ၾကားသိသမွ်

ဒီတလော ကြင်စိုးတို့ လုပ်ပေါက်ကတော့

ဒီတလော ကြင်စိုးတို့ လုပ်ပေါက်ကတော့

ကိုယ်တွေတော့ တော်တော်ကြိုက်တယ်

လာမယ့်ပြည်ထောင်စုနေ့မှာ သမ္မတကို

လက်နက်ကိုင်တပ်ပေါင်းစုနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ

ချီတက်အလေးပြုတဲ့ ဗိုလ်ရှူ့ခံသဘင်ကို

နေပြည်တော်မှာ ကျင်းပဖို့ လုပ်နေတယ်တဲ့

ဒါမျိုးတွေဆို ကိုယ်တွေကတော့ မဆဲပါဘူး

ကြိုက်တယ် ပြည်ထောင်စုနေ့မှမဟုတ်ဘူး

တပ်မတော်နေ့မှာပါ လုပ်လို့ တိုက်တွန်းရမယ်

ဖြစ်နိုင်ရင် ဒီလိုအခမ်းအနားတွေ များများလုပ်ဖို့


တိုက်တွန်းရမယ် ဒါမယ့် ကြင်စိုးက အဲလောက်ထိ

သက်ဆိုးရှည်မှာတော့ မဟုတ်လောက်ပါဘူး

ထားတော့ ဒီလိုနိုင်ငံတော်အဆင့်အခမ်းအနားဆိုတာ

တအားကို စေ-ာက်လုပ်ရှုပ်ပြီးတော့ အကုန်အကျ

တအားများတာဖြစ်တဲ့အတွက် များများလုပ်ပါစေ

လက်နက်ကိုင်တပ်တွေလဲ စေ-ာက်လုပ်ရှုပ်သလို

ဌာနဆိုင်ရာဝန်ထမ်းတွေလဲ စိတ်ထဲကနေ တအားဆဲပြီး

လေ့ကျင့်ရတယ် ပင်ပန်းရတယ် လုံခြုံရေးအတွက်

လူအားတအားသုံးရတယ် ငွေကုန်ကြေးကျလဲများတယ်

လေ့ကျင့်စရိတ် လုံခြုံရေးစရိတ် ဗိုလ်ရှူ့ခံစင်မြင့်စရိတ်

အခမ်းအနားစရိတ် အစားအသောက်စရိတ် သွားလာ

ကုန်ကျမူစရိတ် တွေးကြည့်ရင် ဒီထက်မကကုန်တာတွေ

အများကြီးမှအများကြီးကုန်တယ် လူတွေလဲပင်ပန်းတယ်


ဘာမဟုတ်တဲ့အခမ်းအနားအတွက် ရက်ရှည်ပေးရတဲ့

အချိန်တွေ ကုန်ကျမူတွေနဲ့ ပြန်ရတာ ဆဲဆိုခံရတာပဲရှိတာ

ဒီလိုအခမ်းအနားမျိုး များများလုပ်လေ သူ့အောက်က

တပ်တွေ ဌာနဆိုင်ရာဝန်ထမ်းတွေ စိတ်ထဲ ကျိန်ဆဲလေ

ဖြစ်နိုင်ရင် ချချဆိုပြီးတော့ မြောက်ပေးချင်တာလေ

လွတ်လပ်ရေးရပြီးနောက် သမ္မတစဝ်ရွှေသိုက် ၊

သမ္မတ ဒေါက်တာဘဦး ၊ သမ္မတ မန်းဝင်မောင်တို

လက်ထက်အထိကျင်းပခဲ့တာရှိပါတယ်။ နေဝင်းစစ်တပ်က အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ်နောက်ပိုင်း မှာ ဗိုလ်ရှုခံ

သဘင်ကို ကျင်းပတာမရှိတော့ဘူးလို့ သိရတယ်

ဦးသိန်းစိန်အစိုးရလက်ထက် ဆင်းခါနီးနှစ်မှာ ၂၀၁၅ မှာ

ပြန်လုပ်တယ် ဗိုလ်ရှူ့ခံစင်မြင့်အတွက် ကျပ်ငွေဘီလျံ

၆၀ ကျော် ကုန်ကျခဲ့လို့ တော်တော်ပွဲဆူခဲ့သေးတယ်

ဘီလျံ ၆၀ ဆိုတာ ကျပ် သန်းပေါင်း ၆ သောင်းဖြစ်တယ်

ဒါတောင် အထွေထွေကုန်ကျစရိတ် မပါသေးဘူး


အဲဒီတော့ ဒီလိုမျိုး စစ်တပ်က ရှေ့တန်းက အထိနာချိန်

သူ့စစ်တပ်က စစ်ပန်းနေချိန် သူ့အောက်ဘောမတွေ

စစ်လော်ဘီတွေကိုယ်တိုင် စစ်ကောင်စီ ဝေဖန်နေချိန်မှာ

ဒီလောက်ထိ လူအား ငွေအား အကုန်ခံ အချိန်ပေးပြီး

ဒီလိုအခမ်းအနားမျိုးကို လုပ်မယ်ဆိုလို့ကတော့ မတားကြပါနဲ့

ချချဆိုပြီးတော့ မြှောက်ပေးကြပါလို့ တိုက်တွန်းရမှာလေ

ကြင်စိုးတို့ကတော့ ဘဝမှာ တခါလောက် အမြှင့်ဆုံးရာထူးရတုန်းလေး မလုပ်ဖူးတာတွေ အကုန်လုပ်သွားမယ့်ပုံပဲ

ချချ ကြင်စိုးရေ အားပေးနေတယ်နော့် အခမ်းအနားကို

အကြီးကျယ်ဆုံးဖြစ်အောင်လုပ်ပါလို့ တိုက်တွန်းပါတယ်နော့်

@@
NOC

credit