ၾကားသိသမွ်

အထိနာနေတာကိုသင်ခန်းစာယူပြီး စစ်အုပ်စုဝင် ရဲတွေ လက်နက်ချအလင်းဝင်ဖို့တိုက်တွန်း

အထိနာနေတာကိုသင်ခန်းစာယူပြီး စစ်အုပ်စုဝင် ရဲတွေ လက်နက်ချအလင်းဝင်ဖို့တိုက်တွန်း

အထိနာနေတဲ့ မြေပြင်အဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ လက်နက်ချအလင်းဝင်ကြဖို့

Myanmar Police CDM Channel ကတိုက်တွန်းလိုက်ပါတယ်။

စစ်အုပ်စုဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာအထိနာနေ

သလို နိုင်ငံတကာစာမျက်နှာမှာလည်းရှုံးနိမ့်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့ကြောင့် စစ်အုပ်စုလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိနဲ့ မိမိတို့မိသားစုရဲ့ ဂုဏ်သိက္ခာကို ကာကွယ်နိုင်ဖို့အတွက် အမျိုးသား

ညီညွတ်ရေးအစိုးရနဲ့ နီးစပ်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ လက်နက်ချအလင်းဝင်ဖို့

အကြံပြုပါတယ်။


စစ်အုပ်စုလက်အောက်မှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရန်ကုန်မြို့နေရဲအရာရှိတစ်ဦးက ‘အခု CDM မဟုတ်တဲ့ရဲတွေထဲမှာ တစ်မျိုးက

မိသားစုတွေနဲ့ပါအတွဲလိုက်CDMလုပ်ဖို့ မဝံ့ရဲတဲ့ကြောက်နေတဲ့တစ်အုပ်စု နဲ့ နောက်တစ်အုပ်စုကတော့ မိုးရွာတုန်းရေခံမယ်ဆိုပြီး ပျော်

ပျော်ပါးပါးလာဘ်စားပြီး အဘတွေရဲ့အမှုတော် ကျေ ပွန်စွာထမ်းလိုက်မယ်ဆိုတဲ့ အုပ်စုပါ’လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက်မှာ တရားမဝင်လုပ်ငန်းတွေဖွံ့ဖြိုးလာခြင်းနဲ့အတူ ရဲတပ်ဖွဲဝင်တွေကြား အကြီးအကျယ် လာဘ်စားသူတွေလည်း

များလာတယ်လို့ သူကဆိုပါတယ်။

‘အဆိုးဆုံးကတော့ ပြောက်ကျားတွေအင်အားသိပ်မကောင်းတဲ့နယ်မြို့တွေမှာ နိုင်ငံရေးအကြောင်းပြဖမ်းပြီး ပိုက်ဆံအချီကြီးတောင်းတာ

မျိုးတွေအထိလုပ်နေကြတာ’လို့သူကဆက်ပြောပါတယ်။

Myanmar Police CDM Channel ရဲ့ထုတ်ပြန်ချက်ထဲမှာ စစ်အုပ်စုရဲ့ မတရားအမိန့်တွေ၊ မတရားမှုတွေကို ဆက်လက်အားပေးကူညီ

ရင်းအသက်ဆုံးရှုံးခြင်း၊ဒါမှမဟုတ် သုံ့ပန်းအဖြစ်ဖမ်းဆီးခြင်းခံရရင် သင့်ရဲ့မိသားစု ဘဝခရီးလမ်းမှာ အားကိုးရာပျောက်မှာကို သတိပြုပါလို့

လည်းဖော်ပြထားပါတယ်။

စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့လက်နက်ချ အလင်းဝင်ချင်ရင် နီးစပ်ရာ EAOs. PDF နဲ့LPDF တို့ဆီချိတ်ဆက်နိုင်သလို

Myanmar Police CDM Channel Page Massanger မှာ ဆွေးနွေးတိုင်ပင်နိုင်တယ်လို့လည်း ထုတ်ပြန်ပါတယ်။