ၾကားသိသမွ်

ကားအဆင့်ဆင့် ပြောင်းစီးလာတဲ့ စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ

ကားအဆင့်ဆင့် ပြောင်းစီးလာတဲ့ စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ

ဝက်လက်၊ ဇန်နဝါရီ ၁၊ ၂၀၂၂။

ဒီနေ့မနက် ၃ နာရီက ရွှေဘို-မန္တလေးလမ်းမှာ ကားအဆင့်ဆင့်‌ပြောင်းစီးလာတဲ့ စစ်ကောင်စီကားတစီးကို ဝက်လက်မဟာမိတ်ပူးပေါင်းအဖွဲ့

က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဝက်လက်မြို့နယ် PDF အဖွဲ့က ပြောပါတယ်။

ရွှေဘို-မန္တလေးကားလမ်းအတိုင်း စစ်ကိုင်းဘက်ကလာတဲ့ Express ကားကို ရွာသာကြီးနဲ့ဆား‌တောင်ကြားမှာ လက်လုပ်မိုင်း ၇ လုံးနဲ့

တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


“စစ်ကိုင်းကနေပြီး မိုင်းဆွဲတဲ့နေရာအထိ ကားအဆင့်ဆင့်ပြောင်းပါတယ်။ အုန်းတောမှာတခါပြောင်းပါတယ်။ ဆားတောင်လောက်မှာတခါ

ပြောင်းပါတယ်။ ပုံစံအမျိုးမျိုးပြောင်းပြီးမှ ရောက်တာပါ လက်လုပ်မိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ ထိခိုက်သေဆုံးမူကိုတော့ မသိရသေးဘူး”လို့

ပူးပေါင်းအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။


ဝက်လက်မဟာမိတ်အပူးပေါင်းစစ်ဆင်ရေးအဖွဲ့မှာ မြင်းဖြူရှင်ပျောက်ကြားတပ်ဖွဲ၊ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဂဠုန်

ညီနောင်အဖွဲ့တို့ပါဝင်ပြီး အခုတိုက်ခိုက်မူဟာ ပူးပေါင်းအဖွဲ့ရဲ့ ဒုတိယမြောက်တိုက်ခိုက်မူဖြစ်ကာ ပထမအကြိမ်တိုက်ခိုက်မူဟာ ဒီဇင်ဘာ

၃၀ ရက်ည ၉ နာရီကဖြစ်ပြီး၊ ရွှေဘို မန္တလေးလမ်းပေါ်မှာစစ်ကိုင်းဘက်ကနေစစ်ကောင်စီတပ်တွေကိုတင်လာတဲ့‌ စစ်ကောင်စီ ၁၂ ဘီးကား

ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

နှစ်ကြိမ်တိုက်ခိုက်မူအတွင်း အဖွဲ့သားတွေအားလုံး အထိအခိုက်မရှိအောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။

#မြေလတ်အသံ

Zawgyi

ကားအဆင့္ဆင့္ ေျပာင္းစီးလာတဲ့ စစ္ေကာင္စီကား မိုင္းဆြဲတိုက္ခိုက္ခံရ

ဝက္လက္၊ ဇန္နဝါရီ ၁၊ ၂၀၂၂။

ဒီေန႔မနက္ ၃ နာရီက ေရႊဘို-မႏၲေလးလမ္းမွာ ကားအဆင့္ဆင့္‌ေျပာင္းစီးလာတဲ့ စစ္ေကာင္စီကားတစီးကို ဝက္လက္မဟာမိတ္

ပူးေပါင္းအဖြဲ႕က မိုင္းဆြဲတိုက္ခိုက္ခဲ့ေၾကာင္း ဝက္လက္ၿမိဳ႕နယ္ PDF အဖြဲ႕က ေျပာပါတယ္။

ေရႊဘို-မႏၲေလးကားလမ္းအတိုင္း စစ္ကိုင္းဘက္ကလာတဲ့ Express ကားကို ရြာသာႀကီးနဲ႔ဆား‌ေတာင္ၾကားမွာ လက္လုပ္မိုင္း ၇

လုံးနဲ႔ တိုက္ခိုက္ခဲ့တာလို႔ သိရပါတယ္။

“စစ္ကိုင္းကေနၿပီး မိုင္းဆြဲတဲ့ေနရာအထိ ကားအဆင့္ဆင့္ေျပာင္းပါတယ္။ အုန္းေတာမွာတခါေျပာင္းပါတယ္။ ဆားေ

တာင္ေလာက္မွာတခါေျပာင္းပါတယ္။ ပုံစံအမ်ိဳးမ်ိဳးေျပာင္းၿပီးမွ ေရာက္တာပါ လက္လုပ္မိုင္းနဲ႔ တိုက္ခိုက္ခဲ့တာပါ ထိခိုက္ေသဆုံးမူ

ကိုေတာ့ မသိရေသးဘူး”လို႔ ပူးေပါင္းအဖြဲ႕က တာဝန္ရွိသူက ေျပာပါတယ္။

ဝက္လက္မဟာမိတ္အပူးေပါင္းစစ္ဆင္ေရးအဖြဲ႕မွာ ျမင္းျဖဴရွင္ေပ်ာက္ၾကားတပ္ဖြဲ၊ ဝက္လက္ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးအဖြဲ႕နဲ႔ ဂ

ဠဳန္ညီေနာင္အဖြဲ႕တို႔ပါဝင္ၿပီး အခုတိုက္ခိုက္မူဟာ ပူးေပါင္းအဖြဲ႕ရဲ့ ဒုတိယေျမာက္တိုက္ခိုက္မူျဖစ္ကာ ပထမအႀကိမ္တိုက္ခိုက္မူဟာ ဒီဇင္ဘာ ၃၀

ရက္ည ၉ နာရီကျဖစ္ၿပီး၊ ေရႊဘို မႏၲေလးလမ္းေပၚမွာစစ္ကိုင္းဘက္ကေနစစ္ေကာင္စီတပ္ေတြကိုတင္လာတဲ့‌ စစ္ေကာင္စီ ၁၂ ဘီးကား

ကို မိုင္းဆြဲတိုက္ခိုက္ခဲ့တာလို႔ သိရပါတယ္။

ႏွစ္ႀကိမ္တိုက္ခိုက္မူအတြင္း အဖြဲ႕သားေတြအားလုံး အထိအခိုက္မရွိေအာင္ျမင္စြာ လုပ္ေဆာင္နိုင္ခဲ့ေၾကာင္း သိရပါတယ္။

#ေျမလတ္အသံ