ၾကားသိသမွ်

မင်းအောင်လှိုင်အပါအဝင် စစ်အာဏာရှင် ရာဇဝတ်သားများကို နိုင်ငံတကာ တရားရုံးများတွင် တရားစွဲရန် ပြင်ဆင်နေဟု NUG ယာယီသမ္မတက ပြည်သူသို့ အသိပေး

မင်းအောင်လှိုင်အပါအဝင် စစ်အာဏာရှင် ရာဇဝတ်သားများကို နိုင်ငံတကာ တရားရုံးများတွင် တရားစွဲရန် ပြင်ဆင်နေဟု NUG ယာယီ

သမ္မတက ပြည်သူသို့ အသိပေး

ရန်ကုန်၊ ဇန်နဝါရီ ၁

ပြည်သူလူထုကို သတ်ဖြတ် အကြမ်းဖက်လျက်ရှိသော မင်းအောင်လှိုင်အပါ အဝင် စစ်အာဏာရှင် ရာဇဝတ်သားများကို အပြည်ပြည်ဆိုင်ရာ

တရားစီရင်ပိုင်ခွင့် လက်ခံကျင့်သုံးသည့် နိုင်ငံတကာ တရားရုံးများတွင် တရားစွဲဆိုရန် ပြင်ဆင်နေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး

အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ ထုတ်ဖော်ပြောဆိုလိုက်သည်။

၂၀၂၂ ခုနှစ် နှစ်သစ်ကူး အကြို ပြည်သူလူထုသို့ ပြောဆိုသော နှုတ်ခွန်းဆက် မိန့်ခွန်းတွင် NUG ယာယီသမ္မတက အထက်ပါအတိုင်း ပြည်

သူများကို အသိပေး ပြောဆိုလိုက်ခြင်းဖြစ်သည်။


အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရားဝင်မှုမရှိဘဲ ၎င်းတို့ ကျူးလွန်သော စစ်ရာဇဝတ်မှုများကို အပြစ်ပေးနိုင်ရေး

နိုင်ငံတကာတရားရုံးများတွင် တရားစွဲရန် NUG က ပြင်ဆင် နေပြီဖြစ်ကြောင်း ပြောဆိုသည်။

“နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ရာဇဝတ်သားများကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICC) ကဲ့သို့သော တရားရုံး

တွေမှာ တရားစွဲ အပြစ်ပေးနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal

Jurisdiction) ကို လက်ခံကျင့်သုံးတဲ့ နိုင်ငံတွေမှာလည်း တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်” ဟု ယာယီသမ္မတက ပြောဆိုသည်။

လက်ရှိတွင် မင်းအောင်လှိုင်နှင့် စစ်ရာဇဝတ်သားများကို တရားစွဲရန် သက်သေအထောက်အထား ခိုင်ခိုင်မာမာ ရရှိပြီးဖြစ်ကြောင်း ၎င်းက

ဆိုသည်။


“မြန်မာစစ်တပ်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းဖို့ ကြိုးစားတဲ့အချိန်ကနေ ယခုအချိန်ထိ ပြည်သူတွေကို အပြင်းအထန်

ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်နေပါတယ်။ မြို့ပြလမ်းမတွေမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူတွေကို ရက်ရက်စက်စက် ပစ်သတ်တယ်၊

အိမ်တွေကို အတင်းအဓမ္မဝင်ရောက်ပြီး တွေ့ကရာ ဖမ်းဆီးတယ်၊ ရွာတွေကို မီးလောင်တိုက်သွင်းတယ်။ ရွာသားတွေကို

အစုလိုက်အပြုံလိုက် သတ်တယ်။ ဒီဇင်ဘာလအတွင်း စစ်ကိုင်းတိုင်း၊ ဒုန်းတော ရွာမှာ ကလေး(၆)ယောက်နဲ့ လူကြီး ငါးယောက်အပါအဝင်

စုစုပေါင်း (၁၁) ယောက်ကို ကြိုးနဲ့တုတ်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာ၊ နိုဝင်ဘာလအတွင်း ချင်းပြည်နယ်မှာ မွေးကင်းစကလေး

မိခင် နှစ်ယောက် ကို သူတို့ ယောကျာ်းတွေ ရှေ့မှာဘဲ သေနတ်နဲ့ချိန်ပြီး မုဒိန်းကျင့်တာ ကရင်နီပြည်နယ်က ခရစ္စမတ်ည အစုလိုက်၊

အပြုံလိုက် လူသတ်မှုတွေဟာ စစ်အာဏာရှင်ဟာ ဘယ်လောက်ထိ ရက်စက်ကြမ်းကြုတ်သလဲ ဆိုတဲ့ သက်သေသာဓကက တွေဘဲဖြစ်ပါ

တယ်” ဟုယာယီသမ္မတက သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

Zawgyi

မင္းေအာင္လွိုင္အပါအဝင္ စစ္အာဏာရွင္ ရာဇဝတ္သားမ်ားကို နိုင္ငံတကာ တရား႐ုံးမ်ားတြင္ တရားစြဲရန္ ျပင္ဆင္ေနဟု NUG ယာယီသမၼတက ျပည္သူသို႔ အသိေပး

