ကျွတ်ကျွတ် သပိတ်တွေမှောက်၊ လူရမ်းကားဟွန်ဆင်ကြောင့် အာဆီယံငလျင် လှုပ်လိမ့်မယ်လို့ ဦးမင်းကိုနိုင်ပြော

မင်းအောင်လှိုင်ကို ကူညီမယ့် “ဟ” နဲ့စတဲ့ “ဟွန်ဆင်” ကို မြန်မာပြည်သူတွေက သူ့ ဖေ့ဘုတ်စ်မှာ “ဟဟ” တွေပေးလို့ ကြို၊ တစ်နိုင်ငံလုံး

လည်း သူ့ကို အုန်းအုန်း ကျွတ်ကျွတ် သပိတ်တွေမှောက်၊ လူရမ်းကားဟွန်ဆင်ကြောင့် အာဆီယံငလျင် လှုပ်လိမ့်မယ်လို့ ဦးမင်းကိုနိုင်ပြော

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကူညီဖို့ မနက် ဖြန်မှာ မြန်မာ နိုင်ငံလာရောက်မယ့် “ဟ”နဲ့ စတဲ့ “ဟွန်ဆင်”ကို မြန်မာပြည်သူတွေက သူ့ဖေ့ဘုတ်စ်မှာ “ဟဟ” တွေ သွားပေးကြပြီး ခရီးစဉ် မလာဖို့ အွန်လိုင်းမှာ ဆန္ဒပြနေကြပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်ရဲ့ လူမှုကွန်ရက် ဖေ့ဘုတ်စ်စာမျက်နှာဖြစ်တဲ့ https://www.facebook.com/hunsencambodia မှာ ပြည်သူတွေက ဟွန်ဆင်ဓာတ်ပုံကို မီးရှို့တဲ့ ပုံတွေ၊ သူ့မျက်နှာကို ခြေထောက်နဲ့ နင်းတဲ့ပုံတွေကို သွားရောက် Comment ပေးကြပြီး “ဟဟ” တွေလည်းပေးနေကြပါတယ်။

ကမ္ဘောဒီးယားမှာလည်း အာဏာရှင်အဖြစ် ပြည်သူကို ဖိနှိပ်နေတဲ့ ဟွန်ဆင်ကို မြန်မာပြည်သူတွေအနေနဲ့ မလိုလားကြောင်း၊ မင်းအောင်လှိုင်ကို ကူညီမယ့် ခရီးစဉ်ကို မကြိုဆိုဘဲ ကန့်ကွက်ကြောင်း အွန်လိုင်းနဲ့ မြေပြင်မှာပါ နည်းလမ်းမျိုးစုံနဲ့ ရေကုန်ရေခမ်း အုန်းအုန်းကျွတ်ကျွတ် ဆန္ဒပြပွဲတွေလည်း လုပ်ဆောင်နေကြပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာလည်း ဟွန်ဆင်ကို မကြိုဆိုကြောင်း ဆန္ဒပြပွဲတွေကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကရင်နဲ့ မွန်ပြည်နယ်ဘက်တွေမှာလည်း လမ်းပေါ်ထွက်၍ တစ်ဖုံ ၊ အိမ်တွင်းသပိတ်တွေနဲ့ တစ်သွယ် ဆန္ဒပြနေကြပါတယ်။

မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့နိုင်ငံရေးခေါင်းဆောင် ဦးမင်းကိုနိုင်ကတော့ ဟွန်ဆင်အနေနဲ့ မင်းအောင်လှိုင်ဆီကို လာတာဟာ လူရမ်းကားလို ပြုမူတာဖြစ်ပြီး သူ့အပြုအမူကြောင့် အာဆီယံ တစ်ခုလုံး ငလျင်လှုပ်လိမ့်မယ်လို့ သုံးသပ်ပါတယ်။

“နိုင်ငံတကာအဖွဲ့အစည်းတွေက ဒီလောက်ဝိုင်းတားနေတဲ့ကြားက ဒီလောက်ရက်စက်ကြမ်းကြုတ်တာခံနေရတဲ့ ပြည်သူတွေက တခဲနက် ဆန့်ကျင်နေတဲ့ကြားက ဇွတ်လာမယ်ဆိုတာကေတာ့ ဆင်ခြင် တုံတရားမဲ့တဲ့ လူရမ်းကား အပြု အမူပျဲဗ။ လူတခြို့က တခြို့ကိစ္စတွေကို တွက်ခကြ်ပြီး အရင်းနဲ့အမြတ်ပဲရွိတယ်လို့ တွေးလေ့ ဆုံးဖြတ်လေ့ရွိတယ်။ မွားလိမ့်မယ်။ မတရားမှုတိုင်းဟာ ကြီးမားတဲ့အရှုံးက ထောင့်ခြိုးကွယ်ကေန ဘွားကနဲ ပေါ်လာတာမြင်မွ နောင်တရရင်တော့ နွောင်းပြီ။ ဒီငလျင်က အာဆီယံအထိလှုပ်မွာ” လို့ ဦးမင်းကိုနိုင်က ဆိုပါတယ်။

အာဆီယံဥက္ကဋ္ဌ သစ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်အနေနဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ဖျက်သိမ်းသင့်ပြီး အနှစ်မပါတဲ့ဟန်ပြလုပ်ရပ်ကို မလုပ်သင့်ဘူးဆိုပြီး နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI) ဘက်က ဒီနေ့ ထုတ်ပြန်ပြောဆိုပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်အနေနဲ့ အကြမ်းဖက် လူသတ် စစ်ခေါင်းဆောင် မင်းအောင် လှိုင် အာဏာသိမ်းထားတဲ့ နေပြည်တော်ကို မနက်ဖြန် ဇန်နဝါရီလ ၇ ရက်နဲ့ ၈ ရက်အထိ ၂ ရက်ကြာ လာရောက်မှာ ဖြစ်ပါတယ်။