ၾကားသိသမွ်

ဒီးမော့ဆို၊ မြို့မရဲစခန်းနှင့် ငွေတောင်ဆည်အနီး စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၃၀ ဦးဝန်းကျင်သေဆုံး၊ ဖရူဆိုတိုက်ပွဲတွင်လည်း စစ်သား ၃ ဦးသေဆုံး

ဒီးမော့ဆို၊ မြို့မရဲစခန်းနှင့် ငွေတောင်ဆည်အနီး စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၃၀ ဦး

ဝန်းကျင်သေဆုံး၊ ဖရူဆိုတိုက်ပွဲတွင်လည်း စစ်သား ၃ ဦးသေဆုံး

ကယား (ကရင်နီပြည်)၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မရဲစခန်းနှင့် ငွေတောင်ဆည်အနီးတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်

ကရင်နီတပ်မတော်နှင့် ပူးပေါင်းအဖွဲ့ကြား ယမန်နေ့ ဒီဇင်ဘာလ ၃၁ ရက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃၀ ခန့် သေဆုံးနိုင်ကြောင်း

ကရင်နီတပ်ဖွဲ့မှ ၁ ဦး ဒဏ်ရာပြင်းထန်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က သတင်းထုတ်ပြန်သည်။


ယမန်နေ့တိုက်ပွဲသည် နံနက် ၈ နာရီခွဲမှ စတင်ကာ ညနေ ၆ နာရီအထိ ဖြစ်ပွားခဲ့ပြီး ကရင်နီတပ်မတော် KA၊ KNDF၊ ဒီးမော့ဆို၊ လွိုင်ကော်

PDF များ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ,၊ KGZ အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ငွေတောင်ဆည်အနီး ပြည်အောင်

ရတနာဆီဆိုင် အဆောက်အဦးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ပိတ်ဆို့တိုက်ခိုက်ရာ အထိနာသော စစ်ကောင်စီတပ်သည်

ဂျက်လေယာဉ်များဖြင့်မှာ လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


ယင်းအပြင် ဖရူဆိုမြို့နယ် ထီသော်တနီးကျေးရွာနှင့် လောတောတနောရွာအနီး ဒီဇင်ဘာ ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် အကြမ်းဖက်

စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ ၃ နာရီခန့် ကြာမြင့်ခဲ့ကာ စစ်ကောင်စီ

တပ်သား ၃ ဦးသေဆုံးကြောင်း KNDF က သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – ငွေတောင်ဆည်အနီးတိုက်ပွဲတွင် တွေ့မြင်ရသော လွိုင်ကော် PDF တပ်ဖွဲ့ဝင်များ

#ddaychannel

ဒီးေမာ့ဆို၊ ၿမိဳ႕မရဲစခန္းႏွင့္ ေငြေတာင္ဆည္အနီး စစ္ေကာင္စီတပ္ႏွင့္ ကရင္နီပူးေပါင္းတပ္ဖြဲ႕ တိုက္ပြဲတြင္ စစ္ေကာင္စီတပ္မွ ၃၀ ဦးဝန္းက်င္ေသဆုံး၊ ဖ႐ူဆိုတိုက္ပြဲတြင္လည္း စစ္သား ၃ ဦးေသဆုံး

ကယား (ကရင္နီျပည္)၊ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ၿမိဳ႕မရဲစခန္းႏွင့္ ေငြေတာင္ဆည္အနီးတပ္စြဲထားေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝ

င္မ်ားႏွင့္ ကရင္နီတပ္မေတာ္ႏွင့္ ပူးေပါင္းအဖြဲ႕ၾကား ယမန္ေန႔ ဒီဇင္ဘာလ ၃၁ ရက္တိုက္ပြဲတြင္ စစ္ေကာင္စီဘက္မွ ၃၀ ခန႔္ ေသ

ဆုံးနိုင္ေၾကာင္း ကရင္နီတပ္ဖြဲ႕မွ ၁ ဦး ဒဏ္ရာျပင္းထန္ေၾကာင္း ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္ဖြဲ႕ KNDF က သတင္း

ထုတ္ျပန္သည္။

ယမန္ေန႔တိုက္ပြဲသည္ နံနက္ ၈ နာရီခြဲမွ စတင္ကာ ညေန ၆ နာရီအထိ ျဖစ္ပြားခဲ့ၿပီး ကရင္နီတပ္မေတာ္ KA၊ KNDF၊ ဒီးေမာ့ဆို၊ လြိဳင္ေ

ကာ္ PDF မ်ား၊ အလယ္ပိုင္းတိုင္းအထူးစစ္ဆင္ေရးအဖြဲ,၊ KGZ အဖြဲ႕မ်ားက ပူးေပါင္းတိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ေငြေတာင္ဆည္အနီး

ျပည္ေအာင္ရတနာဆီဆိုင္ အေဆာက္အဦးတြင္ တပ္စြဲထားေသာ စစ္ေကာင္စီတပ္ကို ပိတ္ဆို႔တိုက္ခိုက္ရာ အထိနာေသာ စစ္ေကာင္စီတပ္သည္ ဂ်

က္ေလယာဥ္မ်ားျဖင့္မွာ ေလေၾကာင္းမွတဆင့္ ပစ္ခတ္တိုက္ခိုက္ခဲ့သည္။

ယင္းအျပင္ ဖ႐ူဆိုၿမိဳ႕နယ္ ထီေသာ္တနီးေက်းရြာႏွင့္ ေလာေတာတေနာရြာအနီး ဒီဇင္ဘာ ၃၁ ရက္ေန႔ မြန္းတည့္ ၁၂ နာရီတြ

င္ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားကို ကရင္နီတပ္မေတာ္ (KA) ႏွင့္ KNDF တို႔မွတိုက္ခိုက္ခဲ့ၿပီး တိုက္ပြဲမွာ ၃ နာရီခန႔္ ၾကာျမင့္ခဲ့

ကာ စစ္ေကာင္စီတပ္သား ၃ ဦးေသဆုံးေၾကာင္း KNDF က သတင္းထုတ္ျပန္သည္။

ဓါတ္ပုံ – ေငြေတာင္ဆည္အနီးတိုက္ပြဲတြင္ ေတြ႕ျမင္ရေသာ လြိဳင္ေကာ္ PDF တပ္ဖြဲ႕ဝင္မ်ား

#ddaychannel