ၾကားသိသမွ်

အလှူမှပြန်လာသည့် ယာဉ်တစ်စီး ရေကန်ထဲ ထိုးကျသွားရာမှ ကလေးငယ်တစ်ဦး အပါအဝင် (၅)ဦး ေသဆုံး

အလှူမှပြန်လာသည့် ယာဉ်တစ်စီး ရေကန်ထဲ ထိုးကျသွားရာမှ ကလေးငယ်တစ်ဦး အပါအဝင် (၅)ဦး သေဆုံး

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ချောင်းဟောင်းကျေးရွာအနီးတွင် ယာဉ်တိမ်းမှောက်ကာ ရေကန်ထဲနစ်မြုပ်ခဲ့သဖြင့် (၄)နှစ်အရွယ် ကလေး

တစ်ဦး အပါအဝင် (၅)ဦး သေဆုံးသွားကြောင်း စိတ္တသုခတွံတေးလူမှုကူညီရေးအသင်းထံမှ သိရသည်။


၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂)ရက်၊ နေ့လည်ပိုင်းက အလှူမှ ကာတီးနားကြက်တူရွေးယာဥ် အမျိုးအစားဖြင့် လူ(၆)ဦး စီးနင်းလာစဉ်

မတော်တဆဖြစ်ကာ ရေကန်ထဲထိုးကျနစ်မြုပ်သွားခြင်းဖြစ်သည်။


“ကားမြုပ်သွားတယ်လို့ ဖုန်းဆက်လို့ ကျွန်တော်တို့က သွားခေါ်ပေးတာ။ လူကတော့(၅)ယောက် ရေမွန်းပြီး ဆုံးသွားတယ်။ (၄)နှစ်အရွယ်

ကလေး တစ်ယောက်ပါတယ်။ ယာဉ်မောင်းတစ်ဦးပဲ အသက်ရှင်တယ်။”ဟု စိတ္တသုခတွံတေးလူမှုကူညီရေးအသင်းထံမှ တာဝန်ရှိသူတစ်ဦး

က တာချီလိတ်သတင်းအေဂျင်စီကို ဇန်နဝါရီလ(၃)ရက်နေ့တွင် ပြောသည်။


တိမ်းမှောက် နှစ်မြုပ်သွားသည့် ယာဉ်အတွင်းမှ လူများကို ဒေသခံများက ဆွဲထုတ်ပေးခဲ့ရပြီး ယာဉ်ကို စိတ္တသုခတွံတေးလူမှုကူညီရေး

အသင်း၏ ကရိန်းဖြင့် ဆယ်ယူခဲ့ရသည်ဟု ဆိုသည်။

သေဆုံးသွားသူများမှာ ဆွေမျိုးသားချင်းနီးစပ်သူများဖြစ်ပြီး တွံတေးမြို့အပိုင် တမွတ်က‌လေးကျေးရွာဘက်တွင် အလှူလုပ်ပြီးပြန်အလာ

ယာဉ်မတော်တဆမှုဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ စိတ္တသုခတွံတေးလူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆိုသည်။


သေဆုံးသွားသူများမှာ မည်သည့်ကျေးရွာက ဆိုသည်ကို မသိရှိရသော်လည်း တွံတေးမြို့ပေါ်က တစ်ဦးပါဝင်ကြောင်း သိရပြီး ၎င်းတို့ကို

တွံတေးဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။ Source; TNA

Zawgyi

အလႉမွျပန္လာသည့္ ယာဥ္တစ္စီး ေရကန္ထဲ ထိုးက်သြားရာမွ ကေလးငယ္တစ္ဦး အပါအဝင္ (၅)ဦး ေသဆုံး

ရန္ကုန္တိုင္း၊ တြံေတးၿမိဳ႕နယ္၊ ေခ်ာင္းေဟာင္းေက်းရြာအနီးတြင္ ယာဥ္တိမ္းေမွာက္ကာ ေရကန္ထဲနစ္ျမဳပ္ခဲ့သျဖင့္ (၄)ႏွစ္အရြယ္

ကေလးတစ္ဦး အပါအဝင္ (၅)ဦး ေသဆုံးသြားေၾကာင္း စိတၱသုခတြံေတးလူမႈကူညီေရးအသင္းထံမွ သိရသည္။

၂၀၂၂ခုႏွစ္ ဇန္နဝါရီလ(၂)ရက္၊ ေန႔လည္ပိုင္းက အလႉမွ ကာတီးနားၾကက္တူေရြးယာဥ္ အမ်ိဳးအစားျဖင့္ လူ(၆)ဦး စီးနင္းလာစဥ္

မေတာ္တဆျဖစ္ကာ ေရကန္ထဲထိုးက်နစ္ျမဳပ္သြားျခင္းျဖစ္သည္။

“ကားျမဳပ္သြားတယ္လို႔ ဖုန္းဆက္လို႔ ကၽြန္ေတာ္တို႔က သြားေခၚေပးတာ။ လူကေတာ့(၅)ေယာက္ ေရမြန္းၿပီး ဆုံးသြားတယ္။

(၄)ႏွစ္အရြယ္ကေလး တစ္ေယာက္ပါတယ္။ ယာဥ္ေမာင္းတစ္ဦးပဲ အသက္ရွင္တယ္။”ဟု စိတၱသုခတြံေတးလူမႈကူညီေရးအသင္းထံမွ

တာဝန္ရွိသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီကို ဇန္နဝါရီလ(၃)ရက္ေန႔တြင္ ေျပာသည္။

တိမ္းေမွာက္ ႏွစ္ျမဳပ္သြားသည့္ ယာဥ္အတြင္းမွ လူမ်ားကို ေဒသခံမ်ားက ဆြဲထုတ္ေပးခဲ့ရၿပီး ယာဥ္ကို စိတၱသုခတြံေတးလူမႈကူ

ညီေရးအသင္း၏ ကရိန္းျဖင့္ ဆယ္ယူခဲ့ရသည္ဟု ဆိုသည္။

ေသဆုံးသြားသူမ်ားမွာ ေဆြမ်ိဳးသားခ်င္းနီးစပ္သူမ်ားျဖစ္ၿပီး တြံေတးၿမိဳ႕အပိုင္ တမြတ္က‌ေလးေက်းရြာဘက္တြင္ အလႉလုပ္ၿပီးျပန္

အလာ ယာဥ္မေတာ္တဆမႈျဖစ္ေၾကာင္း ေဒသခံမ်ား၏ ေျပာၾကားခ်က္အရ စိတၱသုခတြံေတးလူမႈကူညီေရးအသင္း တာဝန္ရွိ

သူက ဆိုသည္။

ေသဆုံးသြားသူမ်ားမွာ မည္သည့္ေက်းရြာက ဆိုသည္ကို မသိရွိရေသာ္လည္း တြံေတးၿမိဳ႕ေပၚက တစ္ဦးပါဝင္ေၾကာင္း သိရၿပီး

၎တို႔ကို တြံေတးေဆး႐ုံသို႔ ပိုေဆာင္ေပးခဲ့ေၾကာင္း သိရသည္။ Source; TNA