ၾကားသိသမွ်

အကြမ်းဖက်အားပေးသူမဖြစ်ဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ကို NUGဝန်ကြီးသတိပေး

အကြမ်းဖက်အားပေးသူမဖြစ်ဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ကို NUGဝန်ကြီးသတိပေး

ကုလသမဂ္ဂနဲ့ နိုင်ငံတကာခုံရုံးတွေမှာ ရာဇဝတ်သားအဖြစ် စိစစ်မှာခံယူရမယ့်စစ်အုပ်စုကို အသိအမှတ်ပြု ဖို့ကြိုးစားပါက လူသားမျိုးနွယ်

တစ်ရပ်လုံးက အကြမ်းဖက်အားပေးသူအဖြစ် ရှုံ့ချခြင်းခံရလိမ့်မယ်လို့ NUG အစိုးရဝန်ကြီးဒေါက်တာဝင်းမြတ်အေးကသတိပေးလိုက်ပါ

တယ်။

ဇန်နဝါရီ၇ရက်နေ့ စတင်တော့မယ့်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ တစ်ရက်အလိုမှာ အမျိုးသား

ညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ

ဝင်းမြတ်အေးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ် ကနေတစ်ဆင့် အဲဒီလို သတိပေးလိုက်တာပါ။


မြန်မာစစ်အုပ်စုဟာကုလသမဂ္ဂနဲ့ နိုင်ငံတကာ ခုံရုံးတွေမှာလူသားချင်းစာနာမှုကင်းမဲ့တဲ့ စစ်ရာဇဝတ်မှုများစွာကျူးလွန်ထားတဲ့

ရာဇဝတ်သားအဖြစ် စိစစ်မှုခံယူရမယ့် အကြမ်းဖက်အဖွဲ့အစည်း တစ်ခုဖြစ်တယ်လို့ သူကပြောပါတယ်။

ဒီနေ့ခေတ် လူ့အသိုင်းအဝန်းဟာ မတရားမှုကျူးလွန်သူကိုသာမက မတရားမှုကိုအားပေးအားမြှောက်ပြုလုပ်သူတို့ကိုလည်း လက်မခံကြ

တော့ဘူးလို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံ အရပ်ဘက်လူမှုအဖွဲ့တွေရဲ့ဇန်နဝါရီလ (၄) ရက်နေ့မှာ ပူးတွဲထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ဟာလူအခွင့်

အရေးကို ချိုးဖောက်သူ၊ လူသားမဆန်တဲ့ရာဇဝတ်မှုတွေကို ကျူးလွန်သူ အာဏာရှင်တို့ပြန်လည်ခံစားရမယ့် ပြစ်ဒဏ်တွေကိုသုံးသပ်ဖို့

အတွက် သတိပေးချက်လည်းဖြစ်ကြောင်း

အလှည့်ကျရရှိထားတဲ့အာဆီယံအခွင့်အာဏာကိုအသုံးချပြီးမြန်မာစစ်အုပ်စုကို အသိအမှတ်ပြုမှုပေးဖို့အတွက် ကမ္ဘောဒီးယား ဝန်ကြီးချုပ်

ဟွန်ဆန်ရဲ့ကြိုးပမ်းမှုကို ကမ္ဘောဒီးယား ပြည်သူတွေက ရှုံ့ချကြောင်းနဲ့ ဒီလုပ်ရပ်ဟာ ကမ္ဘောဒီးယားနိုင်ငံကိုကိုယ်စားမပြုကြောင်း

သတိပေးကြေညာလိုက်ခြင်းလည်းဖြစ်တယ်လို့ ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။


လူ့အသိုင်းအဝန်းက လက်သင့်မခံတဲ့ အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်သာမက ကမ္ဘာပေါ်မှာပါ ရာသက်ပန်ပျောက်ပျက်သွားစေဖို့ဒေသ

တွင်းနဲ့ နိုင်ငံတကာ မိတ်ဆွေတွေအနေနဲ့ မြန်မာပြည်သူတို့နဲ့အတူဆက်လက်ရပ်တည်ပေးကြဖို့လည်း သူကတိုက်တွန်းထားပါတယ်။

အၾကမ္းဖက္အားေပးသူမျဖစ္ဖို႔ ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ကို NUGဝန္ႀကီးသတိေပး

