ၾကားသိသမွ်

စစ်ကောင်စီက အောက်ခြေတပ်ဖွဲ့ဝင်များကို တပ်မှထွက်ပြေးပါက သေဒဏ်အထိ ပြစ်ဒဏ်ပေးခံရမည်ဟု ခြိမ်းခြောက်ပြောဆိုထား

စစ်ကောင်စီက ၄င်းတို့၏အောက်ခြေတပ်ဖွဲ့ဝင်များကို တပ်မှထွက်ပြေးပါက သေဒဏ်အထိ ပြစ်ဒဏ်ပေးခံရမည်ဟု ခြိမ်းခြောက်ပြောဆို

ထား

ဟိန်းစံ/ဧရာဝတီတိုင်းမ်

ဇန်နဝါရီ ၅ ရက်

စစ်ကောင်စီတပ်က ၄င်းတို့လက်အောက်ရှိတပ်ဖွဲ့ဝင်များကို စစ်အာဏာသိမ်းထားသည့်ကာလအတွင်း တပ်မှထွက်ပြေးပါကသေဒဏ်အထိ ပြစ်ဒဏ်ပေးခံရနိုင်သည်ဟု၄င်းတို့တပ်တွင်းရှိ အောက်ခြေတပ်သားများကို ခြိမ်း ခြောက်ပြောဆိုထားကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရသည်။

စစ်ကောင်စီတပ်တွင်းတွင် ယခုကာလသည် စစ် အာဏာ သိမ်းထားသည့် အရေးပေါ်အခြေအနေ ကာလဖြစ်၍ တပ်စခန်းကိုစွန့်ခွာပါက ၄င်းတို့အားဆန့်ကျင်သည့် CDM တွင်တရားဝင်ပါဝင်သည်ဖြစ်စေ၊မပါဝင်သည်ဖြစ်စေ ပြန်လည်ဖမ်း ဆီးခံရပါက သေဒဏ်အထိကြီးလေးသည့်ပြစ်ဒဏ်များချမှတ်ခံရမည်ဟု စစ်ကောင်စီတပ်အကြီးတန်းအရာရှိများက ခြိမ်းခြောက်ပြောဆိုထားပြီးမိသားစုပါ ဖမ်းဆီးခံရမည်ဟု ပြောဆိုထားကြောင်း သိရသည်။

” ကျွန်မသားလေးကဖုန်းဆက်လာတယ်။ သူဆက်မလုပ်ချင်တော့ဘူးတဲ့။ ဒါပေမယ့်ခုချိန်တပ်ထဲကနေထွက်ရင် အရင်ကထက်အပြစ် ပိုခံရမယ်လို့ပြောထားတယ်တဲ့ ။ အကြောင်းတခုခုကြောင့်ပြန်မိလို့ ခုကာလမှာပြေးတာဆိုရင် သေ ဒဏ်အထိကျနိုင်တယ်လို့သူတို့ကိုပြောထားတယ် ။

မိသားစုလည်းပြသနာတက်မယ်လို့ပြောတယ် ။” ဟု မကွေးတိုင်း အခြေစိုက်တပ်ရင်းတခုမှ စစ်ကောင်စီတပ်သားတဦး၏ မိခင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်သားများ တပ်ရင်းစခန်းများမှ ခွင့်မဲ့ပျက်ကွက်ဖြင့်ထွက်ပြေးသူ မရှိစေရေး စစ်ကောင်စီက ၄င်းတို့၏ လက်အောက်ရှိ အရာရှိများအား အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

” ဒီခွင့်မဲ့တပ်ပြေးပြစ်ဒဏ်ကိုတရားဝင်စာထွက်ပြီး ပြစ် ဒဏ်တိုးမြှင့်တာမျိုးတော့မဟုတ်ဘူး။ ခွင့်မဲ့တပ်ပြေးလျော့နည်းစေရေးကိုတော့အထူးအလေးထားဆောင် ရွက်ဖို့ညွှန်ကြားထားတာတော့ ရှိတယ်။ အောက်ခြေကတပ်မှူးတွေက သူတို့လူတွေ ထွက်ပြေးမှာစိုးလို့ ခြိမ်း ခြောက်ထားတာ ဖြစ်နိုင်တယ်။” ဟု နေပြည်တော်စစ်ရုံးက တပ်ကြပ်ကြီးတဦးက ပြောသည်။

ယခင်ကာလများတွင် စစ်တပ်မှ လက်နက်မဲ့ခွင့်မဲ့ပျက် ကွက်ဖြင့်ထွက်ပြေးပြီး ပြန်လည်ဖမ်းဆီးခံရပါက နယ် ဘက်ထောင်ဒဏ် ၃ နှစ်မှ ၅နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရခြင်းသာရှိကြောင်း သိရသည်။

