ၾကားသိသမွ်

ကမ္ဘာ့အန္တရာယ်အရှိဆုံး မြို့တော်အဖြစ် ရန်ကုန်မြို့ ရွေးချယ်ခံရ

ကမ္ဘာ့အန္တရာယ်အရှိဆုံး မြို့တော်အဖြစ် ရန်ကုန်မြို့ ရွေးချယ်ခံရ

ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး မြို့အဖြစ် ရန်ကုန်မြို့ကို ရွေးချယ်သတ်မှတ်ခဲ့တယ်လို့ Safe City Index ရဲ့ အညွှန်းကိန်း သတ်မှတ်မှုတွေ

အရ သိရပါတယ်။


Digital နည်းပညာ၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံ၊ ပုဂ္ဂလိက၊ သဘာဝပတ်ဝန်းကျင် တို့ရဲ့ လုံခြုံစိတ်ချရမှုတွေ အပေါ် အကဲဖြတ်

အမှတ်ပေးပြီး ရွေးချယ်ရာမှာ ရန်ကုန်မြို့ဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး မြို့တော်အဖြစ် ရမှတ် ၃၉ ဒဿမ ၅ ရရှိ သတ်မှတ်ခံခဲ့ရတာ

ပါ။

ရန်ကုန်မြို့က ဟောင်းနွမ်းတဲ့ အခြေခံအဆောက်အအုံတွေ၊ ဆင်းရဲနွမ်းပါးမှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အဆင့်မမှီတာတွေ

ကြောင့် အခုလို ကမ္ဘာ့အန္တရာယ်အရှိဆုံး မြို့တော်အဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။


ရန်ကုန်မြို့ရဲ့ နောက်မှာတော့ ပါကစ္စတန်နိုင်ငံရဲ့ ကရာချိမြို့တော်က ၃၉ ဒဿမ ၇ မှတ်နဲ့ ဒုတိယ ကမ္ဘာအန္တရာယ်အရှိဆုံး မြို့အဖြစ်

သတ်မှတ်ခံရပါတယ်။


ကမ္ဘာလုံခြုံစိတ်ချရမှု အရှိဆုံး မြို့တွေ အဖြစ်ကတော့ ဒိန်းမတ်နိုင်ငံရဲ့ ကိုပင်ဟေဂင်မြို့က ရမှတ် ၈၂ ဒဿမ ၄ နဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပြီး

ဒေသတွင်း စင်ကာပူမြို့က ၈၀ ဒဿမ ၇ မှတ်နဲ့ တတိယနေရာမှာ ရှိနေခဲ့တယ်လို့ သိရပါတယ်။

Zawgyi


ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး မြို့အဖြစ် ရန်ကုန်မြို့ကို ရွေးချယ်သတ်မှတ်ခဲ့တယ်လို့ Safe City Index ရဲ့ အညွှန်းကိန်း သတ်မှတ်မှုေ

တွအရ သိရပါတယ်။



ရတာပါ။




တ်ခံရပါတယ်။

