ၾကားသိသမွ်

နိုင်ငံရေးနှင့် ဘာသာရေးဖိနှိပ်မှုများအပေါ် တွန်းလှန်နေသူမြန်မာအပါအဝင် တစ်ဦးချင်းစီတိုင်း၏ ရဲရင့်မှုကို ချားစ်မင်းသား ချီးကျူးဂုဏ်ပြု

နိုင်ငံရေးနှင့် ဘာသာရေးဖိနှိပ်မှုများအပေါ် တွန်းလှန်နေသူမြန်မာအပါအဝင် တစ်ဦးချင်းစီတိုင်း၏ ရဲရင့်မှုကို ချားစ်မင်းသား ချီးကျူးဂုဏ်ပြု

▪️လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများအတွက် ပြည်သူများရပ်တည်ကြရန် တိုက်တွန်း

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းရှိ နိုင်ငံရေးနှင့် ဘာသာရေးဖိနှိပ်မှုများအပေါ် တွန်းလှန်တိုက်ခိုက်နေသူတစ်ဦးချင်းစီတိုင်း၏ ရဲရင့်မှုကို

ဗြိတိန်တော်ဝင် ဝေလမင်းသားချားစ်က ချီးကျူးဂုဏ်ပြုသည်။

ဗြိတိန်တော်ဝင်ဝေလမင်းသားချားစ်၏ နှစ်ကူးမိန့်ခွန်းတွင် ပြည်သူများက လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများအတွက် ရပ်တည်ကြရန်

တိုက်တွန်းရင်း မြန်မာ့အရေးကို ထည့်သွင်းပြောကြားခြင်းဖြစ်သည်။


“အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ မြန်မာနိုင်ငံတို့လို နေရာတွေနဲ့ အခြား ဒေသတွေမှာ ခြိမ်းခြောက်မှုတွေ၊ နိုင်ငံရေးနဲ့ဘာသာရေးဆိုင်ရာဖိနှိပ်မှု

အရှိတရားတွေနဲ့ မလုံခြုံမှုက လူသားချင်းစာ နာမှုအခြေအနေဆိုးရွားမြင့်တက်လာခြင်းနဲ့အတူ ဒွန်တွဲနေပါတယ်”ဟု ချားစ်မင်းသား က

ပြောသည်။


ဆက်လက်ပြီး ချားစ်မင်းသားက အဆိုပါ ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် ဆုမွန်ကောင်းတောင်းခဲ့ပြီး အကူအညီလိုအပ်နေသူများ

ကို မည်သည့်နေရာတွင်ဖြစ်စေကမ္ဘာကြီးက အားပေးထောက်ခံကူညီရမည်ဟု တိုက်တွန်းခဲ့သည်။

#လူထုနွေဦး


ကျူးဂုဏ်ပြု











#လူထုနွေဦး