” CDM ကတော့ သူကနိုင်ငံရေးခံယူချက်နဲ့ သူတို့လက် အောက်မှာမလုပ်ချင်လို့ ပြည်သူနဲ့ပူးပေါင်းတာဖြစ်တယ်။ CDM တရားဝင်လုပ်ဖို့အတွက်ဆို အဖွဲ့အစည်းတွေဆီမှာ ခိုလှုံရတာရှိမယ်။ မီဒီယာတွေနဲ့ပြောဆိုရတာရှိမယ်။ဒီလိုမျိုးမလုပ်ချင်ဘူး ။

CDM မဟုတ်ဘဲသူ့ဘာသာစစ်တပ်မှာဆက်မလုပ်ချင်လို့ဘဲဖြစ်ဖြစ်။ တခြားပြသနာကြောင့် ပြေးချင်တဲ့သူတွေရှိတယ်။ အရင်လည်းပြေးနေတာဘဲဒီလိုဘဲ အရာရှိရော ၊အခြားအဆင့်ရော။ခုကာလကတော့ သူတို့ကတပ်တခုလုံးကို Alert (တပ်လှန့်သတိပေးခြင်း) လုပ်ထားပြီး တန်းပြည့်စစ်မှုထမ်းချိန်ဆိုပြီး ကြေငြာထားမှာပေါ့။

တန်းပြည့်စစ်မှုထမ်းချိန်မှာ တပ်စခန်းစွန့်ခွာရင် ပြစ် ဒဏ်ကတော့ပိုကြီးနိုင်တယ်။ ဒါနဲ့ပြန်ချုပ်ထားတာပေါ့။ လက်နက်ပါရင်တော့ပိုဆိုးတာပေါ့။ လွတ်သွားရင် ပြသနာမရှိဘူးဆိုပေမဲ့ ပြန်ဖမ်းခံရရင်တော့ အရင်အတိုင်း ထောင် ၃ နှစ်၊ ၅ နှစ်နဲ့မရတော့ဘူး။

ထောင်ဒဏ်ဆိုလည်းနှစ်ပိုများမယ်။ လက်နက်ပါရင် သေဒဏ်ထိပေးခံရနိုင်တယ် ဆိုတာမျိုးပြောဆိုထားတာမျိုးရှိမယ်။ ” ဟု တပ်မတော်သား အရာရှိဟောင်းတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် မြန်မာ နိုင်ငံတဝန်း ကချင်၊စစ်ကိုင်း၊ချင်း၊ရှမ်း(မြောက်)၊ မန္တလေး၊ ရှမ်း (တောင်)၊ကယား၊မကွေး၊ ရန်ကုန်၊ကရင်၊မွန်၊ပဲခူး၊ဧရာ ဝတီ၊တနင်္သါရီ၊စသည့်ဒေသများတွင် တိုင်းရင်းသားတပ်မတော်များ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တော်လှန်တိုက်ခိုက်ခြင်းအမျိုးမျိုးနှင့်ကြုံတွေ့နေရသည်။

အဆိုပါ ခုခံစစ်များအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုနှင့် CDM ပါဝင်မှုများပြားလာ သဖြင့် ၄င်းတို့ ၏လက်အောက်ရှိ တပ်ဖွဲ့ဝင်များ CDMတွင်မပါဝင်ရေး၊တပ်မှထွက်မပြေးစေရေးအတွက် စစ်ခေါင်းဆောင် ကိုယ်တိုင်မှစ၍ ၄င်းတို့စစ်ကောင်စီအကြီးတန်း အရာရှိကြီးများသည် အောက်ခြေထိဆင်း၍ တလှည့်စီ လိုက်လံစည်း ရုံးနေသည်ဟုဆိုသော်လည်း တဖက်တွင် ၄င်းတို့ ၏လက်အောက်အရာရှိများက ယင်းကဲ့သို့ခြိမ်းခြောက်ထားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ယင်းကဲ့သို့ ခြိမ်း ခြောက်မှုများရှိနေသော်လည်း တပ်စခန်းများမှထွက် ပြေးသူအများအပြားရှိနေပြီး တော် လှန်ရေးတပ်ဖွဲ့ဝင်များထံ အလင်းဝင်သူအများအပြားရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်ဝန်းကျင်ကလည်း စစ်ကောင်စီ၏ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာန ချုပ်လက် အောက်ခံ၊ တနင်္သါရီတိုင်း၊ ကော့သောင်းမြို့၊ ခမောက်ကြီးအခြေစိုက် စကခ-၂၀ လက်အောက်ရှိ တပ်ရင်းများမှ စစ်ကောင်စီတပ် ဖွဲ့ဝင် ၂၀ ဦး ကရင်ပြည်နယ်စစ်ဆင်ရေးသို့မလိုက်လိုသဖြင့် ၄င်းတို့၏တပ်ရင်းများမှ ခွင့်မဲ့ ပျက် ကွက်ပြုလုပ်၍ထွက်ပြေးနေကြောင်း သိရသည်။