ၾကားသိသမွ်

သမ္မတကို ချီတက်အလေးပြုတဲ့ ဗိုလ်ရှုခံသဘင် ကို ပြည်ထောင်စုနေ့မှာ စစ်ကောင်စီ ခေါင်းဆောင်ကျင်းပဖို့စီစဉ်

သမ္မတကို ချီတက်အလေးပြုတဲ့ ဗိုလ်ရှုခံသဘင် ကို ပြည်ထောင်စုနေ့မှာ စစ်ကောင်စီ ခေါင်းဆောင်ကျင်းပဖို့စီစဉ်

– People’s Spring

သမ္မတကို လက်နက်ကိုင်တပ်ပေါင်းစုနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေချီတက်အလေးပြုတဲ့ ဗိုလ်ရှုခံသဘင်အခမ်းအနားကို လာမယ့်

ပြည်ထောင်စုနေ့မှာ ကျင်းပဖို့ စစ်ကောင်စီခေါင်းဆောင်က စီစဉ်နေပါတယ်။

နေပြည်တော်က ဗိုလ်ရှုခံရင်ပြင်မှာ ကျင်းပမယ်လို့ သိရပါတယ်။

ဗိုလ်ရှုခံသဘင်ကို လွတ်လပ်ရေးရပြီးနောက် သမ္မတစဝ်ရွှေသိုက် ၊ သမ္မတ ဒေါက်တာဘဦး ၊ သမ္မတ မန်းဝင်မောင်တို့လက်ထက်အထိ

ကျင်းပခဲ့တာရှိပါတယ်။

ဒါပေမယ့် စစ်တပ်က အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ်နောက်ပိုင်း မှာ ဗိုလ်ရှုခံသဘင်ကို ကျင်းပတာမရှိပါဘူး။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်နောက်ဆုံးကာလ ရောက်တဲ့အခါ ၂၀၁၅ ခုနှစ် လွတ်လပ်ရေးနေ့ နဲ့အတူ ဗိုလ်ရှုခံသဘင်ကို နှစ်ပေါင်း

၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး သမ္မတကို စစ်တပ်နဲ့ ဌာဆိုင်ရာဝန်ထမ်းတွေက ချီတက်အလေးပြုခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီအချိန်က နေပြည်တော်မှာ ဗိုလ်ရှုခံစင်မြင့်အတွက် ကုန်ကျစရိတ်အမြောက်အများကျခံကာ တည်ဆောက်တဲ့အပြင် တင်ဒါ

ခေါ်ယူတာမရှိဘဲ ဆောက်လုပ်ရေးကုမ္ပဏီကို လက်သိပ်ထိုး အပ်လိုက်တဲ့လုပ်ရပ်တွေကို လွတ်တော်မှာ ကျယ်ကျယ်လောင်လောင်ထောက်

ပြဝေဖန်ခဲ့တာတွေရှိခဲ့ပါတယ်။


အဲဒီဗိုလ်ရှုခံစင်မြင့်ကို ကျပ်ဘီလီယံ ၆၀ ကျော်အကုန်အကျခံပြီး တည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ − AFP

သမၼတကို ခ်ီတက္အေလးျပဳတဲ့ ဗိုလ္ရႈခံသဘင္ ကို ျပည္ေထာင္စုေန႔မွာ စစ္ေကာင္စီ ေခါင္းေဆာင္က်င္းပဖို႔စီစဥ္

– People’s Spring

သမၼတကို လက္နက္ကိုင္တပ္ေပါင္းစုနဲ႔ဌာနဆိုင္ရာဝန္ထမ္းေတြခ်ီတက္အေလးျပဳတဲ့ ဗိုလ္ရႈခံသဘင္အခမ္းအနားကို လာမယ့္ျပည္ေထာင္စုေန႔မွာ က်င္းပဖို႔ စစ္ေကာင္စီေခါင္းေဆာင္က စီစဥ္ေနပါတယ္။

ေနျပည္ေတာ္က ဗိုလ္ရႈခံရင္ျပင္မွာ က်င္းပမယ္လို႔ သိရပါတယ္။

ဗိုလ္ရႈခံသဘင္ကို လြတ္လပ္ေရးရၿပီးေနာက္ သမၼတစဝ္ေရႊသိုက္ ၊ သမၼတ ေဒါက္တာဘဦး ၊ သမၼတ မန္းဝင္ေမာင္တို႔လက္ထက္အထိက်င္းပခဲ့တာရွိပါတယ္။

ဒါေပမယ့္ စစ္တပ္က အာဏာသိမ္းတဲ့ ၁၉၆၂ ခုႏွစ္ေနာက္ပိုင္း မွာ ဗိုလ္ရႈခံသဘင္ကို က်င္းပတာမရွိပါဘူး။

သမၼတဦးသိန္းစိန္ အစိုးရလက္ထက္ေနာက္ဆုံးကာလ ေရာက္တဲ့အခါ ၂၀၁၅ ခုႏွစ္ လြတ္လပ္ေရးေန႔ နဲ႔အတူ ဗိုလ္ရႈခံသဘင္ကို ႏွစ္ေပါင္း ၅၀ ေက်ာ္အတြင္း ပထမဆုံးအႀကိမ္ က်င္းပခဲ့ၿပီး သမၼတကို စစ္တပ္နဲ႔ ဌာဆိုင္ရာဝန္ထမ္းေတြက ခ်ီတက္အေလးျပဳခဲ့ၾကပါတယ္။

ဒါေပမယ့္ အဲဒီအခ်ိန္က ေနျပည္ေတာ္မွာ ဗိုလ္ရႈခံစင္ျမင့္အတြက္ ကုန္က်စရိတ္အေျမာက္အမ်ားက်ခံကာ တည္ေဆာက္တဲ့အျပင္ တင္ဒါေခၚယူတာမရွိဘဲ ေဆာက္လုပ္ေရးကုမၸဏီကို လက္သိပ္ထိုး အပ္လိုက္တဲ့လုပ္ရပ္ေတြကို လြတ္ေတာ္မွာ က်ယ္က်ယ္ေလာင္ေလာင္ေထာက္ျပေဝဖန္ခဲ့တာေတြရွိခဲ့ပါတယ္။

အဲဒီဗိုလ္ရႈခံစင္ျမင့္ကို က်ပ္ဘီလီယံ ၆၀ ေက်ာ္အကုန္အက်ခံၿပီး တည္ေဆာက္ထားခဲ့တာျဖစ္ပါတယ္။

ဓာတ္ပုံ − AFP