ၾကားသိသမွ်

NUG အစိုးရ၏ ငွေတိုက်စာချုပ်များကို KPICT ကငွေပေးချေသော နည်းလမ်း လေးမျိုးနှင့် ရောင်းချပေးမည်

NUG အစိုးရ၏ ငွေတိုက်စာချုပ်များကို KPICT ကငွေပေးချေသော နည်းလမ်း လေးမျိုးနှင့် ရောင်းချပေးမည်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ငွေတိုက်စာချုပ်များကို ငွေပေးချမှု နည်းလမ်းလေးခုဖြင့် ရောင်းချပေးမည်ဟု Kachin Political

Interim Coordination Team-KPICT ယနေ့နေ့လည်ပိုင်းက ထုတ်ပြန်ထားသည်။

အဆိုပါ ငွေတိုက်စာချုပ်များ ဝယ်ယူနိုင်ရေးအတွက် KIO ဘဏ်များတွင် ပေးချေနိုင်ခြင်း၊ KPICT၏ ငွေတိုက်စာချုပ် အရောင်း

ကိုယ်စားလှယ်များမှ တဆင့် ပေးချေနိုင်ခြင်း၊

KPICT ရုံးကို တိုက်ရိုက်ဆက်သွယ်ပေးချေဝယ်ယူနိုင်ခြင်းနှင့် ပြည်ပရှိ KPICT ၏ ဘဏ်အကောင့်များကို တိုက်ရိုက်ပေးချေနိုင်ခြင်း

စသည်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနနှင့် KPICT မှ လက်ခံရရှိငွေကို စစ်ဆေးပြီး လျှင် ၀ယ်

ယူထားသော ငွေတိုက်စာချုပ်ကို တစ်လ အတွင်း ပို့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ယင်းစာချုပ်သည် ငွေတိုက်စာချုပ်ဝယ်ယူထားသူမှ ငွေပြန်လည်ထုတ်ယူရန်အတွက် တခုတည်းသော သက်သေအထောက် အထား ဖြစ်

သည့်အတွက် သေချာသိမ်းဆည်းထားရန်လည်း လိုအပ်မည်ဖြစ်သည်။

အာဏာရှင်စနစ်ကို အမြန်ဆုံးချုပ်ငြိမ်းပျောက်ကွယ်ရန်ကြိုးပန်းရာတွင် ရပ်တည်ချက်တူညီသည့် NUG ၏ လုပ်ငန်းစဉ်များကို ပါဝင်ကူညီ

သောအားဖြင့် ကချင်ဒေသအတွင်း ငွေတိုက်စာချုပ်များကို တာဝန်ယူရောင်းချရခြင်းဖြစ်သည်ဟု KPICT က ထုတ်ပြန်ထားသည်။

နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များကို မြန်မာနိုင်ငံပြည်တွင်း၌ KIO ၏ ငွေကြေးပို့ဆောင်သောစနစ်၊ အုပ်ချုပ်ရေးနှင့် ဘဏ်

စနစ်များအတိုင်း ရောင်းချသွားမည်ဟု NUG အစိုးရက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်က ထုတ်ပြန်ခဲ့ သည်။


NUG က နွေဦးတော်လှန်ရေးအတွက် ငွေတိုက်စာချုပ်ရောင်းချရာတွင် ဒေါ်လာ ၁ ဘီလီယံဖိုး ထုတ် ရောင်းရန် စီစဥ်ထားပြီး ပထမအသုတ်

အနေဖြင့်ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်က စတင်ရောင်းချခဲ့ရာ နှစ်နာရီအတွင်းမှာပင် ဒေါ်လာ ၂ သန်း ဖိုးစတင်ရောင်းခဲ့ပြီး ဝယ်သူအရမ်း

