ၾကားသိသမွ်

မင်းအောင်လှိုင်နဲ့စစ်ခေါင်းဆောင်တွေ ကြောက်လန့်တကြား ယတြာချေနေ

မင်းအောင်လှိုင်နဲ့စစ်ခေါင်းဆောင်တွေ ကြောက်လန့်တကြား ယတြာချေနေ

၂၀၂၂ခုနှစ်အတွက် အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ပထမဆုံးအလေးအနက်ထား လုပ် ဆောင်မှုဟာ သူ့အာဏာတည်မြဲရေးအတွက် ယတြာချေိနေခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ် ကပြောပါ တယ်။

မင်းအောင်လှိုင်ဟာ၂၀၂၂ခုနှစ်အတွင်း ဘက်ပေါင်းစုံကနေ ကျဆုံးဖို့ရှိတယ်လို့ ဗေဒင်ဆရာ၊ နက္ခတ်ဗေဒဆရာတွေနဲ့ မဟာသင်္ကြန်စာတွေက တညီတညွတ်တည်း ဟောကိန်းထုတ်ခဲ့တာတွေ ၂၀၂၁ခုနှစ် ကုန်ခါနီးနဲ့ ၂၀၂၂နှစ်အစမှာ ထွက်ပေါ်လာပြီးနောက် မင်းအောင်လှိုင်နဲ့အာဏာသိမ်းခေါင်းဆောင် တွေကြား ယတြာချေဖို့ကိစ္စကို နံပါတ်တစ်အရေးကြီးလုပ်ငန်းစဉ်အဖြစ် စိုင်းပြင်းနေတယ်လို့ ကြားရကြောင်း တပ်တွင်း သတင်းရင်းမြစ်ကဆိုပါတယ်။

                               Photo online

‘ဘယ်နေရာမှာ ဘယ်လိုယတြာတွေချေနေသလဲဆိုတာကို သေချာမသိပေမဲ့ အဲဒီယတြာချေဖို့ကိစ္စကို သူတို့ PSOတွေနဲ့ ကတော်ကြီးတွေကြားတော်တော်ယောက်ယက်ခတ်နေတာကိုတော့ ကြားနေရတယ်’လို့သူက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ သူတို့ရဲ့မိသားစု အားလုံးနီးပါးဟာ ဗေဒင်၊ဘိုးတော်နဲ့ ရှေ့ဖြစ်ဟောနိုင်တဲ့ဘုန်းကြီးတို့ ကို အထူးယုံကြည်ကြပြီး ယတြာဆိုတာကိုလည်း အရူးအမူးယုံကြည်ကြတဲ့အတွက် ယတြာချေခြင်းလုပ်ငန်း ဟာ အကြမ်းဖက်စစ်ခေါင်းဆောင်ကြား မဟာဗျူဟာမြောက်အရေးပါတဲ့လုပ်ငန်းဖြစ်တယ်လို့သိရပါတယ်။

                             Photo online

                      Phone online

‘အခုဒီနှစ်မှာ မင်းအောင်လှိုင်ပျက်ကိန်းမြင်တယ်ဆိုတဲ့ဟောကိန်းတွေဟာ စစ်တပ်ထဲမှာ ဟိုး…ထိပ်ဆုံးကနေ အောက်ခြေအထိပျံ့နှံ့နေတဲ့အတွက် ရိုက်ခတ်မှုကြီးတယ်။

မင်းအောင်လှိုင်ကိုနဂိုကတည်းက မယုံကြည် ကြတဲ့သူတွေကြား ပို မယုံကြည်မှုဖြစ်လာတာပဲ။ပြီးတော့ ကျွန်တော်တို့စစ်သားတွေဆိုတာက ဗေဒင်တွေဘာ တွေတော်တော်ယုံကြတာမို့ ကိုယ့်ဘာသာတွက်ချက်ကျွမ်းတာတွေရော ရာထူးကြီးရင်ကြီးသလို ကိုယ့် ဗေဒင် ဆရာ၊

ကိုယ့်ဘိုးတော်၊ကိုယ့်ဘုန်းကြီးပုံစံမျိုး ရှိကြတာဆိုတော့ အခုမင်းအောင်လှိုင်ပျက်ကိန်းဟောထားတာ တွေဟာ နိုင်ငံရေးအရ ဝါဒဖြန့်ချင်လို့ လျှောက်ပြောတာမဟုတ်ဘူး၊တကယ်အမှန်အကန်ဟောကိန်းဆိုတာ စစ်တပ်ထဲကလူတွေ ပိုသိကြတယ်’လို့ သူကဆက်ပြောပါတယ်။


အခုအခါ အကြမ်းဖက်တပ်တွင်းက အလယ် အလတ်အဆင့်ရာထူးရှိသူတွေတောင် သူတို့ရဲ့အနာဂတ်ကို ဗေဒင် မေးတွက်စစ်နေကြပြီလို့လည်း သိရပါတယ်။

မင်းအောင်လှိုင်ပျက်မယ်ဆိုတဲ့ဟောကိန်းဟာ ပြိုချင်ချင်ဖြစ်နေတဲ့ အကြမ်းဖက်တပ်ကို နောက်တစ်ကြိမ်ခပ်ကြမ်းကြမ်းဆွဲလှုပ်လိုက်တာလို့ သူကဆက်ပြောပါတယ်။ DNA

