ၾကားသိသမွ်

” မမီသည့်ပန်းကို ခုံခု လှမ်းခဲ့သူ၏ ဖြတ်သန်းခဲ့သည့် ဘဝသမိုင်းကြောင်း “

” မမီသည့်ပန်းကို ခုံခု လှမ်းခဲ့သူ၏ ဖြတ်သန်းခဲ့သည့် ဘဝသမိုင်းကြောင်း “

မင်းအောင်လှိုင်သည် ခရစ်နှစ် ၁၉၅၅ – ခုနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ မွေးခဲ့သူဖြစ်။

ဖခင်အမည် ဦးသောင်းလှိုင်ဖြစ်ပြီး ဌာနဆိုင်ရာ အင်ဂျင်နီယာတစ်ဦးဖြစ်။ (မိခင်အမည်မပေါ် 😛 )

ဇနီး – ဒေါ်ကြူကြူလှ။ သားသမီး – အောင်ပြည့်စုံ၊ ခင်သီရိသက်မွန်။


ရန်ကုန်တက္ကသိုလ် ဥပဒေပညာ၌ ၁၉၇၃ – ၇၄ ခုနှစ်တွင် တက်ရောက်သင်ကြားရင်း ၁၉၇၄ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်း

သင်တန်း အပတ်စဉ် (၁၉) ဝင်ခွင့်ရရှိခဲ့ရာ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်သို့ တက်ရောက်။ (တပ်မတော်ပျက်စီးစေမယ့်ခြေလှမ်းအစ)

၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နအဖအစိုးရမှ ဦးသိန်းစိန်အစိုးရအသစ်ထံ အာဏာလွှဲပြောင်းပေးအပ်ချိန်တွင် တပ်မတော်

ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာ။ (လူမွေးမှားခဲ့လေခြင်းဆိုပြီး သန်းရွှေရင်ထုရစေမယ့်၊ ရင်တုန်နေရစေမယ့် ခြေလှမ်းအစ)

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်များအတွက် အဓိက တာဝန်ရှိသူလည်းဖြစ်။

မင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မဖြစ်မီက ကာကွယ်ရေးဝန်ကြီးဌာန၏ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)

ဖြစ်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာချိန်တွင် ဗိုလ်ချုပ်ကြီးအဆင့်သာ ရှိသေး။ ဒုချုပ်စိုးဝင်းသည်လည်း ဗိုလ်ချုပ်အဆင့်သာရှိသေး။

၎င်းတို့ကို ခန့်အပ်ကြောင်းကို တရားဝင် လူသိရှင်ကြား ကြေညာခဲ့ခြင်းမရှိဘဲ ၂၀၁၁ ခုနှစ် မတ်လ ၃၀ရက်နေ့ လွှတ်တော် အစည်းအဝေး

ကျင်းပမှသာ တရားဝင် သိရှိခဲ့ကြရ။

မင်းအောင်လှိုင် အသက်(၆၀)ပြည့်ရန် နီးကပ်လာချိန် ၂၀၁၄ ခုနှစ်တွင် ကကနကောင်စီ ညွှန်ကြားလွှာ ၄/၂၀၁၄ အရ တပ်မတော်

ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယကာကွယ်ရေးဦးစီးချုပ်တို့၏ တာဝန်ထမ်းဆောင်နိုင်သော အသက်ကို ၆၅ နှစ်အထိ တိုးမြှင့်လိုက်။

(အာဏာသိမ်းပြီးနောက် သက်တမ်းကို အကန့်အသတ်မရှိ ထမ်းဆောင် ခွင့်ရရန် ထပ်မံပြင်ဆင်။)

၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကာကွယ်ရေးဦးစီးချုပ်သည် ညွှန်ကြားရေးမှူးချုပ်အဆင့်သာ

ဖြစ်ကြောင်းပြောကြားခဲ့။

နိုင်ငံတော်အစိုးရမှ ထုတ်ပြန်သည့် ပြည်ထောင်စုအင်္ဂါစဉ်အရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အဆင့် (၈)ဖြစ်ကာ ပြည်ထောင်စု

