ၾကားသိသမွ်

AA ကို ဘောမလိုက်ရသော မအလ

AA ကို ဘောမလိုက်ရသော မအလ

AA ဟာ ဆယ်နှစ်ကျော် စစ်အစိုးရကိုတိုက်ဖို့ လူသူလက်နက် စုဆောင်းခဲ့ပါတယ်။ ၂၀၁၅ မတိုင်ခင် ဘစိန်က NCA ထိုးဖို့ ကြိုးစားချိန်မှာ မအလက သူ့နိုင်ငံရေးအကြိုးအမြတ်အတွက် AA၊ MNDAA နဲ့ TNLA ကို လက်မှတ်အထိုးမခံခဲ့ရာက သူတို့က တိုက်ခိုက်လာခဲ့ပါတယ်။

NLD အစိုးရတက်လာချိန်မှာ မအလက DASSK အစိုးရသိက္ခာကျအောင် အဓိကကြိုးစားလို့ AA ဘာဖြစ်ဖြစ် သိပ်စိတ်မဝင်စားခဲ့ပါ။

သူဘာလုပ်ရလုပ်ရ တိုက်ရတိုက်ရ သူက DASSK အစိုးရကို ထိုးကျွေးပြီး AA နဲ့ ရခိုင်လူထုကို DASSK နဲ့သာ လှည့်တိုက်ဖို့သာ ကြိုးစားခဲ့ပါတယ်။ အေးနုစိန်တို့ အေးမောင်တို့ကလဲ အော်ပေါ့။


ယခုအာဏာသိမ်းအပြီးမှာ ပြဿနာက စပါပြီ။ အာဏာမသိမ်းခင် စစ်မျက်နှာများစွာမဖြစ်ချင်လို့ AA ကို သူတောင်းတဲ့ AA ရဲ့ ရခိုင်မှာ တပ်တည်ရှီခွင့်ကို မျက်နှာပျက်ခံ ပေးခဲ့ပြီး ခဏချွေးသိပ်ထားခဲ့ပါတယ်။

ယခင် DASSK လက်ထက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပျက်ခဲ့တာက AA ကို ရခိုင်မှာပေးမနေဘဲ ကချင်ကို ပြန်ရမယ်လို့ မအလတပ်က တောင်းဆိုခဲ့လို့ပါ။

ဒါပေမယ့် အာဏာသိမ်းအပြီးမှာ CRPH၊ NUG ကနေ PDF ပေါ်လာလို့ မအလဟာ စစ်နွံထဲနစ်သွားခဲ့ပါတယ်။ ဒါကြောင့် AA ကို ဘယ်နည်းနဲ့မှ လက်ရှိတပ်အားနဲ့ မတိုက်နိုင်ဘူးဆိုတာ သေချာသွားပါတယ်။

ယခင်က AA ကိုတိုက်ဖို့ ပလက်ဝမှာ ချင်းနဲ့ရခိုင်ကို ခွဲထားနိုင်ပေမယ့် ဒီတခေါက်ဖြစ်ရင် ပလက်ဝမှာ ရှိသမျှ လူမျိုးစုအားလုံးက မအလတပ်ကို ဝိုင်းဗျင်းမှာပါ။ မင်းတပ်က တပ်ရင်းကလဲ AA ကို တိုက်ရာမှာ ယခင်ကလို ဝင်မကူနိုင်တော့ပါ။


လက်ရှိရခိုင်မှာ တပ်စခန်းတွေကို တောင်တွေပေါ် ဘုရားကုန်းပေါ်မှာ တပ်စွဲထားပေမယ့် တောင်အောက်ဆင်းရင်တောင် အလံဖြူထောင်ပြီး AA ရဲ့ ခွင့်ပြုချက်နဲ့ သွားနေရတာပါ။

AA ဟာ မအလစစ်တပ်က ခွင့်မပြုတဲ့ ဘုရားပွဲကို လုပ်ချိန်မှာ မအလတပ်က သူ့တပ်တွေကို သွားတားခိုင်းပေမယ့် အောက်ကတပ်တွေက လက်ရှိတပ်အင်အားနဲ့ မတိုက်နိုင်ဘူးလို့ငြင်းလို့ မအလက ခွင့်ပြုလိုက်ရပါတယ်။