ကုလသမဂၢနဲ႔ နိုင္ငံတကာခုံ႐ုံးေတြမွာ ရာဇဝတ္သားအျဖစ္ စိစစ္မွာခံယူရမယ့္စစ္အုပ္စုကို အသိအမွတ္ျပဳ ဖို႔ႀကိဳးစားပါက လူသားမ်ိဳးႏြယ္တစ္ရ

ပ္လုံးက အၾကမ္းဖက္အားေပးသူအျဖစ္ ရႈံ႔ခ်ျခင္းခံရလိမ့္မယ္လို႔ NUG အစိုးရဝန္ႀကီးေဒါက္တာဝင္းျမတ္ေအးကသတိေပးလိုက္ပါတယ္။

ဇန္နဝါရီ၇ရက္ေန႔ စတင္ေတာ့မယ့္ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္ရဲ့ ျမန္မာနိုင္ငံခရီးစဥ္မတိုင္မီ တစ္ရက္အလိုမွာ အမ်ိဳးသားညီညြတ္ေရးအစိုးရ၊ လူသားခ်င္းစာနာေထာက္ထားေရးနဲ႔ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာေပၚ ကေနတစ္ဆင့္ အဲဒီလို သတိေပးလိုက္တာပါ။

ျမန္မာစစ္အုပ္စုဟာကုလသမဂၢနဲ႔ နိုင္ငံတကာ ခုံ႐ုံးေတြမွာလူသားခ်င္းစာနာမႈကင္းမဲ့တဲ့ စစ္ရာဇဝတ္မႈမ်ားစြာက်ဴးလြန္ထားတဲ့ ရာဇဝတ္သားအျဖစ္ စိစစ္မႈခံယူရမယ့္ အၾကမ္းဖက္အဖြဲ႕အစည္း တစ္ခုျဖစ္တယ္လို႔ သူကေျပာပါတယ္။

ဒီေန႔ေခတ္ လူ႔အသိုင္းအဝန္းဟာ မတရားမႈက်ဴးလြန္သူကိုသာမက မတရားမႈကိုအားေပးအားေျမႇာက္ျပဳလုပ္သူတို႔ကိုလည္း လက္မခံၾကေတာ့ဘူးလို႔ ေဒါက္တာဝင္းျမတ္ေအးက ေျပာပါတယ္။

ျမန္မာနိုင္ငံနဲ႔ကေမၻာဒီးယားနိုင္ငံ အရပ္ဘက္လူမႈအဖြဲ႕ေတြရဲ့ဇန္နဝါရီလ (၄) ရက္ေန႔မွာ ပူးတြဲထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္ဟာလူအခြင့္အေရးကို ခ်ိဳးေဖာက္သူ၊ လူသားမဆန္တဲ့ရာဇဝတ္မႈေတြကို က်ဴးလြန္သူ အာဏာရွင္တို႔ျပန္လည္ခံစားရမယ့္ ျပစ္ဒဏ္ေတြကိုသုံးသပ္ဖို႔အတြက္ သတိေပးခ်က္လည္းျဖစ္ေၾကာင္း

အလွည့္က်ရရွိထားတဲ့အာဆီယံအခြင့္အာဏာကိုအသုံးခ်ၿပီးျမန္မာစစ္အုပ္စုကို အသိအမွတ္ျပဳမႈေပးဖို႔အတြက္ ကေမၻာဒီးယား ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ရဲ့ႀကိဳးပမ္းမႈကို ကေမၻာဒီးယား ျပည္သူေတြက ရႈံ႔ခ်ေၾကာင္းနဲ႔ ဒီလုပ္ရပ္ဟာ ကေမၻာဒီးယားနိုင္ငံကိုကိုယ္စားမျပဳေၾကာင္း သတိေပးေၾကညာလိုက္ျခင္းလည္းျဖစ္တယ္လို႔ ေဒါက္တာဝင္းျမတ္ေအးကေျပာပါတယ္။

လူ႔အသိုင္းအဝန္းက လက္သင့္မခံတဲ့ အာဏာရွင္စနစ္ကို ျမန္မာ့ေျမေပၚသာမက ကမၻာေပၚမွာပါ ရာသက္ပန္ေပ်ာက္ပ်က္သြားေစဖို႔ေဒသတြင္းနဲ႔ နိုင္ငံတကာ မိတ္ေဆြေတြအေနနဲ႔ ျမန္မာျပည္သူတို႔နဲ႔အတူဆက္လက္ရပ္တည္ေပးၾကဖို႔လည္း သူကတိုက္တြန္းထားပါတယ္။