ၾကားသိသမွ်

ထွေအုပ်ရုံး၌ပြုလုပ်မည့် လွတ်လပ်ရေးနေ့အစီအစဥ် ပွဲပျက်အောင် ဟန့်တားနိုင်းခဲ့ဟု ရေဦး PDF ထုတ်ပြန်

ထွေအုပ်ရုံး၌ပြုလုပ်မည့် လွတ်လပ်ရေးနေ့အစီအစဥ် ပွဲပျက်အောင် ဟန့်တားနိုင်းခဲ့ဟု ရေဦး PDF ထုတ်ပြန်

-People’s Spring

ထွေအုပ်ရုံး၌ ပြုလုပ်မည့် လွတ်လပ်ရေးနေ့အစီအစဥ်အား လုံခြုံရေးတင်းကြပ်သည့်ကြားမှ ပွဲပျက်အောင် ဟန့်တားနိုင်ခဲ့ကြောင်း ရေးဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-YEU)က ယနေ့(ဇန်နဝါ်ရီ ၄) ထုတ်ပြန်သည်။

ယနေ့နံနက် ၇ နာရီခန့်တွင် ရေဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမတွင် စစ်ကေကာင်စီနှင့် ၎င်း၏ လက်ပါးစေများကျင်းပမည့် လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားမည့်အစီစဉ်ကို အောင်မြင်စွာဖြင့်ဟန့်တား ဖျက်သိမ်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လုံခြုံရေးတင်းကြပ်ထားသည့် အထက်ပါထွေအုပ်ရုံးအား ရေဦး PDF နှင့် ရွှေဘိုခရိုင် တပ်ရင်း(၁၁ နှင့် ၁၄) မှ ဗိုလ်ဇွဲဦးစီးသော ပူးပေါင်းအဖွဲ့က LL ဗုံးသီးလေးလုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့သည်ဟု ရေဦး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


“စစ်ခွေးတွေရော၊ Non-CDN တွေရော၊ စစ်ခွေးထောက်တိုင်တွေရော သူတို့အားလုံးစုံတဲ့အချိန် လုံခြုံရေး တင်းကြပ်ထားတဲ့ကြားက

ကျွန်တော်တို့ PDF တွေ ဘယ်လောက်စွမ်းဆောင်နိုင်တယ်ဆိုတာကို ပြတဲ့အနေနဲ့ ခုလိုပွဲပျက်အောင် ဟန့်တားခဲ့တာပါ”ဟု ၎င်းက ဆိုသည်။

ယနေ့(ဇန်နဝါရီ ၄)ကျရောက်သည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားများကို အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက မြို့နယ်အချို့တွင် ဦးဆောင်ကျင်းပလျှက်ရှိသည်။

အထက်ပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးရှိနိုင်သော်လည်း အသေးစိပ်မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်သည်။

Mission အပြီးတွင် အောင်ပွဲခံပြီးပြန်လာသည့် ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ယနေ့(ဇန်နဝါရီ ၄) တွေ့ရစဥ်၊ ဓာတ်ပုံ – ပေးပို့

Zawgyi

ေထြအုပ္႐ုံး၌ျပဳလုပ္မည့္ လြတ္လပ္ေရးေန႔အစီအစဥ္ ပြဲပ်က္ေအာင္ ဟန္႔တားနိုင္းခဲ့ဟု ေရဦး PDF ထုတ္ျပန္

-People’s Spring

ေထြအုပ္႐ုံး၌ ျပဳလုပ္မည့္ လြတ္လပ္ေရးေန႔အစီအစဥ္အား လုံျခဳံေရးတင္းၾကပ္သည့္ၾကားမွ ပြဲပ်က္ေအာင္ ဟန္႔တားနိုင္ခဲ့ေၾကာင္း ေရးဦးၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(PDF-YEU)က ယေန႔(ဇန္နဝၚရီ ၄) ထုတ္ျပန္သည္။

ယေန႔နံနက္ ၇ နာရီခန္႔တြင္ ေရဦးၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးခန္းမတြင္ စစ္ေကကာင္စီႏွင့္ ၎၏ လက္ပါးေစမ်ားက်င္းပမည့္ လြတ္လပ္ေရးေန႔သဝဏ္လႊာ ဖတ္ၾကားမည့္အစီစဥ္ကို ေအာင္ျမင္စြာျဖင့္ဟန႔္တား ဖ်က္သိမ္းခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

လုံျခဳံေရးတင္းၾကပ္ထားသည့္ အထက္ပါေထြအုပ္႐ုံးအား ေရဦး PDF ႏွင့္ ေရႊဘိုခရိုင္ တပ္ရင္း(၁၁ ႏွင့္ ၁၄) မွ ဗိုလ္ဇြဲဦးစီးေသာ ပူးေပါင္းအဖြဲ႕က LL ဗုံးသီးေလးလုံးျဖင့္ ပစ္ခတ္တိုက္ ခိုက္ခဲ့သည္ဟု ေရဦး PDF မွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

“စစ္ေခြးေတြေရာ၊ Non-CDN ေတြေရာ၊ စစ္ေခြးေထာက္တိုင္ေတြေရာ သူတို႔အားလုံးစုံတဲ့အခ်ိန္ လုံျခဳံေရး တင္းၾကပ္ထားတဲ့ၾကားက ကၽြန္ေတာ္တို႔ PDF ေတြ ဘယ္ေလာက္စြမ္းေဆာင္နိုင္တယ္ဆိုတာကို ျပတဲ့အေနနဲ႔ ခုလိုပြဲပ်က္ေအာင္ ဟန္႔တားခဲ့တာပါ”ဟု ၎က ဆိုသည္။

ယေန႔(ဇန္နဝါရီ ၄)က်ေရာက္သည့္ (၇၄) ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔အခမ္းအနားမ်ားကို အာဏာသိမ္း အၾကမ္းဖက္စစ္ေကာင္စီက ၿမိဳ႕နယ္အခ်ိဳ႕တြင္ ဦးေဆာင္က်င္းပလၽွက္ရွိသည္။

အထက္ပါတိုက္ခိုက္မႈေၾကာင့္ စစ္ေကာင္စီဘက္မွ ထိခိုက္ေသဆုံးရွိနိုင္ေသာ္လည္း အေသးစိပ္မသိရေသးဘဲ စုံစမ္းေနဆဲျဖစ္သည္။

Mission အၿပီးတြင္ ေအာင္ပြဲခံၿပီးျပန္လာသည့္ ေရႊဘိုခရိုင္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားကို ယေန႔(ဇန္နဝါရီ ၄) ေတြ႕ရစဥ္၊ ဓာတ္ပုံ – ေပးပို႔