ၾကားသိသမွ်

ခေတ်သစ်ကိုလိုနီစနစ်ဆိုးကို သတိပြုဖို့လိုပြီး သွေးထိုးလှုံ့ဆော်မှုတွေကို သတိထားကြရမည်ဟုဆို

ခေတ်သစ်ကိုလိုနီစနစ်ဆိုးကို သတိပြုဖို့လိုပြီး သွေးထိုးလှုံ့ဆော်မှုတွေကို သတိထားကြရမည်ဟုဆို

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာတွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးလမ်းကြောင်းမှန်ပေါ် ဆက်လက်ရှင်သန်ထွန်းကားနိုင်ရေး အားလုံး ပူးပေါင်းဝိုင်းဝန်းဆောင်ရွက်ကြဖို့ နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူး ကြီး မင်း အောင်လှိုင် မှ တိုက်တွန်းစကားပြောကြား

လွတ်လပ်ရေးရရှိတာ ၇၄ နှစ်ရှိပြီဖြစ်ပေမယ့် ပဋိပက္ခတွေကို ဖြေရှင်းနေရတာကြောင့် နိုင်ငံတော်ရဲ့ ဖွံဖြိုးတိုးတက်မှုဟာ အိမ်နီးချင်းနိုင်ငံ

တွေ၊ ဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဖွံ ဖြိုးတိုးတက်မှုတွေ နောက်ကျနေတယ်လို့ နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူး ကြီး မင်း အောင်လှိုင်

က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယသဝဏ်လွှာကနေ ပြောဆိုလိုက်ပါတယ်။

နို င်ငံရေးအယူအဆတွေ၊ အယူဝါဒ ကွဲပြားမှုအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတို့ကြောင့် နိုင်ငံတော်ရဲ့ တည်ငြိမ်ရေးပါ ထိပါးလာခဲ့

တယ်လို့ပါ ထည့်သွင်းပြောဆိုခဲ့ပြီး တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက ကိုလိုနီစနစ်ဆိုးရဲ့ ခါးသီးတဲ့ အတိတ်သမိုင်း အတွေ့အကြုံ

တွေကို သင်ခန်းစာယူကာ မတရားသွေးထိုး လှုံ့ဆော်မှုတွေ ဖိအားပေးမှုတွေကို အမြဲသတိပြုကြဖို့ လိုတယ်လို့လည်း နစကဥက္ကဋ္ဌက

ပြောဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာတည်သရွေ့ ရပ်တည်သွားနိုင်အောင် ဝိုင်းဝန်း

ကြိုးစားစောင့်ရှောက်ဖို့၊ ပါတီစုံဒီမိုကရေစီစနစ်ကို တရား

မျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ပြည်ထောင်စုဖွား တိုင်းရင်းသားများအကြား

အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုတွေနဲ့တည်ဆောက်ကြဖို့၊ ထာဝရငြိမ်းချမ်းရေးရရှိစေရေးအတွက် စုပေါင်းအင်အားဖြင့်

ကြိုးပမ်းကြဖို့ တိုက်တွန်း ခဲ့ပါတယ်။

နောက်ပြီး ဒီမိုကရေစီအသွင် ကူးပြောင်းရေးလမ်း ကြောင်းမှန်ပေါ် ဆက်လက်ရှင်သန်ထွန်းကားနိုင်ရေးအတွက် တပ်မတော်နဲ့အတူ

တိုင်းရင်းသားပြည်သူတွေက သက်ဆိုင်ရာ အဖွဲ့အစည်းများ

အားလုံးက တစ်သွေးတည်း၊ တစ်သားတည်း ပူးပေါင်းဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းတိုက်တွန်းစကားပါ ထည့်သွင်းပြောကြားခဲ့

တာတွေအပြင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ဖို့

အတွက် လူပုဂ္ဂိုလ်တစ်ဦးချင်း အလိုက်၊ အဖွဲအစည်းအလိုက် နိုင်ငံရေးအသိအမြင်များ အားကောင်းရန် လိုအပ်တဲ့အကြောင်း၊ အားလုံးပါဝင်

နိုင်သော၊ ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုမှုကို

ဖော်ထုတ်နိုင်သော နိုင်ငံရေးစနစ်တည်ဆောက်မှု လိုအပ်တဲ့အကြောင်း၊ အဲ့ဒီ့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ သက်ဆိုင်ရာ နိုင်ငံရေးပါတီ

တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေတယ်လို့ သဝဏ်လွှာထဲ ထည့်သွင်းပြောဆိုခဲ့ပါတယ်။