AA ဟာ မအလရဲ့ အားနည်းချက်ကိုသိလို့ ယခုရခိုင့်အချုပ်အခြာအာဏာ ကျဆုံးခြင်းကို မအလခွင့်မပြုလဲ ကျင်းပဖို့ ကြိုးစားပါတယ်။ ဒါကိုလဲ မအလက ခွင့်မပြုဖို့ အမိန့်ပေးပေမယ့် အောက်ခြေမှာ သူ့ဩဇာမညောင်းလို့ မပိတ်နိုင်ခဲ့ပါ။ အရှက်နှစ်ခါ ကွဲခဲ့ရတာပါ။

ယခင်က သူဘာလုပ်လုပ် NLD ကို လွှဲချလိုက်လို့ရပေမယ့် ယခုက မရတော့ပါ။ ဒါကြောင့် သူတိုက်ရင် သူကွဲမှာပါ။ အဓိကက သူ့မှာAA ကို တိုက်နိုင်တဲ့ တပ်အင်အား မရှိတာပါ။


ဒါ့ကြောင့်ရာပြည့်က AA ကို မြောက်ပိုင်းက တွေ့ဆုံပွဲမှာ အပြတ်ဘောမခဲ့ပါတယ်။

ဒါပေမယ့်လဲ AA က သူ့ကို နှာနုဖြတ်ရိုက်ပြီး ပွဲတွေကို ဆက်လုပ်ခဲ့ပါတယ်။ လောလောဆယ်ကတော့ မအလဟာ AA ကို ဘောမထားမယ်လို့သာ ပြောပါရစေ။ ဒါက PDF တန်ခိုးကြောင့်ပါ။ Myat Tun Oo

AA ကို ေဘာမလိုက္ရေသာ မအလ

AA ဟာ ဆယ္ႏွစ္ေက်ာ္ စစ္အစိုးရကိုတိုက္ဖို႔ လူသူလက္နက္ စုေဆာင္းခဲ့ပါတယ္။ ၂၀၁၅ မတိုင္ခင္ ဘစိန္က NCA ထိုးဖို႔ ႀကိဳးစားခ်ိန္မွာ မအလက သူ႔နိုင္ငံေရးအႀကိဳးအျမတ္အတြက္ AA၊ MNDAA နဲ႔ TNLA ကို လက္မွတ္အထိုးမခံခဲ့ရာက သူတို႔က တိုက္ခိုက္လာခဲ့ပါတယ္။

NLD အစိုးရတက္လာခ်ိန္မွာ မအလက DASSK အစိုးရသိကၡာက်ေအာင္ အဓိကႀကိဳးစားလို႔ AA ဘာျဖစ္ျဖစ္ သိပ္စိတ္မဝင္စားခဲ့ပါ။ သူဘာလုပ္ရလုပ္ရ တိုက္ရတိုက္ရ သူက DASSK အစိုးရကို ထိုးေကၽြးၿပီး AA နဲ႔ ရခိုင္လူထုကို DASSK နဲ႔သာ လွည့္တိုက္ဖို႔သာ ႀကိဳးစားခဲ့ပါတယ္။ ေအးႏုစိန္တို႔ ေအးေမာင္တို႔ကလဲ ေအာ္ေပါ့။

ယခုအာဏာသိမ္းအၿပီးမွာ ျပႆနာက စပါၿပီ။ အာဏာမသိမ္းခင္ စစ္မ်က္ႏွာမ်ားစြာမျဖစ္ခ်င္လို႔ AA ကို သူေတာင္းတဲ့ AA ရဲ့ ရခိုင္မွာ တပ္တည္ရွီခြင့္ကို မ်က္ႏွာပ်က္ခံ ေပးခဲ့ၿပီး ခဏေခၽြးသိပ္ထားခဲ့ပါတယ္။ ယခင္ DASSK လက္ထက္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြ ပ်က္ခဲ့တာက AA ကို ရခိုင္မွာေပးမေနဘဲ ကခ်င္ကို ျပန္ရမယ္လို႔ မအလတပ္က ေတာင္းဆိုခဲ့လို႔ပါ။

