ၾကားသိသမွ်

ကသာခရိုင်၌ အကြမ်းဖက်စစ်ကောင်စီတပ်ရေယာဥ် ၂ စီးအား PDF များ တိုက်ခိုက်ခဲ့ရာ ၃၀ ဦးထက်မနည်း သေဆုံး

ကသာခရိုင်၌ အကြမ်းဖက်စစ်ကောင်စီတပ်ရေယာဥ် ၂ စီးအား PDF များ တိုက်ခိုက်ခဲ့ရာ ၃၀ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်အတွင်းရှိ ထီးချိုင့်နှင့် ကသာမြို့နယ်ကြားတွင်အကြမ်းဖက်စစ်ကောင်စီတပ် ရေယာဥ် ၂ စီးကို ဒေသခံ

မဟာမိတ်တပ်များက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ၃၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် ရိက္ခာနှင့် လက်နက်များတင်ဆောင်လာသော

စစ်သင်္ဘော ၂ စီး (ပုံညာ နှင့် ပြဒါးရှင်) ကို ထီးချိုင့် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု များမှ သုံးနေရာခွဲ၍ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ

အကြမ်းဖက်စစ်ကောင်စီတပ်မှ ၃၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု Tigyaing Revolution-TR က ဖော်ပြထားသည်။


ထိုတိုက်ခိုက်မှုအတွင်း ဒေသခံတပ်များက RPG ဖြင့် ပစ်ခတ်ခဲ့ရာ ရေယာဥ် စလင်ခန်းထိမှန်ခဲ့ပြီး

သင်္ဘော တစ်စီးမှာ ထိခိုက်ပျက်ဆီးမှုရှိခဲ့သည်။

ထို့နောက် သင်္ဘော ၂စီးမှာ ဆက်လက်ဆန်တက်လာရာ နေ့လည်၂:၅၀ နာရီခန့်၌ ကသာ ညောင်ခြေထောက်ရွာအရောက်တွင် ကသာ PDF

မှ RPG ဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ၂ ဦး သေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

သံလွင်ခက်




သည်။








သံလွင်ခက်