အဆင့် တာဝန်ထမ်းဆောင်နေသူဟု တပ်ဘက်က ပြန်လည်ထုတ်ပြန်ခဲ့။

၂၀၂၀ ရွေးကောက်ပွဲမစမီတွင် ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီ (၃၄)ခုတို့ တွေ့ဆုံခဲ့။ ပါတီတချို့က အာဏာသိမ်းရန် စကားရိပ်ဆို

ခဲ့။ ထိုတွေ့ဆုံပွဲတွင် မင်းအောင်လှိုင်မှ မလုပ်ရဲတာ ဘာမှမရှိဘူး ဆိုသော စကားပြောခဲ့ကြောင်း သတင်းထွက်လာ။

၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီတွင် ရွှေဘိုသို့သွား၍ အောင်မြေနင်းခြင်း၊ ပုဂံရှိ ထီးလိုမင်းလိုဘုရား ထီးတင်ခြင်း စသည့် ယတြာများကို မရိုး

သားသော အကြံအစည်ဖြင့်လုပ်ဆောင်ခဲ့။


၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိများနှင့် သင်တန်းသားများကို မင်းအောင်လှိုင်

တွေ့ဆုံရာတွင် ဥပဒေကို မလိုက်နာပါက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်ပစ်နိုင်ကြောင်း ပြောခဲ့။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသည်လည်း တပ်မတော်၏ သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်အနေဖြင့် အာဏာမသိမ်းဘူး ဟု မှတ်ယူ၍ မရ

ကြောင်းဆိုသည့်စကားကို ထည့်သွင်းဖြေကြားခဲ့။

ထိုကာလအတွင်း မြို့ကြီးအချို့၌ သံချပ်ကာယာဉ်များ လှည့်လည်သွားလာမှုများ ပေါ်ပေါက်ခဲ့။

မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်၍ စစ်အာဏာသိမ်း ခေါင်းဆောင် တစ်ဦးဖြစ်လာခဲ့။

မင်းအောင်လှိုင် ထမ်းဆောင်ခဲ့သော တာဝန်များ

၁၉၉၈ – အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ် – ဒုတိယဗိုလ်မှူးကြီး-စစ်ဦးစီးအရာရှိ (ပထမတန်း)

၁၉၉၉ – အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ် – ဗိုလ်မှူးကြီး – နည်းဗျူဟာမှူး

၂၀၀၂ – အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ် – ဗိုလ်မှူးချုပ် – တပ်မမှူး

၂၀၀၃ ဩဂုတ် – စစ်တက္ကသိုလ် ဗိုလ်မှူးချုပ် – ကျောင်းအုပ်ကြီး

၂၀၀၄ နိုဝင်ဘာ – အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် – ဗိုလ်ချုပ် – တိုင်းမှူး

၂၀၀၆ – တြိဂံဒေသတိုင်းစစ်ဌာနချုပ် – ဗိုလ်ချုပ် – တိုင်းမှူး

၂၀၀၇ – ကာကွယ်ရေးဝန်ကြီးဌာန – ဗိုလ်ချုပ် – အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး

၂၀၀၈ – ကာကွယ်ရေးဝန်ကြီးဌာန – ဒုတိယဗိုလ်ချုပ်ကြီး – အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး

၂၀၁၀ ဩဂုတ် – ကာကွယ်ရေးဝန်ကြီးဌာန – ဒုတိယဗိုလ်ချုပ်ကြီး – ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း/ ရေ/ လေ)

၂၀၁၁ မတ် – ဗိုလ်ချူပ်ကြီး – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

၂၀၁၂ ဧပြီ ၃ – ဒုတိယဗိုလ်ချုပ်မှူးကြီး – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

၂၀၁၃ မတ် – ဗိုလ်ချုပ်မှူးကြီး – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

Ref : wiki ၊ သတင်းများ၊ မှတ်စုများ