ၾကားသိသမွ်

မဲတစ်ကြိမ်ထက် ပိုပေးတဲ့သူတွေ အရေးယူမှု စောင့်ကြည့်အဖွဲ့တွေ မေးခွန်းထုတ်

မဲတစ်ကြိမ်ထက် ပိုပေးတဲ့သူတွေ အရေးယူမှု စောင့်ကြည့်အဖွဲ့တွေ မေးခွန်းထုတ်

မွန်ပြည်နယ်မှာတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲတစ်ကြိမ်ထက် ပိုပေးတဲ့သူတွေကို အမှုဖွင့်အရေးယူတာတွေ စတင် လုပ်ဆောင်

ပြီးလို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအဖွဲ့ခွဲ တာဝန်ရှိသူတွေက ပြောပါတယ်။

ရွေးကောက်ပွဲမှာ မဲတစ်ကြိမ်ထက်ပိုပေးခဲ့တဲ့သူတွေကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ)၊ ၁၇၁(ဆ) တို့နဲ့ အမှုဖွင့်

အရေးယူနေတာ ဖြစ်ပြီး၊  ရရှိထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ် ၊ ပေါင်မြို့နယ် တစ်ခုတည်းမှာပဲ မဲတစ်ကြိမ်

ထက်ပိုပေးခဲ့တဲ့သူ ၁၀ ယောက်နီးပါးကို အမှုဖွင့်ထားတာ ဖြစ်ပါတယ်။


ရွေးကောက်ပွဲ လေ့လာစောင့်ကြည်ရေးအဖွဲ့တွေကတော့ မဲတစ်ကြိမ်ထက် ပိုပေးခဲ့တဲ့သူတွေကို ရွေးကောက်ပွဲပြီးနောက် အရေးယူတာတွေ

လုပ်ဆောင်ခဲ့ပြီး နိုင်ငံအတိုင်းအတာအရ အယောက် ၃၀ ကို အမှုဖွင့်အရေးယူခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့် အခုဖြစ်စဉ်မှာ စစ်ကောင်စီရဲ့ အရေးယူမှုဟာ ပွင့်လင်းမြင်သာမှု မရှိသလို အချက်အလက်တွေကို ဘယ်လို စိစစ်လဲဆိုတာကအစ

မေးခွန်းထုတ်စရာ ရှိတယ်လို့ ပြောပါတယ်။


“ ဒီလူက မဲနှစ်ကြိမ် ပေးတယ်ဆိုရင် ဒီလူကို ရဲအရေးပိုင်တဲ့ အမှုနဲ့ တခါတည်း အမှုဖွင့်တယ် ၊ တခါတည်း တရားစွဲတယ်။ ကျန်တဲ့ဟာတွေ

အပေါ်မှာတော့ သူတို့ဘယ်လို တွေ့ရှိတယ် ၊ စိစစ်လဲဆိုတာကို ကျွန်တော်တို့ မသိရဘူး။ ဒီလူက မဲနှစ်ကြိမ်ပေးပါတယ်ဆိုတာကို သူတို့

ဘယ်လိုစိစစ်လဲဆိုတာကို မေးခွန်းထုတ်ချင်ပါတယ်” လို့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးကွန်ယက် တာဝန်ရှိသူတစ်ဦး

က ပြောပါတယ်။

ရွေးကောက်ပွဲမှာ မဲပိုပေးခဲ့သူတွေကို သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတွေက တရားလိုအဖြစ် တရားစွဲရမှာ

ဖြစ်ပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတွေက တရားလိုသက်သေအဖြစ် ထွက်ဆိုပေးရမယ်လို့ စစ်ကောင်စီက ညွှန်

ကြားထားပါတယ်။


အခုအခါမှာတော့ တရားစွဲထားတဲ့သူတွေကို အာမခံပေးထားပြီး သက်ဆိုင်ရာ တရာရုံးတွေမှာ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီက တရားစွဲထားတဲ့ ပုဒ်မ ၁၇၁(စ)အရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ်တစ်နှစ် ဒါမှမဟုတ် ငွေဒဏ် နှစ်ရပ်စလုံး ကျခံရမှာဖြစ်ပြီး

ပုဒ်မ ၁၇၁(ဆ)ကတော့ ငွေဒဏ် ပြစ်ဒဏ်ချမှတ်ခံရမှာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ထူးခြားမှုဖြစ်စဉ်အနေနဲ့ ရေးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ၊ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်

လောင်း ဦးကျော်သူရ မဲရုံကိုယ်စားလှယ်ဖြစ်သူ ဒေါ်နုနုဝင်းရဲ့ လက်ဆွဲအိတ်အတွင်းမှ UEC တံဆိပ်တုံးတစ်ခုနဲ့ မဲလက်မှတ်နမူနာ ပုံစံ

စာရွက်အချို့ကို သိမ်းဆည်းရမိလို့ အမှုဖွင့်အရေးယူခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Zawgyi

မဲတစ္ႀကိမ္ထက္ ပိုေပးတဲ့သူေတြ အေရးယူမႈ ေစာင့္ၾကည့္အဖြဲ႕ေတြ ေမးခြန္းထုတ္

မြန္ျပည္နယ္မွာေတာ့ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲမွာ မဲတစ္ႀကိမ္ထက္ ပိုေပးတဲ့သူေတြကို အမႈဖြင့္အေရးယူတာေတြ စတင္ လုပ္ေဆာင္ၿပီးလို႔ စစ္ေကာင္စီရဲ့ ေရြးေကာက္ပြဲအဖြဲ႕ခြဲ တာဝန္ရွိသူေတြက ေျပာပါတယ္။

