ၾကားသိသမွ်

ဗိုလ်နဂါး ဦး​ဆောင်သည့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)ကို တစ်နိုင်ငံလုံးလွှမ်းခြုံမည့် မြန်မာ့တော်ဝင်နဂါးတပ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်း

စစ်​ကောင်စီတပ်ကို ​သုတ်သင်နေသည့် ဗိုလ်နဂါး ဦး​ဆောင်သည့် PPDFတပ်မှာ ​ဒေသကာကွယ်​ရေးအဆင့်မှ တစ်နိုင်ငံလွှမ်းခြုံသည့်တပ်

အဖြစ် ​ပြောင်းလဲဖွဲ့စည်း

(အောက်တွင်ရုပ်သံပါသည်)

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေသည့် စစ်ကိုင်းတိုင်းမှ နာမည်ကျော် ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)ကို

တစ်နိုင်ငံလုံးလွှမ်းခြုံမည့် မြန်မာ့တော်ဝင်နဂါးတပ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း အဆိုပါအဖွဲ့ဦးဆောင်သူ ဗိုလ်နဂါးက

ပြောသည်။

အာဏာလု အကြမ်းဖက်စစ်တပ်ကို နည်းမျိုးစုံဖြင့် ဆန့်ကျင်နေကြသော နိုင်ငံ၏ဒေသအသီးသီးမှ တော်လှန်ရေးနှင့် နိုင်ငံရေးအင်အားစုများ

ကို စုစည်းရန် မြန်မာ့တော်ဝင် နဂါးတပ်တော် ( MRDA)ကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။


“အခုဆိုရင် ထိုက်သင့် အားလျော်စွာ ပြည်သူလူထုရဲ့ဝန်းရံမှုလည်းရလာပြီ၊ အောင်မြင်မှုလည်းရလာပြီ။အဲဒီတော့ ပုလဲပြည်သူ့ကာ ကွယ်

ရေးတပ်ဖွဲ့ရဲ့နေရာကနေပြီးတော့ ပုလဲမြို့ကို ကိုယ်စားမပြုတော့ဘဲနဲ့ တစ်နိုင်ငံလုံးရဲ့ ဒေသစုံမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကို

စုစည်းပြီးတော့ လွတ်လပ်ရေးပန်းတိုင်ဆီကို ချီတက်ဖို့ စိတ်ကူးနဲ့ ဒေသစုံလွှမ်းခြုံတဲ့အဖွဲ့အစည်းတစ်ခု ဖန်တီးလိုက်တယ်။အဲဒါကတော့ မြ

န်မာ့တော်ဝင်နဂါးတပ်တော်ကို ဖွဲ့စည်းထူထောင်လိုက်တယ်”ဟု ဗိုလ်နဂါးက ပြောသည်။


ထို့အပြင် မြန်မာ့တော်ဝင် နဂါးတပ်တော် ( MRDA) ဖွဲ့စည်းခြင်းကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)နှင့် ကာကွယ်ရေးဝန်ကြီးဌာနကို

အကြောင်းပြုကာ ၎င်းတို့၏ အသိအမှတ်ပြုမှုနှင့် ထိုက်သင့်အားလျော်သည့် ပံ့ပိုးမှု နှင့် တော်လှန်ရေးခရီးကို ဆက်လျှောက်ရန် စီစဥ်ထား

ကြောင်းလည်း အသိပေးသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်မည့် MRDA တွင် ပြည့်စုံလုံလောက်မှုမရှိသေးသည့်အတွက် ပြည်သူများဝန်းရံမှုသည်လည်း အဓိက

လိုအပ်ကြောင်းလည်း ဗိုလ်နဂါးက မေတ္တာရပ်ခံသည်။


MRDA သည် စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ပြတ်ချေမှုန်းရန် နှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်ရန် ရည်ရွယ်ချက်ဖြ

င့် ဖွဲ့စည်းခဲ့သည်။

အလားတူ နိုင်ငံတစ်ဝန်း စစ်အုပ်ချုပ်ရေးယန္တရား လုံးဝပျက်စီးရပ်ဆိုင်းသွားသည်အထိ တိုက်ခိုက်ချေမှုန်းမည်ဟု ကတိပြုသည်။

NUG ၏ လက်ရုံးသဖွယ်ခံယူပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ဒေသတွင်းတော်လှန်ရေးအဖွဲ့အစည်းများ၊ပြည်တွင်း၊ပြည်ပ

နိုင်ငံရေးအင်အားစုများနှင့်ချိတ်ဆက်၍ အကြမ်းဖက်စစ်အုပ်စုကို ပြင်းထန်သော ထိုးစစ်များဆင်နွှဲမည်ဟု MRDA က ဆိုသည်။

Source; People’s Spring

credit; video & photo

စစ္​ေကာင္စီတပ္ကို ​သုတ္သင္ေနသည့္ ဗိုလ္နဂါး ဦး​ေဆာင္သည့္ PPDFတပ္မွာ ​ေဒသကာကြယ္​ေရးအဆင့္မွ တစ္နိုင္ငံလႊမ္းျခဳံသည့္တပ္အျဖ

