ၾကားသိသမွ်

နေအိမ်များကို လိုက်လံချိတ်ပိတ်နေသော အကြမ်းဖက်စစ်အုပ်စု မိုင်းဆွဲခံရပြီး ၅ဦးသေဆုံး

တန့်ဆည်မြို့တွင် နေအိမ်များကို လိုက်လံချိတ်ပိတ်နေသော အကြမ်းဖက်စစ်အုပ်စု မိုင်းဆွဲခံရပြီး ၅ဦးသေ

တန့်ဆည်မြို့ပေါ်ရှိ နေအိမ်များကို လိုက်လံချိတ်ပိတ်နေသော စစ်သားများသည် ယနေ့ည‌နေ၃:၀၅နာရီ တန့်ဆည်မြို့၊မြေစာရင်းရုံးတောင်

ဘက်(မြို့ပတ်လမ်းခွဲ)တွင် မိုင်းမိပြီး ၅ဦးသေဆုံးကြောင်း သိရသည်။

Phoenix Defence Force-Taze အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်တွင် စစ်သား၅ဦးသေဆုံးကာ အထိအခိုက်များကြောင်း ထို

အဖွဲ့က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်အုပ်စုသည် တန့်ဆည်မြို့၊မေတ္တာမြိုင်ရပ်ကွက်ရှိ ကိုဇင်မိုးအောင်၏ နေအိမ်နှင့် ရွာသစ်ရွာရှိ ကိုအေးကျော်ဝင်း၏ နေအိမ်တို့

ကို PDFနှင့် ဆက်နွှယ်သည်ဟုဆိုကာ အတင်းအဓမ္မချိတ်ပိတ်ပြီး တန့်ဆည်မြို့မရဲစခန်းသို့အပြန်တွင် မိုင်းဆွဲခံရခြင်း ဖြစ်သည်။

တန့်ဆည်ရဲစခန်းရှိ လူသတ်အကြမ်းဖက်စစ်အုပ်စုက နိုဝင်ဘာလမှစ၍ တန့်ဆည်မြို့ပေါ်ရှိ နေအိမ်(၈)လုံးကို PDFနှင့် ဆက်နွှယ်သည်ဟု

ဆိုကာ အတင်းအဓမ္မ ပိတ်သိမ်းခဲ့သည်။

တန့်ဆည်မြို့နယ်၊ကပေါင်းကျရွာတွင် ယနေ့ညနေ၅နာရီခန့်က အကြမ်းဖက်စစ်သားများ လက်နက်ကြီးဖြင့် ရွာကို ပစ်ခတ်ဝင်ရောက်မှု

ကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

Zawgyi


တန့်ဆည်မြို့ပေါ်ရှိ နေအိမ်များကို လိုက်လံချိတ်ပိတ်နေသော စစ်သားများသည် ယနေ့ည‌နေ၃:၀၅နာရီ တန့်ဆည်မြို့၊မြေစာရင်းရုံးေ

တာင်ဘက်(မြို့ပတ်လမ်းခွဲ)တွင် မိုင်းမိပြီး ၅ဦးသေဆုံးကြောင်း သိရသည်။





ဖြစ်သည်။