မင္းေအာင္လွိုင္နဲ႔စစ္ေခါင္းေဆာင္ေတြ ေၾကာက္လန႔္တၾကား ယၾတာေခ်ေန

၂၀၂၂ခုႏွစ္အတြက္ အၾကမ္းဖက္စစ္အုပ္စုေခါင္းေဆာင္မင္းေအာင္လွိုင္ရဲ့ ပထမဆုံးအေလးအနက္ထား လုပ္ ေဆာင္မႈဟာ သူ႔အာဏာတည္ျမဲေရးအတြက္ ယၾတာေခ်ိေနျခင္းျဖစ္ေၾကာင္း တပ္တြင္းသတင္းရင္းျမစ္ ကေျပာပါ တယ္။

မင္းေအာင္လွိုင္ဟာ၂၀၂၂ခုႏွစ္အတြင္း ဘက္ေပါင္းစုံကေန က်ဆုံးဖို႔ရွိတယ္လို႔ ေဗဒင္ဆရာ၊ နကၡတ္ေဗဒဆရာေတြနဲ႔ မဟာသၾကၤန္စာေတြက တညီတညြတ္တည္း ေဟာကိန္းထုတ္ခဲ့တာေတြ ၂၀၂၁ခုႏွစ္ ကုန္ခါနီးနဲ႔ ၂၀၂၂ႏွစ္အစမွာ ထြက္ေပၚလာၿပီးေနာက္ မင္းေအာင္လွိုင္နဲ႔အာဏာသိမ္းေခါင္းေဆာင္ ေတြၾကား ယၾတာေခ်ဖို႔ကိစၥကို နံပါတ္တစ္အေရးႀကီးလုပ္ငန္းစဥ္အျဖစ္ စိုင္းျပင္းေနတယ္လို႔ ၾကားရေၾကာင္း တပ္တြင္း သတင္းရင္းျမစ္ကဆိုပါတယ္။

‘ဘယ္ေနရာမွာ ဘယ္လိုယၾတာေတြေခ်ေနသလဲဆိုတာကို ေသခ်ာမသိေပမဲ့ အဲဒီယၾတာေခ်ဖို႔ကိစၥကို သူတို႔ PSOေတြနဲ႔ ကေတာ္ႀကီးေတြၾကားေတာ္ေတာ္ေယာက္ယက္ခတ္ေနတာကိုေတာ့ ၾကားေနရတယ္’လို႔သူက ေျပာပါတယ္။

အၾကမ္းဖက္စစ္တပ္နဲ႔ သူတို႔ရဲ့မိသားစု အားလုံးနီးပါးဟာ ေဗဒင္၊ဘိုးေတာ္နဲ႔ ေရွ႕ျဖစ္ေဟာနိုင္တဲ့ဘုန္းႀကီးတို႔ ကို အထူးယုံၾကည္ၾကၿပီး ယၾတာဆိုတာကိုလည္း အ႐ူးအမူးယုံၾကည္ၾကတဲ့အတြက္ ယၾတာေခ်ျခင္းလုပ္ငန္း ဟာ အၾကမ္းဖက္စစ္ေခါင္းေဆာင္ၾကား မဟာဗ်ဴဟာေျမာက္အေရးပါတဲ့လုပ္ငန္းျဖစ္တယ္လို႔သိရပါတယ္။

‘အခုဒီႏွစ္မွာ မင္းေအာင္လွိုင္ပ်က္ကိန္းျမင္တယ္ဆိုတဲ့ေဟာကိန္းေတြဟာ စစ္တပ္ထဲမွာ ဟိုး…ထိပ္ဆုံးကေန ေအာက္ေျခအထိပ်ံ႕ႏွံ့ေနတဲ့အတြက္ ရိုက္ခတ္မႈႀကီးတယ္။မင္းေအာင္လွိုင္ကိုနဂိုကတည္းက မယုံၾကည္ ၾကတဲ့သူေတြၾကား ပို မယုံၾကည္မႈျဖစ္လာတာပဲ။

ၿပီးေတာ့ ကၽြန္ေတာ္တို႔စစ္သားေတြဆိုတာက ေဗဒင္ေတြဘာ ေတြေတာ္ေတာ္ယုံၾကတာမို႔ ကိုယ့္ဘာသာတြက္ခ်က္ကၽြမ္းတာေတြေရာ ရာထူးႀကီးရင္ႀကီးသလို ကိုယ့္ ေဗဒင္ ဆရာ၊ကိုယ့္ဘိုးေတာ္၊ကိုယ့္ဘုန္းႀကီးပုံစံမ်ိဳး ရွိၾကတာဆိုေတာ့ အခုမင္းေအာင္လွိုင္ပ်က္ကိန္းေဟာထားတာ ေတြဟာ နိုင္ငံေရးအရ ဝါဒျဖန႔္ခ်င္လို႔ ေလၽွာက္ေျပာတာမဟုတ္ဘူး၊တကယ္အမွန္အကန္ေဟာကိန္းဆိုတာ စစ္တပ္ထဲကလူေတြ ပိုသိၾကတယ္’လို႔ သူကဆက္ေျပာပါတယ္။

အခုအခါ အၾကမ္းဖက္တပ္တြင္းက အလယ္ အလတ္အဆင့္ရာထူးရွိသူေတြေတာင္ သူတို႔ရဲ့အနာဂတ္ကို ေဗဒင္ ေမးတြက္စစ္ေနၾကၿပီလို႔လည္း သိရပါတယ္။

မင္းေအာင္လွိုင္ပ်က္မယ္ဆိုတဲ့ေဟာကိန္းဟာ ၿပိဳခ်င္ခ်င္ျဖစ္ေနတဲ့ အၾကမ္းဖက္တပ္ကို ေနာက္တစ္ႀကိမ္ခပ္ၾကမ္းၾကမ္းဆြဲလႈပ္လိုက္တာလို႔ သူကဆက္ေျပာပါတယ္။ DNA