ရန္ကုန္၊ ဇန္နဝါရီ ၁

ျပည္သူလူထုကို သတ္ျဖတ္ အၾကမ္းဖက္လ်က္ရွိေသာ မင္းေအာင္လွိုင္အပါ အဝင္ စစ္အာဏာရွင္ ရာဇဝတ္သားမ်ားကို အျပည္ျပည္ဆိုင္ရာ တရားစီရင္ပိုင္ခြင့္ လက္ခံက်င့္သုံးသည့္ နိုင္ငံတကာ တရား႐ုံးမ်ားတြင္ တရားစြဲဆိုရန္ ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း အမ်ိဳးသားညီညြတ္ေရး အစိုးရ NUG ယာယီသမၼတ ဒူဝါလရွီးလ ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

၂၀၂၂ ခုႏွစ္ ႏွစ္သစ္ကူး အႀကိဳ ျပည္သူလူထုသို႔ ေျပာဆိုေသာ ႏႈတ္ခြန္းဆက္ မိန႔္ခြန္းတြင္ NUG ယာယီသမၼတက အထက္ပါအတိုင္း ျပည္သူမ်ားကို အသိေပး ေျပာဆိုလိုက္ျခင္းျဖစ္သည္။

အၾကမ္းဖက္ စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္သည္ တရားဝင္မႈမရွိဘဲ ၎တို႔ က်ဴးလြန္ေသာ စစ္ရာဇဝတ္မႈမ်ားကို အျပစ္ေပးနိုင္ေရး နိုင္ငံတကာတရား႐ုံးမ်ားတြင္ တရားစြဲရန္ NUG က ျပင္ဆင္ ေနၿပီျဖစ္ေၾကာင္း ေျပာဆိုသည္။

“နိုင္ငံတကာ အသိုင္းအဝိုင္းနဲ႔ ပူးေပါင္းကာ စစ္အာဏာရွင္ ရာဇဝတ္သားမ်ားကို အျပည္ျပည္ဆိုင္ရာ တရား႐ုံး (ICC) ကဲ့သို႔ေသာ တရား႐ုံးေတြမွာ တရားစြဲ အျပစ္ေပးနိုင္ဖို႔ ဆက္လက္ေဆာင္ရြက္ေနၿပီ ျဖစ္ပါတယ္။

အျပည္ျပည္ဆိုင္ရာ တရားစီရင္ပိုင္ခြင့္ (Universal Jurisdiction) ကို လက္ခံက်င့္သုံးတဲ့ နိုင္ငံေတြမွာလည္း တရားစြဲဆိုဖို႔ ျပင္ဆင္ေနပါတယ္” ဟု ယာယီသမၼတက ေျပာဆိုသည္။

လက္ရွိတြင္ မင္းေအာင္လွိုင္ႏွင့္ စစ္ရာဇဝတ္သားမ်ားကို တရားစြဲရန္ သက္ေသအေထာက္အထား ခိုင္ခိုင္မာမာ ရရွိၿပီးျဖစ္ေၾကာင္း ၎က ဆိုသည္။

“ျမန္မာစစ္တပ္ဟာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ အာဏာသိမ္းဖို႔ ႀကိဳးစားတဲ့အခ်ိန္ကေန ယခုအခ်ိန္ထိ ျပည္သူေတြကို အျပင္းအထန္ ရက္စက္ၾကမ္းၾကဳတ္စြာ သတ္ျဖတ္ေနပါတယ္။ ၿမိဳ႕ျပလမ္းမေတြမွာ ၿငိမ္းခ်မ္းစြာ ဆႏၵျပတဲ့ လူေတြကို ရက္ရက္စက္စက္ ပစ္သတ္တယ္၊

အိမ္ေတြကို အတင္းအဓမၼဝင္ေရာက္ၿပီး ေတြ႕ကရာ ဖမ္းဆီးတယ္၊ ရြာေတြကို မီးေလာင္တိုက္သြင္းတယ္။ ရြာသားေတြကို အစုလိုက္အျပဳံလိုက္ သတ္တယ္။

ဒီဇင္ဘာလအတြင္း စစ္ကိုင္းတိုင္း၊ ဒုန္းေတာ ရြာမွာ ကေလး(၆)ေယာက္နဲ႔ လူႀကီး ငါးေယာက္အပါအဝင္ စုစုေပါင္း (၁၁) ေယာက္ကို ႀကိဳးနဲ႔တုတ္ၿပီး အရွင္လတ္လတ္ မီးရွို႔သတ္ျဖတ္တာ၊

နိုဝင္ဘာလအတြင္း ခ်င္းျပည္နယ္မွာေမြးကင္းစကေလးမိခင္ ႏွစ္ေယာက္ ကို သူတို႔ ေယာက်ာ္းေတြ ေရွ႕မွာဘဲ ေသနတ္နဲ႔ခ်ိန္ၿပီး မုဒိန္းက်င့္တာ ကရင္နီျပည္နယ္က ခရစၥမတ္ည အစုလိုက္၊

အျပဳံလိုက္ လူသတ္မႈေတြဟာ စစ္အာဏာရွင္ဟာ ဘယ္ေလာက္ထိ ရက္စက္ၾကမ္းၾကဳတ္သလဲ ဆိုတဲ့ သက္ေသသာဓကက ေတြဘဲျဖစ္ပါတယ္” ဟုယာယီသမၼတက သူ၏ မိန႔္ခြန္းတြင္ ထည့္သြင္းေျပာဆိုသည္။