ၾကားသိသမွ်
မိမိရဲဘော် (၈) ဦးလွတ်မြောက်ရန်အတွက် အကြမ်းဖက်စကစတပ်အား တစ်ဦးတည်းကာပစ်ပေးရင်းကျဆုံးခဲ့တဲ့အသက် (၂၂) အရွယ် ရဲဘော်တစ်ဦး
မိမိရဲဘော် (၈) ဦးလွတ်မြောက်ရန်အတွက် အကြမ်းဖက်စကစတပ်အား တစ်ဦးတည်းကာပစ်ပေးရင်း အသက် (၂၂) အရွယ် ရဲဘော်တစ်ဦး
ကျဆုံး
ဒီဇင်ဘာ ၃၁၊ PDF Newsflash
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ရှစ်မွှေးကျေးရွာအနီးတွင် ဒီဇင်ဘာ ၂၆ ရက်နေ့တိုက်ပွဲမှာ CDF-Mindat ရဲဘော်တစ်ယောက်ကျဆုံးတယ်
လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး-သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကျဆုံးသွားတဲ့ CDF-Mindat ရဲဘော်ဟာ အသက် (၂၂) နှစ်အရွယ် ဆလိုင်းဖေဟုန်းဖြစ်ပြီး အလောင်းရရှိတဲ့ချိန်မှာ အကြမ်းဖက်စစ်
ကောင်စီတပ်တွေရဲ့ နှိပ်စက်ဒဏ်ရာတွေ တွေ့ရှိခဲ့ကြောင်း ဒေသသတင်းမြစ် Zalen မှသိရပါတယ်။
” စစ်ကောင်စီ ၂ ဖွဲ့က ညှပ်တိုက်တာ။ သူတို့က ၉ ယောက်ထဲ။ သူတစ်ယောက်တည်းကျန်ခဲ့ပြီး တခြား ၈ ယောက်ကို တပ်ဆုတ်ခိုင်းပြီး
တော့ သူက ကာပစ်ပေးခဲ့တယ်။ အဲ့လိုနဲ့ စစ်ကောင်စီတပ်တွေက မိသွားတယ်။ အလောင်းပြန်တွေ့တဲ့ချိန်မှာ မပြေးနိုင်အောင် ခြေထောက်
တဖက် ကျောဖြတ်ထားတယ်။ ပြီတော့ မျက်နှာတဖက်က ရစရာမရှိတော့ဘူး။ သေနတ်ဒင်နဲံ ထုထားတာမျိုးပါ။ ပြီးတော့ နားတဖက်
လည်းပြတ်တယ်။ နှိပ်စက်ခံရတဲ့ အဝေးကနေတောင် သူအော်သံကြားရတယ်တဲ့ ” ဟု ဆလိုင်းဖေးဟုန်ကျဆုံးမှုနဲ့ပတ်သတ်ပြီး မင်းတပ်
မြို့နယ်ဒေသခံတစ်ဦးကပြောကြောင်း သိရပါတယ်။
#PDFNewsflash
#PDFNewsflash