ၾကားသိသမွ်

ပြည်သူ့အသက်အိုးအိမ်ကို ဖျက်ဆီးသူမှန်သမျှ မကြာခင် ရာဇဝတ်သားဖြစ်မယ်

ပြည်သူ့အသက်အိုးအိမ်ကို ဖျက်ဆီးသူမှန်သမျှ မကြာခင် ရာဇဝတ်သားဖြစ်မယ်

ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးသူမှန်သမျှဟာ သိပ်မကြာခင်အချိန်အတွင်း ရာဇဝတ်သားဖြစ်လာ မယ်ဆိုတာ သိရှိကြဖို့

လိုကြောင်း အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးကသတိပေးလိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ စစ်မြေပြင်အတွင်း ကျင့်ဝတ်ကင်းမဲ့စွာနဲ့ ထင်ရသလို စည်းလွတ်ဘောင်လွတ် ပြုမူ နေသလို ပြည်သူတွေရဲ့

အသက်အိုးအိမ်စည်းစိမ်ကိုပါ သတ်ဖြတ်ဖျက်ဆီးနေခြင်းဟာ အင်မတန်ကြီးလေးတဲ့ ရာဇဝတ်မှုကို ကိုယ်ထိလက်ရောက်ကျူးလွန်နေခြင်း

ဖြစ်တယ်လို့ သူကပြောပါတယ်။


‘ပြည်သူကိုသတ်ဖြတ်တာ၊ပြည်သူ့အိုးအိမ်စည်းစိမ်ကိုလုယက်တယ်ဆိုတာ ဒီနေ့ခေတ်မှာ ဘယ်လိုမှ လိမ်လို့မ ရအောင်သက်သေ

အထောက်အထားအခိုင်အမာရှိတယ်။ဘယ်သူဦးဆောင်တဲ့တပ်ဖွဲ့တွေက ဘယ်ရွာကိုဝင်ပြီး ပစ္စည်းတွေလုတယ်၊အိမ်မီးရှို့တယ်ဆိုတာမျိုး

ကို ဒီနေ့ခေတ်မှာ အလွယ်တကူရှာရမခက်ဘူးဆိုတာသ ဘော ပေါက်ကြ ဖို့လိုတယ်။ကိုယ့်လုပ်ရပ်ကိုယ်တစ်ချိန်မှာ တာဝန်ခံရမယ်။အဲဒီ

တစ်ချိန်ဟာလည်း သိပ်မကြာတော့ ဘူးဆိုတာ သဘောပေါက်ဖို့လိုပြီ’လို့ သူကပြောပါတယ်။


ဒီဇင်ဘာ၂၄ရက်နေ့၊ဖရူဆိုမြို့နယ်အတွင်း အရပ်သားပြည်သူတွေကို မီးရှို့သတ်ဖြတ်ခြင်းဟာ ဘယ်ကမ္ဘာကမှ လက်မခံတဲ့ အောက်တန်း

အကျဆုံးအကြမ်းဖက်လုပ်ရပ်ဖြစ်သလို နိုင်ငံအနှံ့ပြည်သူ့အိုးအိမ်တွေကိုလုယက် ဖျက်ဆီးနေခြင်းနဲ့ ပြည်သူ့အသက်ကို အလွယ်တကူ

သတ်ဖြတ်နေခြင်းအပေါ် ပြည်သူတွေက ခွင့်လွှတ်မှာမ ဟုတ်ဘူးဆိုတာကို အလေးအနက်နားလည်ကြဖို့လိုတယ်လို့သူကထပ်ပြောပါတယ်။


‘အထက်ကခိုင်းလို့ပါဆိုပြီး အကြောင်းပြလို့မရဘူး။စစ်သားတစ်ယောက်ဆိုတာ အထက်အမိန့်ထက် ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို

စောင့်ရှောက်ဖို့ကကိုယ့်အသက်လိုအရေးကြီးတယ်။ရွာတွေထဲဝင် တွေ့တဲ့လူ သတ်၊ပြည်သူတွေအိမ်ထဲဝင်ပြီး ရှိသမျှမွှေနှောက်လုယက်နေ

တယ်ဆိုတာ စစ်သားတစ်ယောက်ရဲ့အပြုအမူ လား၊ဓားပြရဲ့အပြုအမူလားဆိုတာ သိကြဖို့ကောင်းတယ်’လို့ သူကဆက်ပြောပါတယ်။

မင်းအောင်လှိုင်နဲ့အဖွဲ့ကို ဘယ်နိုင်ငံကမှ လက်မခံတာ၊ပြည်သူကို ဘာ့ကြောင့်သတ်ဖြတ်ခိုင်းနေသလဲဆိုတာ သဘောပေါက်ကြဖို့ကောင်းပြီ

လို့လည်းသူကဆိုပါတယ်။


‘သဘောမပေါက်ရင် ကိုယ်ပါခံရတော့မယ်ဆိုတာသိကြပါ။ပြည်သူကိုဘယ်သူ့အတွက်သတ်ခိုင်းနေတာလဲ။အဲဒီ မေးခွန်းကို ကိုယ့်ဘာသာ

ကြိတ်ဖြေပြီး သက်ပြင်းချနေရမယ့်အချိန်လည်းမဟုတ်တော့ဘူး။အလင်းဝင်ရမယ့်အ ချိန်ပါ’လို့သူကဆက်ပြောပါတယ်။ DNA