စ္ ​ေျပာင္းလဲဖြဲ႕စည္း

အၾကမ္းဖက္စစ္ေကာင္စီကို ေတာ္လွန္ေနသည့္ စစ္ကိုင္းတိုင္းမွ နာမည္ေက်ာ္ ပုလဲၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕

(PPDF)ကို တစ္နိုင္ငံလုံးလႊမ္းျခဳံမည့္ ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္အျဖစ္ ေျပာင္းလဲဖြဲ႕စည္းေၾကာင္း အဆိုပါအ

ဖြဲ႕ဦးေဆာင္သူ ဗိုလ္နဂါးက ေျပာသည္။

အာဏာလု အၾကမ္းဖက္စစ္တပ္ကို နည္းမ်ိဳးစုံျဖင့္ ဆန႔္က်င္ေနၾကေသာ နိုင္ငံ၏ေဒသအသီးသီးမွ ေတာ္လွန္ေရးႏွင့္ နိုင္ငံေရးအင္

အားစုမ်ားကို စုစည္းရန္ ျမန္မာ့ေတာ္ဝင္ နဂါးတပ္ေတာ္ ( MRDA)ကို ဖြဲ႕စည္းျခင္းျဖစ္သည္ဟု ၎က ရွင္းျပသည္။

“အခုဆိုရင္ ထိုက္သင့္ အားေလ်ာ္စြာ ျပည္သူလူထုရဲ့ဝန္းရံမႈလည္းရလာၿပီ၊ ေအာင္ျမင္မႈလည္းရလာၿပီ။အဲဒီေတာ့ ပုလဲျပည္

သူ႔ကာ ကြယ္ေရးတပ္ဖြဲ႕ရဲ့ေနရာကေနၿပီးေတာ့ ပုလဲၿမိဳ႕ကို ကိုယ္စားမျပဳေတာ့ဘဲနဲ႔ တစ္နိုင္ငံလုံးရဲ့ ေဒသစုံမွာရွိတဲ့ ေတာ္လွ

န္ေရးအင္အားစုေတြကို စုစည္းၿပီးေတာ့ လြတ္လပ္ေရးပန္းတိုင္ဆီကို ခ်ီတက္ဖို႔ စိတ္ကူးနဲ႔ ေဒသစုံလႊမ္းျခဳံတဲ့အဖြဲ႕အစည္းတစ္ခု

ဖန္တီးလိုက္တယ္။အဲဒါကေတာ့ ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္ကို ဖြဲ႕စည္းထူေထာင္လိုက္တယ္”ဟု ဗိုလ္နဂါးက ေျပာသည္။

ထို႔အျပင္ ျမန္မာ့ေတာ္ဝင္ နဂါးတပ္ေတာ္ ( MRDA) ဖြဲ႕စည္းျခင္းကို အမ်ိဳးသားညီညြတ္​ေရးအစိုးရ(NUG)ႏွင့္ ကာကြ

ယ္ေရးဝန္ႀကီးဌာနကို အေၾကာင္းျပဳကာ ၎တို႔၏ အသိအမွတ္ျပဳမႈႏွင့္ ထိုက္သင့္အားေလ်ာ္သည့္ ပံ့ပိုးမႈ ႏွင့္ ေတာ္လွန္ေ

ရးခရီးကို ဆက္ေလၽွာက္ရန္ စီစဥ္ထားေၾကာင္းလည္း အသိေပးသည္။

တစ္နိုင္ငံလုံးအတိုင္းအတာျဖင့္ စတင္မည့္ MRDA တြင္ ျပည့္စုံလုံေလာက္မႈမရွိေသးသည့္အတြက္ ျပည္သူမ်ားဝန္းရံမႈသည္လ

ည္း အဓိက လိုအပ္ေၾကာင္းလည္း ဗိုလ္နဂါးက ေမတၱာရပ္ခံသည္။

MRDA သည္ စစ္အာဏာရွင္စနစ္ဆိုးကို အျမစ္ျပတ္ေခ်မႈန္းရန္ ႏွင့္ ဖက္ဒရယ္ဒီမိုကေရစီ နိုင္ငံေတာ္ကို တည္ေဆာက္ရန္ ရည္ရြယ္ခ်က္ျဖ

င့္ ဖြဲ႕စည္းခဲ့သည္။

အလားတူ နိုင္ငံတစ္ဝန္း စစ္အုပ္ခ်ဳပ္ေရးယႏၲရား လုံးဝပ်က္စီးရပ္ဆိုင္းသြားသည္အထိ တိုက္ခိုက္ေခ်မႈန္းမည္ဟု ကတိျပဳသည္။

NUG ၏ လက္႐ုံးသဖြယ္ခံယူၿပီး တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၊ ေဒသတြင္းေတာ္လွန္ေရးအဖြဲ႕အစည္းမ်ား၊ျပည္တြ

င္း၊ျပည္ပ နိုင္ငံေရးအင္အားစုမ်ားႏွင့္ခ်ိတ္ဆက္၍ အၾကမ္းဖက္စစ္အုပ္စုကို ျပင္းထန္ေသာ ထိုးစစ္မ်ားဆင္ႏႊဲမည္ဟု MRDA က ဆိုသည္။

Source;People’s Spring