ၾကားသိသမွ်

စစ်ကောင်စီတပ်သားသစ်တဦးလျှင် သိန်း ၃၀ ဝန်းကျင်ထိစျေးပေါက်နေ

စစ်ကောင်စီလက်အောက်ခံတပ်များသို့ဝင်ရောက်လိုသူနည်းပါးနေသဖြင့် တပ်သားသစ်တဦးလျှင် သိန်း ၃၀ ဝန်း ကျင်ထိပေး၍ စုဆောင်း

နေပြီး လူသစ်စုနိုင်သည့်စစ်ကောင်စီတပ်ဖွဲ့ဝင်အား ခွင့်တလခွဲပေးနေကြောင်း စစ်ကောင်စီတပ် အသိုင်းအဝိုင်းကပြောဆိုကြောင်း ဧရာဝတီ

တိုင်းမ် သတင်းဖော်ပြချက်အရ သိရပါတယ်။

လက်ရှိတွင်စစ်ကောင်စီတပ်သားသစ်တဦးလျှင်ရေ တပ် နှင့်လေတပ်အတွက် ၁၅ သိန်းဝန်းကျင်၊ လက်ရုံးတပ်အ တွက် ၂၃ သိန်းဝန်းကျင်

နှင့် ခြေလျင်တိုက်ခိုက်ရေးတပ်များအတွက် ၃၀ သိန်းဝန်း ကျင်ထိပေး၍ လိုက်လံစု ဆောင်းနေရကြောင်း သိရသည်။

ယခင်က စစ်သားသစ်တဦးလျှင် ရေတပ်နှင့်လေတပ်တွင် ၇ သိန်းဝန်းကျင်၊ လက်ရုံးတပ်အတွက် ၁၀သိန်းဝန်း ကျင်၊ တိုက်ခိုက်ရေးတပ်များ

အတွက် ၁၅ သိန်းဝန်းကျင်ဖြင့် စုဆောင်းရရှိနေသော်လည်း စစ်အာဏာသိမ်းပြီးနောက် ယခုဈေးနှုန်းများထိပေါက်လာခြင်းဖြစ်သည်။

” ဈေးနှုန်းကတပ်မှူးပေါ်လစီပေါ်မူတည်တယ်။ ရဲဘော်သစ်တယောက်ရှိတယ်ဆိုတဲ့သတင်းကြားတာနဲ့ စု ဆောင်းရေးလောကသားတွေက

အပြိုင်အဆိုင် ဈေးခေါ်ကြတယ်။ အများဆုံးပေးနိုင်တဲ့သူကရတာဘဲ။ ရဲဘော်သစ်စုရတာအရမ်းခက်ခဲတယ်။ အရင်ထဲကမလွယ်တာ။ခုကပို

ဆိုးနေတယ်။ အရင်က ကျွန်တော်တို့ ခြေလျင်/ခြေမြန်ဆို ၁၅ သိန်း ၁၆ သိန်းဆိုတာထန်ကုန်ဘဲ။ အရင်ထက်ဈေးအများကြီးပေးတာတောင်

ဘယ်လိုမှစုလို့ အဆင်မပြေဘူးဖြစ်နေတယ် ။” ဟု နယ်လှည့်စစ်သားစု ဆောင်းရေးလုပ်ဆောင်နေသူတဦးက ပြောဆိုကြောင်း ဧရာဝတီတို

င်းမ် သတင်းမှာ ဖော်ပြထားပါတယ်။


လက်ရှိတွင် စစ်ကောင်စီအကြီးတန်းအရာရှိများက ရသည့်နည်းလမ်းဖြင့် စီမံချက်ရေးဆွဲ၍ စစ်သားသစ်စု ဆောင်းနိုင်ရေး တပ်မှူးများကို

ဖိအားပေးစေခိုင်းနေကြောင်း သိရသည်။

” စစ်သားသစ်ကသူတို့(တပ်မှူး)တွေအတွက်အ ရေးကြီးတယ်။ တိုင်းလေးလပတ်အစည်းအဝေး တွေမှာ လေးလနေလို့မှတယောက်မှမစု

နိုင်ရင် အပြောအဆိုခံရတယ်။ များများစုနိုင်တဲ့သူက ရာထူးတိုးဦးစားပေးခံရသလိုမြန်လည်းမြန်တယ် ။ဒါကြောင့်လည်း အပြိုင်အဆိုင်တွေ

ဈေးပေးကြ တာ။” ဟု မကွေးမြို့အခြေစိုက်အမှတ် (၃) စစ်သားစုဆောင်းရေးတပ်နှင့်နီးစပ်သူတဦးက ပြောသည်။

ထို့ပြင် စစ်သားသစ်တဦးရရှိပါက စုဆောင်းလာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်က ခွင့်တလခွဲ ခံစားခွင့်နှင့် ဆုချီးမြှင့်ခြင်းခံရကြောင်း သိရသည်။

” ရဲဘော်သစ်တယောက်ရရင် ခွင့်တလခွဲရတယ်။ ဒါဘာ (တပ်ရင်းဆန္ဒဖော်ထုတ်ပွဲ)မှာဆုပေးတယ်။အရင်ကဆို တပ်ကထွက်ချင်လို့ ထွက်

ခွင့်မြန်ချင် ရင် ရဲဘော်သစ် ၃ ယောက်စုပေးရတာမျိုးရှိတယ်။ ခုနောက်ပိုင်းတော့ ရဲ ဘော်သစ်ကမရတာများပါတယ် ။’‘ ဟု ရန်ကုန်တိုင်း

လက် အောက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက ပြောသည်။


လက်ရှိတွင် စစ်အုပ်ချုပ်ရေးကာလဖြစ်သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကမတရားသည့်နည်းလမ်းများ ဖြင့်ငွေကြေးရှာဖွေနေပြီး

အဆိုပါငွေများဖြင့်ပင် ရဲဘော်သစ်ရှာဖွေရာတွင်ပြန်လည်အသုံးပြုနေခြင်းဖြစ်သည်ဟု တပ်မတော်သားဟောင်း တဦးကသုံးသပ်ပြောဆို

သည်။


” ခုခေတ်ကသူတို့(စစ်တပ်)ခေတ်ဘဲ။ သူတို့အတွက်ကပိုက်ဆံက လွယ်နေတာ။ သူတို့အိတ်ထဲကစိုက်ရှာရတာမှမဟုတ်တာ။ရဲဘော်သစ်က

သူတို့ပိုက်ဆံရှိရင် တောင် ရှာလို့မလွယ်ဘူး။ ရမယ်ဆိုရင် သိန်း ၃၀ မဟုတ်ဘူး ၄၀ ဆိုလည်းပေးမှာဘဲ။’‘ ဟု ၎င်းကဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သို့ဝင်ရောက်လိုသူနည်းပါးနေပြီး တာဝန်ထမ်းဆောင်ဆဲတပ်ဖွဲ့ဝင်များ သည်လည်း နေ့စဉ်ထိခိုက်သေဆုံးနေ

သဖြင့် ၎င်းတို့ ၏စစ်သည်မိန်းမများကို စစ်သင်တန်းတက်ရောက် ခိုင်း၍လုံခြုံရေးယူခိုင်းနေသည့်အပြင် ရဲတပ်ဖွဲ့၊မီးသတ်၊အကျဉ်းဦးစီးဌာန

များမှ ဝန်ထမ်းများ၏ မိန်းမများကို စစ်သင်တန်းပေး၍ အင် အားဖြည့်တင်းရန်ပြင်ဆင်နေကြောင်း သိရသည်။ credit