များသည့်အတွက် ရောင်းချသည့် လုပ်ငန်းစဉ်ကို ယာယီရပ်ဆိုင်းခဲ့ရသေးသည်။


ထို့ပြင် ငွေတိုက်စာချုပ်ဝယ်ယူသူများအနက် နိုင်ငံတကာက အမည်ပျက်စာရင်းသွင်းသည့် အာဏာသိမ်း စစ်ကောင်စီ အဖွဲ့ဝင်များနှင့်

နာမည်တူများက NUG ၏ ဘဏ်စာရင်းကို ငွေလွှဲပြောင်းပေးပို့နေ၍ ဘဏ်နှင့် ညှိနှိုင်းဖြေရှင်းလိုသောကြောင့်

ငွေတိုက်စာချုပ်ရောင်းချမူများကို ဆက်လက်ရပ်ဆိုင်းထားမည်ဟု NUG က ဒီဇင်ဘာ ၆ ရက်တွင်ထပ်မံကြေညာခဲ့ပြီး ဒီဇင်ဘာလကုန်

အထိ ရပ်နားခဲ့သည်။

ငွေတိုက်စာချုပ်များကို ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁,၀၀၀ နှင့် ဒေါ်လာ ၅,၀၀၀ တန်ဟူ၍ ထုတ်ရောင်းခဲ့ပြီး တပတ်အတွင်း ဒေါ်လာ ၁၅ သန်းဖိုး

ရောင်းချနိုင်ခဲ့သည်ဟု NUG ကထုတ်ပြန်ထားထားသည်။ ဧရာဝတီ

Zawgyi

NUG အစိုးရ၏ ေငြတိုက္စာခ်ဳပ္မ်ားကို KPICT ကေငြေပးေခ်ေသာ နည္းလမ္း ေလးမ်ိဳးႏွင့္ ေရာင္းခ်ေပးမည္

အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG)၏ ေငြတိုက္စာခ်ဳပ္မ်ားကို ေငြေပးခ်မႈ နည္းလမ္းေလးခုျဖင့္ ေရာင္းခ်ေပးမည္ဟု Kachin Political Interim Coordination Team-KPICT ယေန႔ေန႔လည္ပိုင္းက ထုတ္ျပန္ထားသည္။

အဆိုပါ ေငြတိုက္စာခ်ဳပ္မ်ား ဝယ္ယူနိုင္ေရးအတြက္ KIO ဘဏ္မ်ားတြင္ ေပးေခ်နိုင္ျခင္း၊ KPICT၏ ေငြတိုက္စာခ်ဳပ္ အေရာင္း ကိုယ္စားလွယ္မ်ားမွ တဆင့္ ေပးေခ်နိုင္ျခင္း၊ KPICT ႐ုံးကို တိုက္ရိုက္ဆက္သြယ္ေပးေခ်ဝယ္ယူနိုင္ျခင္းႏွင့္ ျပည္ပရွိ KPICT ၏ ဘဏ္အေကာင့္မ်ားကို တိုက္ရိုက္ေပးေခ်နိုင္ျခင္းစသည္ျဖင့္ ဝယ္ယူနိုင္မည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

အမ်ိဳးသားညီညြတ္ေရးအစိုးရ စီမံကိန္း၊ ဘ႑ာေရးႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈ ဝန္ႀကီးဌာနႏွင့္ KPICT မွ လက္ခံရရွိေငြကို စစ္ေဆးၿပီး လၽွင္ ၀ယ္ယူထားေသာ ေငြတိုက္စာခ်ဳပ္ကို တစ္လ အတြင္း ပို႔ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။

ယင္းစာခ်ဳပ္သည္ ေငြတိုက္စာခ်ဳပ္ဝယ္ယူထားသူမွ ေငြျပန္လည္ထုတ္ယူရန္အတြက္ တခုတည္းေသာ သက္ေသအေထာက္ အထား ျဖစ္သည့္အတြက္ ေသခ်ာသိမ္းဆည္းထားရန္လည္း လိုအပ္မည္ျဖစ္သည္။

