ၾကားသိသမွ်

၂၀၂၂ခုနှစ်မှာ မြန်မာပြည်သူတို့ရဲ့ နွေဦးတော်လှန်ရေးအောင်ပွဲခံမယ်လို့ NUGဝန်ကြီး၂ဦးစလုံးက ပြောကြား လိုက်ပါတယ်။

၂၀၂၂ခုနှစ်မှာ မြန်မာပြည်သူတို့ရဲ့ နွေဦးတော်လှန်ရေးအောင်ပွဲခံမယ်လို့ NUGဝန်ကြီး၂ဦးစလုံးက ပြောကြား လိုက်ပါတယ်။

မကြာသေးမီက ပြုလုပ်တဲ့ RFAနဲ့သတင်းစာရှင်းလင်းပွဲမှာ NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကပြောကြား ခဲ့သလို ယမန်နေ့ညက

ပြုလုပ်တဲ့ ‘The Power of Revolution’ (တော်လှန်ရေး၏စွမ်းအား) စကား ဝိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကလည်း

ထည့်သွင်းပြောကြားခဲ့ပါတယ်။

“၂၀၂၂ ဟာ ဒီတော်လှန်ရေးမှာ ပေးဆပ်ရတာတွေနဲ့ ထိုက်တန်တဲ့ အောင်မြင်မှုကို သယ်ဆောင်လာမယ့် တော်လှန်ရေးဖြစ်တယ်။ အဲဒီ

တော်လှန်ရေးမှာ ကျွန်မတို့ ပြည်သူလူထုနဲ့ အတူတကွ၊ အောင်ပွဲဆင်ကြလိမ့်မယ်။ ၂၀၂၂ ကို အောင်ပွဲကို သယ်ဆောင်နိုင်မယ့်၊

ပြည်သူလူထု ပေးဆပ်ရ ကျိုးနပ်တဲ့ ပေးထားသမျှ ပြန်ရအောင်ယူနိုင်မယ့်နှစ်တစ်နှစ်ဖြစ်အောင်လို့ ကျွန်မတို့ ဝိုင်းဝန်းပြီး အတူတကွ

ကြိုးစားကြပါမယ်” ဟု ဒေါ်ဇင်မာအောင်က ပြောပါတယ်။


NUGကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကတော့ စစ်ရေးအားသာချက်နဲ့နိုင်ငံတကာအားပေးကူညီမှုပိုမိုရရှိလာနိုင်တဲ့အခြေအနေအရ၂၀၂၂နှစ်

သစ်မှာ ပြည်သူ့တော်လှန်ရေးအောင်မြေနင်းမယ့်အချိန်ကို လှမ်းမြင်ရမယ်လို့ ဆိုပါတယ်။

ရန်ကုန်အခြေစိုက်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကလည်း ဝန်ကြီး၂ဦးရဲ့မျှော်လင့်ချက်ဟာ ဖြစ်နိုင်ခြေရှိ တဲ့မှတ်ချက်တွေဖြစ်တယ်လို့

ဆိုပါတယ်။


‘ဦးရည်မွန်ပြောသလို စစ်ရေးအားသာချက်တွေရှိနေတယ်။အထူးသဖြင့် စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်မှာဆို ရင် ထိတွေ့တိုက်ပွဲတွေမှာ

အထိနာနေသလို ဒေသခံPDF တွေရဲ့ မိုင်းဆွဲတိုက်ခိုက်လို့ နေ့စဉ်သေနေတာမ နည်းတော့ဘူး။ပိုအားကောင်းတဲ့ထိုးစစ်တွေဖြစ်လာဖို့ဆို

တာကတော့ NUCC ထဲမှာပါတဲ့ တိုင်းရင်းသားလက် နက်ကိုင်တွေရဲ့ အခန်းကဏ္ဍကအရေးကြီးတယ်’လို့ သူကပြောပါတယ်။

ဒါ့အပြင် အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ(NDAA)ရဲ့ နွေဦးတော်လှန်ရေးအပေါ်ပံ့ပိုးပေး နိုင်စွမ်းကလည်း

တော်လှန်ရေးရဲ့အပြီးသတ်အောင်ပွဲအတွက် အရေးကြီးတဲ့တွန်းအားတစ်ရပ်ဖြစ်လာနိုင်တယ် လို့သူကပြောပါတယ်။


‘NDAAဉပဒေအရ NUGအစိုးရကို တရားဝင်အသိအမှတ်ပြုကူညီပံ့ပိုးတာတွေဖြစ်လာမယ်။ပြီးတော့ CDM တွေ ကိုကူညီပံ့ပိုးမယ့်

အစီအစဉ်တွေပါဝင်တာကြောင့် မင်းအောင်လှိုင်တပ်ကနေ ပြည်သူ့ရင်ခွင်ဝင်တဲ့အရေအ တွက်ဟာသိသိသာသာများလာနိုင်တယ်။မင်း

အောင်လှိုင်တပ်တွေကြားမှာ အက်ကြောင်းကြီးကြီးပေါ်နေပြီဖြစ်လို့ ဒါ့ထက်ပိုတဲ့ တိုက်ပွဲအောင်မြင်မှုနဲ့ အထောက်အပံ့ကောင်းပေးနိုင်ရင်

ပြည်သူ့ရင်ခွင်ဝင်မယ့်သူများလာမှာသေချာတယ်။အဲဒီလိုများလာတာဟာ အောင်ပွဲအတွက် အရေးကြီးတဲ့ အားတစ်ခုပဲ’လို့သူကပြောပါ

တယ်။ DNA