ၾကားသိသမွ်

မင်းအောင်လှိုင်ခေါင်းဆောင်သည့် အကြမ်းဖက်စစ်ကောင်စီကို ICC ၌ တရားစွဲရမည်ဟု မေရီလန်းချင်း အဖွဲ့အစည်းထုတ်ပြန်

မင်းအောင်လှိုင်ခေါင်းဆောင်သည့် အကြမ်းဖက်စစ်ကောင်စီကို ICC ၌ တရားစွဲရမည်ဟု မေရီလန်းချင်း အဖွဲ့အစည်းထုတ်ပြန်

—People’s Spring

လူသားများနွယ်စုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကြောင့် မင်းအောင်လှိုင်ခေါင်းဆောင်သည့် အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံတကာ

ရာဇဝတ်မှုခုံရုံး(ICC)၌ တရားစွဲရမည်ဟု အမေရိကန် မေရီလန်းချင်းအဖွဲ့အစည်း (SAM)က ယမန်နေ့(ဒီဇင်ဘာ ၃၀ရက်)တွင်

ထုတ်ပြန်သည်။

ဒီဇင်ဘာ ၃၀ ရက်က ချင်းပြည်နယ် ထန်တလန်မြို့ရှိ ဘုရားကျောင်း Thantlang AG Church ကို မြန်မာ စစ်တပ်က မီးရှို့ခဲ့မှုနှင့်

ပတ်သက်၍ SAM က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဆိုပါ မီးရှို့ခဲ့မှုနှင့် ချင်းပြည်နယ်အတွင်း လူနေအိမ်များ၊ ဘုရားကျောင်းများကို

ဆက်လက်မီးရှို့ဖျက်ဆီးနေမှုကို ပြင်းထန်စွာရှုတ်ချကြောင်း ယင်းကြေညာချက်၌ ဖော်ပြသည်။

ထို့အပြင် ဒီဇင်ဘာ ၂၄ရက်က ကယားပြည်နယ်၌ ကလေးငယ် ၄ ဦးနှင့် Save the Children ဝန်ထမ်း ၂ ဦး အပါအဝင် အရပ်သားပြည်သူ

အနည်းဆုံး ၃၅ ဦးကို မြန်မာစစ်တပ်က မီးရှို့သတ်ဖြတ်ခံခြင်းကိုလည်း SAM က ထုတ်ပြန်သည်။

ယင်းကဲ့သို့သော ရက်စက်ယုတ်မာမှုများကို ရပ်တန့်နိုင်ရေးအတွက် အမေရိကန်ဘိုင်ဒန်အစိုးရအဖွဲ့၊ နိုင်ငံတကာ အသိုင်းအဝန်း၊

အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့က မြန်မာစစ်တပ်ကို ပိုမိုဖိအားပေးရန် SAM က တိုက်တွန်းသည်။

ပြည်တွင်းနေရပ်တိမ်းရှောင်သူများကို ကာကွယ်မှုပေးရန်နှင့် လူသားချင်းစာနာမှုအကူအညီပေးရန် ထန်တလန်နှင့် အခြားဒေသများသို့

ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအသိုင်းအဝန်းက အမြန်ဆုံးဝင်ရောက်ခွင့်ရရှိရေး အတွက်လည်း SAM က တိုက်တွန်းသည်။

မင္းေအာင္လွိုင္ေခါင္းေဆာင္သည့္ အၾကမ္းဖက္စစ္ေကာင္စီကို ICC ၌ တရားစြဲရမည္ဟု ေမရီလန္းခ်င္း အဖြဲ႕အစည္းထုတ္ျပန္

—People’s Spring

လူသားမ်ားႏြယ္စုအေပၚက်ဴးလြန္သည့္ရာဇဝတ္မႈမ်ားေၾကာင့္ မင္းေအာင္လွိုင္ေခါင္းေဆာင္သည့္ အၾကမ္းဖက္ စစ္ေကာင္စီကို နိုင္ငံတကာရာဇဝတ္မႈခုံ႐ုံး(ICC)၌ တရားစြဲရမည္ဟု အေမရိကန္ ေမရီလန္းခ်င္းအဖြဲ႕အစည္း (SAM)က ယမန္ေန႔(ဒီဇင္ဘာ ၃၀ရက္)တြင္ ထုတ္ျပန္သည္။

ဒီဇင္ဘာ ၃၀ ရက္က ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕ရွိ ဘုရားေက်ာင္း Thantlang AG Church ကို ျမန္မာ စစ္တပ္က မီးရွို႔ခဲ့မႈႏွင့္ပတ္သက္၍ SAM က ေၾကညာခ်က္ထုတ္ျပန္ခဲ့ၿပီး အဆိုပါ မီးရွို႔ခဲ့မႈႏွင့္ ခ်င္းျပည္နယ္အတြင္း လူေနအိမ္မ်ား၊ ဘုရားေက်ာင္းမ်ားကို ဆက္လက္မီးရွို႔ဖ်က္ဆီးေနမႈကို ျပင္းထန္စြာရႈတ္ခ်ေၾကာင္း ယင္းေၾကညာခ်က္၌ ေဖာ္ျပသည္။

ထို႔အျပင္ ဒီဇင္ဘာ ၂၄ရက္က ကယားျပည္နယ္၌ ကေလးငယ္ ၄ ဦးႏွင့္ Save the Children ဝန္ထမ္း ၂ ဦး အပါအဝင္ အရပ္သားျပည္သူအနည္းဆုံး ၃၅ ဦးကို ျမန္မာစစ္တပ္က မီးရွို႔သတ္ျဖတ္ခံျခင္းကိုလည္း SAM က ထုတ္ျပန္သည္။
ယင္းကဲ့သို႔ေသာ ရက္စက္ယုတ္မာမႈမ်ားကို ရပ္တန႔္နိုင္ေရးအတြက္ အေမရိကန္ဘိုင္ဒန္အစိုးရအဖြဲ႕၊ နိုင္ငံတကာ အသိုင္းအဝန္း၊ အထူးသျဖင့္

ကုလသမဂၢလုံျခဳံေရးေကာင္စီတို႔က ျမန္မာစစ္တပ္ကို ပိုမိုဖိအားေပးရန္ SAM က တိုက္တြန္းသည္။
ျပည္တြင္းေနရပ္တိမ္းေရွာင္သူမ်ားကို ကာကြယ္မႈေပးရန္ႏွင့္ လူသားခ်င္းစာနာမႈအကူအညီေပးရန္ ထန္တလန္ႏွင့္ အျခားေဒ

သမ်ားသို႔ ကုလသမဂၢေအဂ်င္စီမ်ားႏွင့္ နိုင္ငံတကာအသိုင္းအဝန္းက အျမန္ဆုံးဝင္ေရာက္ခြင့္ရရွိေရး အတြက္လည္း SAM က တိုက္တြန္းသည္။