အာဏာရွင္စနစ္ကို အျမန္ဆုံးခ်ဳပ္ၿငိမ္းေပ်ာက္ကြယ္ရန္ႀကိဳးပန္းရာတြင္ ရပ္တည္ခ်က္တူညီသည့္ NUG ၏ လုပ္ငန္းစဥ္မ်ားကို ပါဝင္ကူညီေသာအားျဖင့္ ကခ်င္ေဒသအတြင္း ေငြတိုက္စာခ်ဳပ္မ်ားကို တာဝန္ယူေရာင္းခ်ရျခင္းျဖစ္သည္ဟု KPICT က ထုတ္ျပန္ထားသည္။

ေႏြဦးေတာ္လွန္ေရး အထူးေငြတိုက္စာခ်ဳပ္မ်ားကို ျမန္မာနိုင္ငံျပည္တြင္း၌ KIO ၏ ေငြေၾကးပို႔ေဆာင္ေသာစနစ္၊ အုပ္ခ်ဳပ္ေရးႏွင့္ ဘဏ္စနစ္မ်ားအတိုင္း ေရာင္းခ်သြားမည္ဟု NUG အစိုးရက ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာ ၇ ရက္က ထုတ္ျပန္ခဲ့ သည္။

NUG က ေႏြဦးေတာ္လွန္ေရးအတြက္ ေငြတိုက္စာခ်ဳပ္ေရာင္းခ်ရာတြင္ ေဒၚလာ ၁ ဘီလီယံဖိုး ထုတ္ ေရာင္းရန္ စီစဥ္ထားၿပီး ပထမအသုတ္အေနျဖင့္ ၿပီးခဲ့သည့္ နိုဝင္ဘာလ ၂၂ ရက္က စတင္ေရာင္းခ်ခဲ့ရာ ႏွစ္နာရီအတြင္းမွာပင္ ေဒၚလာ ၂ သန္း ဖိုးစတင္ေရာင္းခဲ့ၿပီး ဝယ္သူအရမ္းမ်ားသည့္အတြက္ ေရာင္းခ်သည့္ လုပ္ငန္းစဥ္ကို ယာယီရပ္ဆိုင္းခဲ့ရေသးသည္။

ထို႔ျပင္ ေငြတိုက္စာခ်ဳပ္ဝယ္ယူသူမ်ားအနက္ နိုင္ငံတကာက အမည္ပ်က္စာရင္းသြင္းသည့္ အာဏာသိမ္း စစ္ေကာင္စီ အဖြဲ႕ဝင္မ်ားႏွင့္ နာမည္တူမ်ားက NUG ၏ ဘဏ္စာရင္းကို ေငြလႊဲေျပာင္းေပးပို႔ေန၍ ဘဏ္ႏွင့္ ညႇိႏွိုင္းေျဖရွင္းလိုေသာေၾကာင့္ ေငြတိုက္စာခ်ဳပ္ေရာင္းခ်မူမ်ားကို ဆက္လက္ရပ္ဆိုင္းထားမည္ဟု NUG က ဒီဇင္ဘာ ၆ ရက္တြင္ထပ္မံေၾကညာခဲ့ၿပီး ဒီဇင္ဘာလကုန္ အထိ ရပ္နားခဲ့သည္။

ေငြတိုက္စာခ်ဳပ္မ်ားကို ေဒၚလာ ၁၀၀၊ ၅၀၀၊ ၁,၀၀၀ ႏွင့္ ေဒၚလာ ၅,၀၀၀ တန္ဟူ၍ ထုတ္ေရာင္းခဲ့ၿပီး တပတ္အတြင္း ေဒၚလာ ၁၅ သန္းဖိုးေရာင္းခ်နိုင္ခဲ့သည္ဟု NUG ကထုတ္ျပန္ထားထားသည္။ ဧရာဝတီ