ၾကားသိသမွ်

မန္တလေးလူမဲ့သပိတ်ကို စစ်တပ်က တုတ်ဖြင့်ထိုး ရှင်းလင်းစဉ် မိုင်းကွဲ၍ စစ် သား ၂ ဦး ဒဏ်ရာရ

မန္တလေးလူမဲ့သပိတ်ကို စစ်တပ်က တုတ်ဖြင့်ထိုး ရှင်းလင်းစဉ် မိုင်းကွဲ၍ စစ် သား ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

မန္တလေးတွင်ယနေ့ နံနက် ၉ နာရီ ၄၆ မိနစ်အချိန် လူမဲ့သပိတ်ကို စစ်တပ်က တုတ်ဖြင့်ထိုး၍ ဖယ် ရှား ရှင်းလင်းစဉ် မိုင်းပေါက်ကွဲပြီး

စစ်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိကြောင်းN G U:FF – Mandalayက ထုတ်ပြန်သည်။

ယနေ့ မနက်ခင်း ၃၈အောင်ဆန်းစုကြည်လမ်း ၇၄လမ်းဆုံရာ၌ လူမဲ့ဆန္ဒထုတ် ဖော်မှု ပြုခဲ့ကြောင်း၊ အဆိုပါလူမဲ့သပိတ်၌ “ပြည်သူများ(လုံး

ဝ)မထိရ” ဟူသော စာတန်းပါ Danger sign သတိပေး စာသားများ၊ PDFအလံတော်၏ ဘေး၌ ” စခ ရခ ဘယ်ကောင်သေရဲလဲ” ဟူသော

စာသားများနှင့် ”ငါတို့ အမဲလိုက်မယ့် အလှည့်ရောက်ပြီ” ”သွေးကြွေးမှာဆွေးနွေးစရာမရှိ” ”ဘယ်တော့မှ သွေးမကွဲမယ့် NUG PDF

&UG” အစရှိသော စာသားပါဆိုင်းပုဒ်ငယ်လေးများနှင့်တကွ ဝေဝေဆာဆာ နှစ်သစ်ကိုကြိုဆိုနေကြောင်း ၊ နွေဦးတော်လှန်ရေး လက်ကမ်း

စာရွက်များလည်း လမ်းမတစ်ချို့၌ ဖြန့်ကျဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ် ဆောင်ခဲ့ကြကြောင်း သိရှိရသည်။


အဆိုပါလူမဲ့သပိတ်ကို စစ်တပ်က ၃၈လမ်း ၇၃လမ်းမှ ၇၆လမ်းအထိ လမ်း ပိတ် ၍ လူမဲ့သပိတ်ကို ဖယ်ရှားရှင်းလင်းရန်ကြိုးစားရာမှ မိုင်း

ပေါက်ကွဲပြီး စစ် သား ၂ ဦးထိခိုက်ခဲ့ကြောင်း N G U:FF – Mandalayထံမှ သိရှိရသည်။


“လူမဲ့သပိတ်ကို တုတ်နဲ့ထိုးနေတုန်း မိုင်းပေါက်ပြီး ရဲ ၂ယောက်လဲသွားတယ်။ ထိခိုက်သူတွေလည်း အများအပြားရှိတယ်။ ရဲ ၂ ဦးက သေ၊

မသေ မသိရသေးဘူး။ ဒဏ်ရာတော့ ပြင်းပုံပဲ မထနိုင်တော့ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

မႏၲေလးလူမဲ့သပိတ္ကို စစ္တပ္က တုတ္ျဖင့္ထိုး ရွင္းလင္းစဥ္ မိုင္းကြဲ၍ စစ္ သား ၂ ဦး ဒဏ္ရာရ

ရန္ကုန္၊ ဒီဇင္ဘာ ၃၁

မႏၲေလးတြင္ယေန႔ နံနက္ ၉ နာရီ ၄၆ မိနစ္အခ်ိန္ လူမဲ့သပိတ္ကို စစ္တပ္က တုတ္ျဖင့္ထိုး၍ ဖယ္ ရွား ရွင္းလင္းစဥ္ မိုင္းေပါက္ကြဲၿပီး စစ္သား ၂ ဦး

ထိခိုက္ဒဏ္ရာရရွိေၾကာင္းN G U:FF – Mandalayက ထုတ္ျပန္သည္။

ယေန႔ မနက္ခင္း ၃၈ေအာင္ဆန္းစုၾကည္လမ္း ၇၄လမ္းဆုံရာ၌ လူမဲ့ဆႏၵထုတ္ ေဖာ္မႈ ျပဳခဲ့ေၾကာင္း၊ အဆိုပါလူမဲ့သပိတ္၌ “ျပ

ည္သူမ်ား(လုံးဝ)မထိရ” ဟူေသာ စာတန္းပါ Danger sign သတိေပး စာသားမ်ား၊ PDFအလံေတာ္၏ ေဘး၌ ” စခ ရခ ဘယ္ေ

ကာင္ေသရဲလဲ” ဟူေသာ စာသားမ်ားႏွင့္ ”ငါတို႔ အမဲလိုက္မယ့္ အလွည့္ေရာက္ၿပီ” ”ေသြးေႂကြးမွာေဆြးေႏြးစရာမ

ရွိ””ဘယ္ေတာ့မွ ေသြးမကြဲမယ့္ NUG PDF &UG” အစရွိေသာ စာသားပါဆိုင္းပုဒ္ငယ္ေလးမ်ားႏွင့္တကြ ေဝေဝဆာဆာ ႏွ

စ္သစ္ကိုႀကိဳဆိုေနေၾကာင္း ၊ ေႏြဦးေတာ္လွန္ေရး လက္ကမ္းစာရြက္မ်ားလည္း လမ္းမတစ္ခ်ိဳ႕၌ ျဖန္႔က်ဲၿပီး စစ္အာဏာရွင္ဆန႔္က်င္ေရး

လုပ္ ေဆာင္ခဲ့ၾကေၾကာင္း သိရွိရသည္။အဆိုပါလူမဲ့သပိတ္ကို စစ္တပ္က ၃၈လမ္း ၇၃လမ္းမွ ၇၆လမ္းအထိ လမ္း ပိတ္ ၍ လူမဲ့သပိတ္ကို

ဖယ္ရွားရွင္းလင္းရန္ႀကိဳးစားရာမွ မိုင္းေပါက္ကြဲၿပီး စစ္ သား ၂ ဦးထိခိုက္ခဲ့ေၾကာင္း N G U:FF – Mandalayထံမွ သိရွိရသည္။

“လူမဲ့သပိတ္ကို တုတ္နဲ႔ထိုးေနတုန္း မိုင္းေပါက္ၿပီး ရဲ ၂ေယာက္လဲသြားတယ္။ ထိခိုက္သူေတြလည္း အမ်ားအျပားရွိတယ္။ ရဲ ၂ ဦးက

ေသ၊ မေသ မသိရေသးဘူး။ ဒဏ္ရာေတာ့ ျပင္းပုံပဲ မထနိုင္ေတာ့ဘူး” ဟု ေဒသခံတစ္ဦးက ေျပာသည္။