ၾကားသိသမွ်

ဘီးလင်းတွင် ယနေ့ နံနက် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်ကားတည့်တည့် မိုင်းပေါက်ကွဲ၊ စစ်သားအသေအပျောက် ရှိနိုင် (ရုပ်/သံ)

ဘီးလင်းတွင် ယနေ့ နံနက် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်ကားတည့်တည့် မိုင်းပေါက်ကွဲ၊ စစ်သားအသေအပျောက် ရှိနိုင် (ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့မှ သထုံမြို့ဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို ဇရစ်ချောင်းကျေးရွာအနီးတွင် ကရင်အမျိုးသား

လွတ်မြောက်ရေးတပ်မတော် KNLA နှင့် သထုံ PDF တို့က ယနေ့ နံနက် ၆ နာရီ ၃၈ မိနစ်တွင် မိုင်းဆွဲတိုက်ခိုက်ပြီး စစ်ကား ၁ စီး ထိမှန်

သွားကာ စစ်သားသေဆုံးထိခိုက်မှု ရှိနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။

KNLA တပ်ရင်း ၂ တပ်ဖွဲ့နှင့် TPDF ပူးပေါင်းအဖွဲ့မှ ရွှေရောင်ပြအလွန် ဇရစ်ချောင်းကျေးရွာအနီးတွင် စောင့်ကြို၍ မိုင်းဆွဲတိုက်ခိုက်ခဲ့

ကြောင်း၊ စစ်သားအသေအဆုံးစာရင်းကို မသိရှိရသေးကြောင်း TPDF က သတင်းထုတ်ပြန်သည်။


ရန်ကုန်၊ ဒီဇင်ဘာ ၃၁