Zawgyi

ျပည္သူ႔အသက္အိုးအိမ္ကို ဖ်က္ဆီးသူမွန္သမၽွ မၾကာခင္ ရာဇဝတ္သားျဖစ္မယ္

ျပည္သူေတြရဲ့ အသက္အိုးအိမ္စည္းစိမ္ကို ဖ်က္ဆီးသူမွန္သမၽွဟာ သိပ္မၾကာခင္အခ်ိန္အတြင္း ရာဇဝတ္သားျဖစ္လာ မယ္ဆိုတာ သိရွိၾကဖို႔လိုေၾ

ကာင္း အၿငိမ္းစားတပ္အရာရွိႀကီးတစ္ဦးကသတိေပးလိုက္ပါတယ္။

အၾကမ္းဖက္စစ္တပ္ဟာ စစ္ေျမျပင္အတြင္း က်င့္ဝတ္ကင္းမဲ့စြာနဲ႔ ထင္ရသလို စည္းလြတ္ေဘာင္လြတ္ ျပဳမူ ေနသလို ျပည္သူေတြရဲ့

အသက္အိုးအိမ္စည္းစိမ္ကိုပါ သတ္ျဖတ္ဖ်က္ဆီးေနျခင္းဟာ အင္မတန္ႀကီးေလးတဲ့ ရာဇဝတ္မႈကို ကိုယ္ထိလက္ေရာက္က်ဴးလြန္ေနျခင္းျဖစ္တ

ယ္လို႔ သူကေျပာပါတယ္။

‘ျပည္သူကိုသတ္ျဖတ္တာ၊ျပည္သူ႔အိုးအိမ္စည္းစိမ္ကိုလုယက္တယ္ဆိုတာ ဒီေန႔ေခတ္မွာ ဘယ္လိုမွ လိမ္လို႔မ ရေအာင္သက္ေသအေထာက္အထားအခိုင္အ

မာရွိတယ္။

ဘယ္သူဦးေဆာင္တဲ့တပ္ဖြဲ႕ေတြက ဘယ္ရြာကိုဝင္ၿပီး ပစၥည္းေတြလုတယ္၊အိမ္မီးရွို႔တယ္ဆိုတာမ်ိဳးကို ဒီေန႔ေခတ္မွာ အလြယ္တကူရွာရမခ

က္ဘူးဆိုတာသ ေဘာ ေပါက္ၾက ဖို႔လိုတယ္။ကိုယ့္လုပ္ရပ္ကိုယ္တစ္ခ်ိန္မွာ တာဝန္ခံရမယ္။အဲဒီတစ္ခ်ိန္ဟာလည္း သိပ္မၾကာေတာ့ ဘူးဆိုတာ သေ

ဘာေပါက္ဖို႔လိုၿပီ’လို႔ သူကေျပာပါတယ္။

ဒီဇင္ဘာ၂၄ရက္ေန႔၊ဖ႐ူဆိုၿမိဳ႕နယ္အတြင္း အရပ္သားျပည္သူေတြကို မီးရွို႔သတ္ျဖတ္ျခင္းဟာ ဘယ္ကမၻာကမွ လက္မခံတဲ့ ေအာက္တ

န္းအက်ဆုံးအၾကမ္းဖက္လုပ္ရပ္ျဖစ္သလို

နိုင္ငံအႏွံ့ျပည္သူ႔အိုးအိမ္ေတြကိုလုယက္ ဖ်က္ဆီးေနျခင္းနဲ႔ ျပည္သူ႔အသက္ကို အလြယ္တကူသတ္ျဖတ္ေနျခင္းအေပၚ ျပည္သူေ

တြက ခြင့္လႊတ္မွာမ ဟုတ္ဘူးဆိုတာကို အေလးအနက္နားလည္ၾကဖို႔လိုတယ္လို႔သူကထပ္ေျပာပါတယ္။

‘အထက္ကခိုင္းလို႔ပါဆိုၿပီး အေၾကာင္းျပလို႔မရဘူး။စစ္သားတစ္ေယာက္ဆိုတာ အထက္အမိန႔္ထက္ ျပည္သူေတြရဲ့ အသက္အိုးအိမ္ကိုေစာ

င့္ေရွာက္ဖို႔ကကိုယ့္အသက္လိုအေရးႀကီးတယ္။

ရြာေတြထဲဝင္ ေတြ႕တဲ့လူ သတ္၊ျပည္သူေတြအိမ္ထဲဝင္ၿပီး ရွိသမၽွေမႊေႏွာက္လုယက္ေနတယ္ဆိုတာ စစ္သားတစ္ေယာက္ရဲ့အျပဳအမူ

လား၊ဓားျပရဲ့အျပဳအမူလားဆိုတာ သိၾကဖို႔ေကာင္းတယ္’လို႔ သူကဆက္ေျပာပါတယ္။

မင္းေအာင္လွိုင္နဲ႔အဖြဲ႕ကို ဘယ္နိုင္ငံကမွ လက္မခံတာ၊ျပည္သူကို ဘာ့ေၾကာင့္သတ္ျဖတ္ခိုင္းေနသလဲဆိုတာ သေဘာေပါက္ၾက

ဖို႔ေကာင္းၿပီလို႔လည္းသူကဆိုပါတယ္။

‘သေဘာမေပါက္ရင္ ကိုယ္ပါခံရေတာ့မယ္ဆိုတာသိၾကပါ။ျပည္သူကိုဘယ္သူ႔အတြက္သတ္ခိုင္းေနတာလဲ။အဲဒီ ေမးခြန္းကို ကိုယ့္ဘာသာႀ

ကိတ္ေျဖၿပီး သက္ျပင္းခ်ေနရမယ့္အခ်ိန္လည္းမဟုတ္ေတာ့ဘူး။အလင္းဝင္ရမယ့္အ ခ်ိန္ပါ’လို႔သူကဆက္ေျပာပါတယ္။ DNA