ၾကားသိသမွ်

အကြမ်းဖက်သမားစစ်စစ်ဟာ စစ်အုပ်စုဖြစ်ပြီး NCAစာချုပ်ကို ဖျက်ဆီးကာ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်လို့ KNUတုံ့ပြန်

အကြမ်းဖက်သမားစစ်စစ်ဟာ စစ်အုပ်စုဖြစ်ပြီး NCAစာချုပ်ကို ဖျက်ဆီးကာ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်လို့ KNUတုံ့ပြန်

မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ အကြမ်းဖက်သမားစစ်စစ်တွေဖြစ်ပြီး NCA စာချုပ်ပါ သဘောတူညီချက်အခန်း

တိုင်းကို ဖျက်ဆီးပစ်ပြီး အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ KNUရဲ့ ပြောရေးဆိုခွင့်ရှိသူ

နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီးက ပြောကြားလိုက်ပါတယ်။

စစ်အုပ်စုဟာ ဒီဇင်ဘာလ ၂၉ရက်နေ့က သူတို့ရဲ့ဝါဒဖြန့် သတင်းစာတွေဖြစ်တဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေကနေ KNU၊

KNLAအဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားပြီး NCAကို ဖျက်ဆီးစေလိုတဲ့ ခေါင်းဆောင်တချို့ပါဝင်သော NUG၊PDFအမည်ခံ

အကြမ်းဖက်သမားတွေက စတင်ပစ်ခတ်တိုက်ခိုက်တာကနေ တိုက်ပွဲဖြစ်ပွားတယ်လို့ စွပ်စွဲချက်တွေနဲ့ ပက်သက်ပြီး KNUဗဟိုက ဒီကနေ့

မှာ ပဒိုစောတောနီးရဲ့ ပြောကြားဖြေရှင်းချက်နဲ့အတူ ပြန်လည်ဖြေရှင်းတုံ့ပြန်ရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။


“အဲ့ဒီ့ကိစ္စနဲ့ ပက်သက်ပြီး ပထမဆုံးကျွန်တော် အကြမ်းဖက်ဆိုတဲ့ စကားလုံးကိုပြောချင်တယ်၊ ဘယ်သူကအကြမ်းဖက်လဲဆိုတာ တစ်

တိုင်းပြည်လုံးလဲသိတယ် လူတွေကို သတ်ဖြတ်နေတာတွေ၊ အိမ်ထဲကလူတွေကိုလည်း အတင်းဆွဲထုတ်ပြီး မနက်ကျ အလောင်းပြန်ပေး

တာတွေ အဲ့ဒါတွေကရိုးနေတယ် တစ်တိုင်းပြည်လုံးလဲသိတယ် တစ်ကမ္ဘာလုံးလဲသိတယ်၊ ဆိုတော့ အကြမ်းဖက်သမားက သူ့ကိုသူ

အကြမ်းဖက်မှန်းသူ့ကိုယ်သူအခုထိ မသိသေးဘူးလားဆိုတာ အဲ့ဒါတော့ ကျွန်တော်ဒါပဲပြောချင်တယ် အဲ့ဒါတော့ ပထမချက်၊ စစ်ကောင်စီ

က အကြမ်းဖက်သမားစစ်စစ်ဗျ ကိုယ့်လူထုကိုလည်း ကိုယ်ပြန်သတ်နေတဲ့သူတွေ အဲ့ဒါက တကယ့်အကြမ်းဖက်သမားတွေ၊ နံပါတ်(၂)

အချက် NCAကိုဖျက်ဆီးတယ်ဆိုတဲ့နေရာမှာ အဲ့မှာ KNU၊ KNLAက အကြမ်းဖက်သမားဆိုပြီးတော့ NCAကိုဖျက်ဆီးတယ်လုပ်တယ်၊

ကျွန်တော်တို့ ငြိမ်းချမ်းဖြစ်စဉ်တစ်လျှောက်လုံးမှာ ကျွန်တော်တို့ KNUဟာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို စိတ်နှစ်ပြီးလုပ်ဆောင်ခဲ့ပါတယ်

ဘယ်လောက်ပဲ အခက်အခဲအတားအဆီးတွေ ဘယ်လောက်ပဲရှိရှိ ကျွန်တော်တို့ သည်းခံပြီးတော့ လုပ်ခဲ့တယ်”လို့ KNUရဲ့

ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။

ဆက်လက်ပြီး ပဒိုစောတောနီးက NCAသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် စစ်အုပ်စုဟာ ယခင် ၅နှစ်ကျော်

ကတည်းက ကန့်လန့်တိုက် ကန့်ကွက်တာတွေ လုပ်ဆောင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်မှာ အရပ်သားတွေအပေါ် စောင့်ထိန်းလိုက်နာရ

မဲ့ ကျင့်ဝတ်တွေနဲ့ စစ်မြေပြင်စည်းကမ်းတွေကိုပါ ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတယ်လို့ ပြောပါတယ်။

NCAကိုဖျက်ဆီးလိုက်တာဟာ စစ်ကောင်စီပဲဖြစ်ပြီး သူခိုးက လူပြန်ဟစ်သလို စစ်အုပ်စု လိမ်လည်ပြောဆိုနေတယ်လို့လည်း ဖဒိုစောတော

နီးက ဆိုပါတယ်။DNA