ၾကားသိသမွ်

မိုးမလင်းခင်ထဲက ခုချိန်အထိအ​မှောင်ချခံထားရတဲ့ ရန်ကုန်

မိုးမလင်းခင်ထဲက ခုချိန်အထိအ​မှောင်ချခံထားရတဲ့ ရန်ကုန်

—People’s Spring

နှစ်သစ်ရဲ့ ပထမဆုံးနေ့မိုးမလင်းခင်ထဲက ရန်ကုန်တစ်မြို့လုံး တစ်နေ့လုံးနီးပါး မီးဖြတ်ခံထားရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

မနက် ၅ နာရီခွဲလောက်ကစလို့ တစ်နေကုန်ကို မီးလာတာ တစ်နာရီကျော်ပဲရှိတယ်လို့ ကမာရွတ်မြို့နယ် ဆင်မလိုက်မှာ နေထိုင်သူတစ်ဦး

က ပြောပါတယ်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကတော့ ဓာတ်အားစနစ်ချို့ယွင်းခဲ့လို့ ပြတ်တောက်ခဲ့တာဖြစ်ပြီး ညနေ ၆ နာရီ ၂၃ မိနစ်

မှာ ဓာတ်အားကို အချိန်နဲ့တပြေးညီပို့လွှတ်လျက်ရှိတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ဒါပေမယ့် ရန်ကုန်မြို့ခံတွေကတော့ တစ်နေ့လုံးမီးပြတ်နေတာဟာ ရည်ရွယ်ချက်ရှိရှိ မီးဖြတ်ထားတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

မနေ့ညက နှစ်သစ်ကိုကြိုရင်း မင်းအောင်လှိုင်ကို ညီညီညာညာအော်ဟစ်ဆဲဆို၊ ကြွေးကြော်သံတွေအော်ဟစ်ခဲ့ကြလို့ ဒီနေ့တစ်နေ့လုံးမီး

ဖြတ်ပစ်တာဖြစ်တယ်လို့ စမ်းချောင်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြေပါတယ်။

မနေ့ညက New Year ကို အရင်လို Happy New Year လို့ မအော်ကြတော့ဘဲ နွေဦးတော်လှန်ရေးကြွေးကြော်သံတွေနဲ့အတူ မင်း

အောင်လှိုင်ကိုလည်း နာမည်တဲ့ အော်ဟစ်ဆဲဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက မီးပြန်ပေးနေပြီလို့ကြေညာထားပေမယ့် အခု ည ၈ နာရီကျော်တဲ့အထိ မီးမလာသေး

ဘူး၊ တစ်မြို့လုံးမှောင်မဲနေတယ်လို့ ကမာရွတ်မြို့နယ်ထဲမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

#လူထုနွေဦး

မိုးမလင္းခင္ထဲက ခုခ်ိန္အထိအ​ေမွာင္ခ်ခံထားရတဲ့ ရန္ကုန္

—People’s Spring

ႏွစ္သစ္ရဲ့ ပထမဆုံးေန႔မိုးမလင္းခင္ထဲက ရန္ကုန္တစ္ၿမိဳ႕လုံး တစ္ေန႔လုံးနီးပါး မီးျဖတ္ခံထားရတယ္လို႔ ရန္ကုန္ၿမိဳ႕ခံေတြက ေျပာပါတယ္။

မနက္ ၅ နာရီခြဲေလာက္ကစလို႔ တစ္ေနကုန္ကို မီးလာတာ တစ္နာရီေက်ာ္ပဲရွိတယ္လို႔ ကမာရြတ္ၿမိဳ႕နယ္ ဆင္မလိုက္မွာ ေနထိုင္သူတစ္ဦးက ေျပာပါတယ္။

ရန္ကုန္လၽွပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္းကေတာ့ ဓာတ္အားစနစ္ခ်ိဳ႕ယြင္းခဲ့လို႔ ျပတ္ေတာက္ခဲ့တာျဖစ္ၿပီး ညေန ၆ နာရီ ၂၃ မိနစ္မွာ ဓာတ္အားကို အခ်ိန္နဲ႔တေျပးညီပို႔လႊတ္လ်က္ရွိတယ္လို႔ ထုတ္ျပန္ေၾကညာထားပါတယ္။

ဒါေပမယ့္ ရန္ကုန္ၿမိဳ႕ခံေတြကေတာ့ တစ္ေန႔လုံးမီးျပတ္ေနတာဟာ ရည္ရြယ္ခ်က္ရွိရွိ မီးျဖတ္ထားတာျဖစ္တယ္လို႔ သုံးသပ္ပါတယ္။
မေန႔ညက ႏွစ္သစ္ကိုႀကိဳရင္း မင္းေအာင္လွိုင္ကို ညီညီညာညာေအာ္ဟစ္ဆဲဆို၊ ေႂကြးေၾကာ္သံေတြေအာ္ဟစ္ခဲ့ၾကလို႔ ဒီေန႔တစ္ေန႔လုံးမီးျဖတ္ပစ္တာျဖစ္တယ္လို႔ စမ္းေခ်ာင္းၿမိဳ႕နယ္မွာ ေနထိုင္သူတစ္ဦးက ေျပပါတယ္။

မေန႔ညက New Year ကို အရင္လို Happy New Year လို႔ မေအာ္ၾကေတာ့ဘဲ ေႏြဦးေတာ္လွန္ေရးေႂကြးေၾကာ္သံေတြနဲ႔အတူ မင္းေအာင္လွိုင္ကိုလည္း နာမည္တဲ့ ေအာ္ဟစ္ဆဲဆိုခဲ့ၾကတာလည္းျဖစ္ပါတယ္။

ရန္ကုန္လၽွပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္းက မီးျပန္ေပးေနၿပီလို႔ေၾကညာထားေပမယ့္ အခု ည ၈ နာရီေက်ာ္တဲ့အထိ မီးမလာေသးဘူး၊ တစ္ၿမိဳ႕လုံးေမွာင္မဲေနတယ္လို႔ ကမာရြတ္ၿမိဳ႕နယ္ထဲမွာ ေနထိုင္သူတစ္ဦးက ေျပာပါတယ္။

#လူထုေႏြဦး