ၾကားသိသမွ်

ကရင်နီပြည်နယ်တွင်း ဒေသတချို့ကို ထိန်းချုပ်ထားနိုင်ပြီ

ကရင်နီပြည်နယ်တွင်း ဒေသတချို့ကို ထိန်းချုပ်ထားနိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်ဘက်က ပြောလာ

ကယားပြည်နယ် (ကရင်နီပြည်နယ်) အတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေး တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားတာ ၈

လတာနီးပါးရှိလာပြီဖြစ်ပြီး ဒီးမော့ဆို၊ လွိုင်ကော်နဲ့ မိုးဗြဲမြို့နယ်တွေမှာ လက်ရှိအချိန်ထိ စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။

စစ်ကောင်စီတပ်တွေဘက်က လက်နက်အင်အား အသားစီးရနေပေမယ့် ဒေသခံကာက နယ်မြေကျွမ်းကျင်မှုကြောင့် တချို့ဒေသတွေကို

ဒေသခံကာကွယ်ရေးအဖွဲ့တွေဘက်က ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့နေရာတွေ အတော်များများ ရှိလာတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးဘက်မှာတော့ အားနည်းနေသေးတယ်လို့ ဝန်ခံ

ရမယ်။ စစ်ကောင်စီ ဘက်ကလည်း သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို လွိုင်ကော်တစ်ခုပဲ လုပ်နိုင်ပါတယ်။

ကျွန်တော်တို့ဘက်ရော စစ်ကောင်စီဘက်ရော နယ်မြေစိုးမိုးတဲ့ ဒေသက ညီမျှနေတယ်လို့ ပြောလို့ရမယ်” ကရင်နီအမျိုးသား ကာကွယ်ရေး

တပ် (KNDF) ကတာဝန်ရှိသူတစ်ဦးက MPA ကို ပြောပါတယ်။

ဒေသခံကာကွယ်‌ရေးအဖွဲ့တွေဘက်က ပြောကြားချက်အရ ၈ လတာ နီးပါး တိုက်ပွဲတွေအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်က

စုစုပေါင်း ၁၈ ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ၃၀၀ နီးပါးသေဆုံးတယ်လို့ ဆိုပါတယ်။


ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA (မြန်မာ) ရဲ့ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့

ဒေသခံကာကွယ်ရေးအဖွဲ့တွေ အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲ‌တွေကြောင့် လူ‌ဦးရေ‌လေးသိန်းကျော်စစ်ရှောင်နေရပြီး ကယားပြည်နယ်မှ

လူဦးရေ ၈ သောင်းထက်မနည်းပါဝင်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၄ ရက်ကလည်း ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ကလေးငယ်နဲ့

အမျိုးသမီးတွေအပါအဝင် စစ်ရှောင် ပြည်သူ ၃၅ သတ်ဖြတ်မီးရှို့ခံခဲ့ရပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းဖော် ထုတ်အရေးယူဖို့ စစ်တပ်ကို

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ဖိအားပေးတောင်းဆိုထားပါတယ်။

ကရင်နီပြည်နယ်အတွင်း စစ်တပ်ရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းတွေနဲ့ လူနေအိမ်တွေ မီးလောင်ပျက်စီး

ခဲ့သလို ဒေသခံတချို့လည်း သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ အကြမ်းဖက်သမားတွေဟာ ဘုရားကျောင်းကို အကာအကွယ်ယူ

ပြီး ပစ်ခတ်တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။