ၾကားသိသမွ်

လွိုင်​ကော်မြို့ ခရိုင်စု​ပေါင်းရုံးကို KDF ဝင်​ရောက်တိုက်ခိုက် (ရုပ်သံ)

လွိုင်​ကော်မြို့ ခရိုင်စု​ပေါင်းရုံးကို KDF ဝင်​ရောက်တိုက်ခိုက်

–People’s Spring

ကယားပြည်နယ် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ ခရိုင်စုပေါင်းရုံးကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားသုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) က ယနေ့(ဇန်နဝါရီ ၄ ရက်)တွင် ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ဇန်နဝါရီ ၃ရက် ည၁၁နာရီခန့်တွင် ပြည်သူများ၏သတင်းပေးပို့ချက်အရ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) နှင့် GZ-21 ညီနောင် နှစ်ဖွဲ့ပူးပေါင်း၍ ခရိုင်စုပေါင်းရုံးရှိ ကင်းပုန်းများကို ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မူအတွင်း စစ်​ကောင်စီဘက်မှသုံးဦးထက်မနည်းထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခေတ်ခဲ့သဖြင့် လက်နက်အင်းအားမမျှသောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရသည်။

“သူတို့(စစ်တပ်)က အင်အား တိုးထားတယ်လို့ သတင်းပို့ချက်အရ ကျွန်တော်တို့ ရှောင်တခင်ဝင်တိုက်တာပေါ့။ သူတို့ဘက်က လက်နက်ကြီးသုံးလုံးသုံးတယ်။ပြီးတော့ ပွိုင့် ၅ လို စက်လက်နက်တွေပါ သုံးခဲ့တာ။

တိုက်ပွဲက ၁၅ မိနစ်လောက် ကြာခဲ့တယ်။ကျွန်တော်တို့ ပူးပေါင်းအဖွဲ့က ဒဏ်ရာရခဲ့တာမရှိခဲ့ဘူး”ဟု KDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ ခရိုင်စုပေါင်းရုံးကို KDF ကတိုက်ခိုက်ခြင်းမှာ ယခုအကြိမ် အပါအဝင်သုံးကြိမ်မြောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၁ ရက်က လွိိုင်ကော်မြို့ စုပေါင်းခရိုင်ရုံးအတွင်း ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဝင်တိုက်ရာ စစ်သားသုံးဦးသေဆုံးပြီး ငါးဦး ဒဏ် ရာရရှိခဲ့ကြောင်း KDFက ထုတ်ပြန်ထားသည်။

မြို့ပြ ပြောက်ကြားအဖွဲ့ဖြစ်သည့် KDFသည် လွိိုင်ကော် နှင့် ဒီးမော့ဆိုမြို့ကို အခြေပြုကာ မြို့တွင်းတိုက်ပွဲများ ဆက်တိုက်လုပ်ဆောင်နေပြီး Non CDM များကို ဖမ်းဆီးအရေးယူခြင်းနှင့် စစ်ကောင်စီ ထောက်တိုက်များကို ဖျက်ဆီးနိုင်နေသည်။

လြိဳင္​ေကာ္ၿမိဳ႕ ခရိုင္စု​ေပါင္း႐ုံးကို KDF ဝင္​ေရာက္တိုက္ခိုက္ (႐ုပ္သံ)

–People’s Spring

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕ ေဒါဥခူရပ္ကြက္ရွိ ခရိုင္စုေပါင္း႐ုံးကို ဝင္ေရာက္တိုက္ခိုက္ရာ စစ္ေကာင္စီတပ္သားသုံးဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိေၾကာင္း ကရင္နီဒီမိုကရက္တစ္တပ္ဦး (KDF) က ယေန႔(ဇန္နဝါရီ ၄ ရက္)တြင္ ထုတ္ျပန္သည္။

တိုက္ပြဲ ျဖစ္စဥ္မွာ ဇန္နဝါရီ ၃ရက္ ည၁၁နာရီခန႔္တြင္ ျပည္သူမ်ား၏သတင္းေပးပို႔ခ်က္အရ ကရင္နီဒီမိုကရက္တစ္တပ္ဦး (KDF) ႏွင့္ GZ-21 ညီေနာင္ ႏွစ္ဖြဲ႕ပူးေပါင္း၍ ခရိုင္စုေပါင္း႐ုံးရွိ ကင္းပုန္းမ်ားကို ေရွာင္တခင္ ဝင္ေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

တိုက္ခိုက္မူအတြင္း စစ္​ေကာင္စီဘက္မွသုံးဦးထက္မနည္းထိခိုက္ဒဏ္ရာ ရရွိခဲ့ၿပီး လက္နက္ႀကီးမ်ားျဖင့္ ရမ္းသမ္းပစ္ေခတ္ခဲ့သျဖင့္ လက္နက္အင္းအားမမၽွေသာေၾကာင့္ ျပန္လည္ ဆုတ္ခြာခဲ့ရသည္။

“သူတို႔(စစ္တပ္)က အင္အား တိုးထားတယ္လို႔ သတင္းပို႔ခ်က္အရ ကၽြန္ေတာ္တို႔ ေရွာင္တခင္ဝင္တိုက္တာေပါ့။ သူတို႔ဘက္က လက္နက္ႀကီးသုံးလုံးသုံးတယ္။ၿပီးေတာ့ ပြိဳင့္ ၅ လို စက္လက္နက္ေတြပါ သုံးခဲ့တာ။ တိုက္ပြဲက ၁၅ မိနစ္ေလာက္ ၾကာခဲ့တယ္။ကၽြန္ေတာ္တို႔ ပူးေပါင္းအဖြဲ႕က ဒဏ္ရာရခဲ့တာမရွိခဲ့ဘူး”ဟု KDF တာဝန္ရွိသူတစ္ဦးက လူထုေႏြဦးသို႔ ေျပာသည္။

အဆိုပါ ခရိုင္စုေပါင္း႐ုံးကို KDF ကတိုက္ခိုက္ျခင္းမွာ ယခုအႀကိမ္ အပါအဝင္သုံးႀကိမ္ေျမာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

ဇန္နဝါရီ ၁ ရက္က လြိိုင္ေကာ္ၿမိဳ႕ စုေပါင္းခရိုင္႐ုံးအတြင္း ကင္းပုန္းဝပ္ေနသည့္ အၾကမ္းဖက္စစ္ေကာင္စီတပ္ကို ဝင္တိုက္ရာ စစ္သားသုံးဦးေသဆုံးၿပီး ငါးဦး ဒဏ္ ရာရရွိခဲ့ေၾကာင္း KDFက ထုတ္ျပန္ထားသည္။

ၿမိဳ႕ၿပ ေျပာက္ၾကားအဖြဲ႕ျဖစ္သည့္ KDFသည္ လြိိုင္ေကာ္ ႏွင့္ ဒီးေမာ့ဆိုၿမိဳ႕ကို အေျချပဳကာ ၿမိဳ႕တြင္းတိုက္ပြဲမ်ား ဆက္တိုက္လုပ္ေဆာင္ေနၿပီး Non CDM မ်ားကို ဖမ္းဆီးအေရးယူျခင္းႏွင့္ စစ္ေကာင္စီ ေထာက္တိုက္မ်ားကို ဖ်က္ဆီးနိုင္ေနသည္။