ဒါေပမယ့္ အာဏာသိမ္းအၿပီးမွာ CRPH၊ NUG ကေန PDF ေပၚလာလို႔ မအလဟာ စစ္ႏြံထဲနစ္သြားခဲ့ပါတယ္။ ဒါေၾကာင့္ AA ကို ဘယ္နည္းနဲ႔မွ လက္ရွိတပ္အားနဲ႔ မတိုက္နိုင္ဘူးဆိုတာ ေသခ်ာသြားပါတယ္။ ယခင္က AA ကိုတိုက္ဖို႔ ပလက္ဝမွာ ခ်င္းနဲ႔ရခိုင္ကို ခြဲထားနိုင္ေပမယ့္ ဒီတေခါက္ျဖစ္ရင္ ပလက္ဝမွာ ရွိသမၽွ လူမ်ိဳးစုအားလုံးက မအလတပ္ကို ဝိုင္းဗ်င္းမွာပါ။ မင္းတပ္က တပ္ရင္းကလဲ AA ကို တိုက္ရာမွာ ယခင္ကလို ဝင္မကူနိုင္ေတာ့ပါ။

လက္ရွိရခိုင္မွာ တပ္စခန္းေတြကို ေတာင္ေတြေပၚ ဘုရားကုန္းေပၚမွာ တပ္စြဲထားေပမယ့္ ေတာင္ေအာက္ဆင္းရင္ေတာင္ အလံျဖဴေထာင္ၿပီး AA ရဲ့ ခြင့္ျပဳခ်က္နဲ႔ သြားေနရတာပါ။

AA ဟာ မအလစစ္တပ္က ခြင့္မျပဳတဲ့ ဘုရားပြဲကို လုပ္ခ်ိန္မွာ မအလတပ္က သူ႔တပ္ေတြကို သြားတားခိုင္းေပမယ့္ ေအာက္ကတပ္ေတြက လက္ရွိတပ္အင္အားနဲ႔ မတိုက္နိုင္ဘူးလို႔ျငင္းလို႔ မအလက ခြင့္ျပဳလိုက္ရပါတယ္။ AA ဟာ မအလရဲ့ အားနည္းခ်က္ကိုသိလို႔ ယခုရခိုင့္အခ်ဳပ္အျခာအာဏာ က်ဆုံးျခင္းကို မအလခြင့္မျပဳလဲ က်င္းပဖို႔ ႀကိဳးစားပါတယ္။

ဒါကိုလဲ မအလက ခြင့္မျပဳဖို႔ အမိန္႔ေပးေပမယ့္ ေအာက္ေျခမွာ သူ႔ဩဇာမေညာင္းလို႔ မပိတ္နိုင္ခဲ့ပါ။ အရွက္ႏွစ္ခါ ကြဲခဲ့ရတာပါ။ ယခင္က သူဘာလုပ္လုပ္ NLD ကို လႊဲခ်လိုက္လို႔ရေပမယ့္ ယခုက မရေတာ့ပါ။ ဒါေၾကာင့္ သူတိုက္ရင္ သူကြဲမွာပါ။ အဓိကက သူ႔မွာAA ကို တိုက္နိုင္တဲ့ တပ္အင္အား မရွိတာပါ။

ဒါ့ေၾကာင့္ရာျပည့္က AA ကို ေျမာက္ပိုင္းက ေတြ႕ဆုံပြဲမွာ အျပတ္ေဘာမခဲ့ပါတယ္။ ဒါေပမယ့္လဲ AA က သူ႔ကို ႏွာႏုျဖတ္ရိုက္ၿပီး ပြဲေတြကို ဆက္လုပ္ခဲ့ပါတယ္။ ေလာေလာဆယ္ကေတာ့ မအလဟာ AA ကို ေဘာမထားမယ္လို႔သာ ေျပာပါရေစ။ ဒါက PDF တန္ခိုးေၾကာင့္ပါ။ Myat Tun Oo

credit