ေရြးေကာက္ပြဲမွာ မဲတစ္ႀကိမ္ထက္ပိုေပးခဲ့တဲ့သူေတြကို စစ္ေကာင္စီက ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၁၇၁(စ)၊ ၁၇၁(ဆ) တို႔နဲ႔ အမႈဖြင့္ အေရးယူေနတာ ျဖစ္ၿပီး၊ က ရရွိထားတဲ့ အခ်က္အလက္ေတြအရ မြန္ျပည္နယ္ ၊ ေပါင္ၿမိဳ႕နယ္ တစ္ခုတည္းမွာပဲ မဲတစ္ႀကိမ္ထက္ပိုေပးခဲ့တဲ့သူ ၁၀ ေယာက္နီးပါးကို အမႈဖြင့္ထားတာ ျဖစ္ပါတယ္။

ေရြးေကာက္ပြဲ ေလ့လာေစာင့္ၾကည္ေရးအဖြဲ႕ေတြကေတာ့ မဲတစ္ႀကိမ္ထက္ ပိုေပးခဲ့တဲ့သူေတြကို ေရြးေကာက္ပြဲၿပီးေနာက္ အေရးယူတာေတြ လုပ္ေဆာင္ခဲ့ၿပီး နိုင္ငံအတိုင္းအတာအရ အေယာက္ ၃၀ ကို အမႈဖြင့္အေရးယူခဲ့ၿပီး ျဖစ္တယ္လို႔ ေျပာပါတယ္။

ဒါေၾကာင့္ အခုျဖစ္စဥ္မွာ စစ္ေကာင္စီရဲ့ အေရးယူမႈဟာ ပြင့္လင္းျမင္သာမႈ မရွိသလို အခ်က္အလက္ေတြကို ဘယ္လို စိစစ္လဲဆိုတာကအစ ေမးခြန္းထုတ္စရာ ရွိတယ္လို႔ ေျပာပါတယ္။

“ ဒီလူက မဲႏွစ္ႀကိမ္ ေပးတယ္ဆိုရင္ ဒီလူကို ရဲအေရးပိုင္တဲ့ အမႈနဲ႔ တခါတည္း အမႈဖြင့္တယ္ ၊ တခါတည္း တရားစြဲတယ္။ က်န္တဲ့ဟာေတြအေပၚမွာေတာ့ သူတို႔ဘယ္လို ေတြ႕ရွိတယ္ ၊ စိစစ္လဲဆိုတာကို ကၽြန္ေတာ္တို႔ မသိရဘူး။ ဒီလူက မဲႏွစ္ႀကိမ္ေပးပါတယ္ဆိုတာကို သူတို႔ ဘယ္လိုစိစစ္လဲဆိုတာကို ေမးခြန္းထုတ္ခ်င္ပါတယ္” လို႔ ျမန္မာနိုင္ငံ ေရြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာေရးကြန္ယက္ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ေရြးေကာက္ပြဲမွာ မဲပိုေပးခဲ့သူေတြကို သက္ဆိုင္ရာခရိုင္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ အတြင္းေရးမႉးေတြက တရားလိုအျဖစ္ တရားစြဲရမွာ ျဖစ္ၿပီး၊ ၿမိဳ႕နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ အတြင္းေရးမႉးေတြက တရားလိုသက္ေသအျဖစ္ ထြက္ဆိုေပးရမယ္လို႔ စစ္ေကာင္စီက ညႊန္ၾကားထားပါတယ္။

အခုအခါမွာေတာ့ တရားစြဲထားတဲ့သူေတြကို အာမခံေပးထားၿပီး သက္ဆိုင္ရာ တရာ႐ုံးေတြမွာ တရားရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။
စစ္ေကာင္စီက တရားစြဲထားတဲ့ ပုဒ္မ ၁၇၁(စ)အရ ျပစ္မႈထင္ရွားရင္ ေထာင္ဒဏ္တစ္ႏွစ္ ဒါမွမဟုတ္ ေငြဒဏ္ ႏွစ္ရပ္စလုံး က်ခံရမွာျဖစ္ၿပီး ပုဒ္မ ၁၇၁(ဆ)ကေတာ့ ေငြဒဏ္ ျပစ္ဒဏ္ခ်မွတ္ခံရမွာ ျဖစ္ပါတယ္။

မြန္ျပည္နယ္မွာေတာ့ ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲမွာ ထူးျခားမႈျဖစ္စဥ္အေနနဲ႔ ေရးၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ ၂ ၊ ႀကံ့ခိုင္ေရးပါတီ ကိုယ္စားလွယ္ေလာင္း ဦးေက်ာ္သူရ မဲ႐ုံကိုယ္စားလွယ္ျဖစ္သူ ေဒၚႏုႏုဝင္းရဲ့ လက္ဆြဲအိတ္အတြင္းမွ UEC တံဆိပ္တုံးတစ္ခုနဲ႔ မဲလက္မွတ္နမူနာ ပုံစံစာရြက္အခ်ိဳ႕ကို သိမ္းဆည္းရမိလို႔ အမႈဖြင့္အေရးယူခဲ့ပါတယ္။

သတင္း – သံလြင္တိုင္းမ္