ၾကားသိသမွ်

စစ်အာဏာသိမ်းမှုဒဏ် ခံနေရသည့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြင်သစ်သမ္မတပြော

စစ်အာဏာသိမ်းမှုဒဏ် ခံနေရသည့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြင်သစ်သမ္မတပြော

စစ်အာဏာသိမ်းမှုဒဏ် ခံနေရသည့် မြန်မာပြည်သူများနှင့် အတူ ရပ်တည်ကြောင်း ပြင်သစ် သမ္မတ အီမန်နူရယ် မက်ခရွန်က ယနေ့

ဇန်နဝါရီလ ၄ ရက် မြန်မာ့လွတ်လပ်ရေးနေ့တွင် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ Facebook တွင် ရေးသားသည်။

“(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှု၏ ဒဏ်ရာ၊ ဒဏ်ချက်များကို ခံစားနေရ

သော မြန်မာ ပြည်သူ ပြည်သားများနှင့်အတူ ပြင်သစ်နိုင်ငံက ရပ်တည်ပါသည်” ဟု ၎င်းက ဆိုထားသည်။


မြန်မာပြည်သူများ၏ အကြပ်အတည်းကို ဖြေရှင်းနိုင်ရေးသည် ဒီမိုကရေစီ လိုလားချက်ကို လေးစားရေး၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျ

ခံနေရသူ အားလုံးကို လွှတ်ပေးရေးနှင့် ဖိနှိပ်ချုပ်ချယ်မှုများကို အဆုံးသတ်ရေးတို့ အပေါ်တွင်မူတည် နေပါသည်ဟု ပြင်သစ်သမ္မတက

ဆိုသည်။


ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်အာဏာသိမ်းပြီးချိန်မှ စတင်ကာ မြန်မာစစ်တပ်က ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊

ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အတင်းအဓမ္မ ဖျောက်ဖျက်မှု၊ မတရား ဖမ်းဆီးမှုများ တိုးမြင့်လာနေပါသည်။

အထူးသဖြင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် လက်နက်ကိုင် တပ်ဖွဲ့များ၏ အကြမ်းဖက်မှုများ တိုးမြင့်လာကာ မီးရှို့မှု၊

လုယက်မှု၊ ယဉ်ကျေးမှု ဆိုင်ရာ အဆောက်အအုံများ ဖျက်ဆီးခံရမှုများသည် စိုးရိမ်ဖွယ်ရာ ဖြစ်ပြီး ယင်းလုပ်ရပ်များကို ရှုတ်ချကြောင်း ပြင်

သစ်သံရုံးက ထုတ်ပြန်ထားသည်။

Zawgyi

စစ္အာဏာသိမ္းမႈဒဏ္ ခံေနရသည့္ ျမန္မာျပည္သူမ်ားႏွင့္အတူ ရပ္တည္ေၾကာင္း ျပင္သစ္သမၼတေျပာ

စစ္အာဏာသိမ္းမႈဒဏ္ ခံေနရသည့္ ျမန္မာျပည္သူမ်ားႏွင့္ အတူ ရပ္တည္ေၾကာင္း ျပင္သစ္ သမၼတ အီမန္ႏူရယ္ မက္ခရြန္က ယေန႔ ဇန္နဝါရီလ ၄ ရက္ ျမန္မာ့လြတ္လပ္ေရးေန႔တြင္ ၎၏ လူမႈကြန္ရက္ စာမ်က္ႏွာ Facebook တြင္ ေရးသားသည္။

“(၇၄) ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ အခါသမယတြင္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ အာဏာသိမ္းမႈ၏ ဒဏ္ရာ၊ ဒဏ္ခ်က္မ်ားကို ခံစားေနရေသာ ျမန္မာ ျပည္သူ ျပည္သားမ်ားႏွင့္အတူ ျပင္သစ္နိုင္ငံက ရပ္တည္ပါသည္” ဟု ၎က ဆိုထားသည္။

ျမန္မာျပည္သူမ်ား၏ အၾကပ္အတည္းကို ေျဖရွင္းနိုင္ေရးသည္ ဒီမိုကေရစီ လိုလားခ်က္ကို ေလးစားေရး၊ ယုံၾကည္ခ်က္ေၾကာင့္ အက်ဥ္းက်ခံေနရသူ အားလုံးကို လႊတ္ေပးေရးႏွင့္ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈမ်ားကို အဆုံးသတ္ေရးတို႔ အေပၚတြင္မူတည္ ေနပါသည္ဟု ျပင္သစ္သမၼတက ဆိုသည္။

ေဖေဖာ္ဝါရီလ ၁ ရက္တြင္ စစ္အာဏာသိမ္းၿပီးခ်ိန္မွ စတင္ကာ ျမန္မာစစ္တပ္က က်ဴးလြန္သည့္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ား၊ ညႇဥ္းပန္းႏွိပ္စက္မႈ၊ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ၊ အတင္းအဓမၼ ေဖ်ာက္ဖ်က္မႈ၊ မတရား ဖမ္းဆီးမႈမ်ား တိုးျမင့္လာေနပါသည္။

အထူးသျဖင့္ မေကြးတိုင္း၊ စစ္ကိုင္းတိုင္းႏွင့္ ခ်င္းျပည္နယ္တို႔တြင္ လက္နက္ကိုင္ တပ္ဖြဲ႕မ်ား၏ အၾကမ္းဖက္မႈမ်ား တိုးျမင့္လာကာ မီးရွို႔မႈ၊ လုယက္မႈ၊ ယဥ္ေက်းမႈ ဆိုင္ရာ အေဆာက္အအုံမ်ား ဖ်က္ဆီးခံရမႈမ်ားသည္ စိုးရိမ္ဖြယ္ရာ ျဖစ္ၿပီး ယင္းလုပ္ရပ္မ်ားကို ရႈတ္ခ်ေၾကာင္း ျပင္သစ္သံ႐ုံးက ထုတ္ျပန္ထားသည္။