ၾကားသိသမွ်

ပုလဲတွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၉ ဦးသေဆုံး၊ မိုင်းမိ၍ စစ်သား ၅ ဦးသေဆုံး၊ ကရင်နီပြည်နယ် KGZ က ဒရုန်းလွှတ်ကာ ရဲစခန်းကို ဗုံးတစ်လုံးပစ်ချ

ပုလဲတွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၉ ဦးသေဆုံး၊ မိုင်းမိ၍ စစ်သား ၅ ဦးသေဆုံး၊ ကရင်နီပြည်နယ် KGZ က ဒရုန်း

လွှတ်ကာ ရဲစခန်းကို ဗုံးတစ်လုံးပစ်ချ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကို ဒေသ ကာကွယ် ရေးတပ်များက လုပ်ဆောင်ခဲ့ကြပြီး စစ်ကောင်စီတပ်သား

၉ ဦးသေဆုံးပြီး အများ အပြားဒဏ်ရာရရှိကြောင်း သိရှိရသည်။

ယနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အောင်ဆန်းတပ်ဖွဲ့ နှင့် မဟာမိတ် ပုံတောင်တိုက်ဂါးတပ်ဖွဲ့က ပုလဲမြို့နယ်တွင်း စစ်တပ်ကို​ နည်းပညာ

သုံး၍ ဝေဟင်မှ ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း၊ ဂန့်ဂေါ မှ ပုလဲ-ကန့်ဒေါင့်သို့ ဆင်းလာသော အင်အား ၁၅၀ ခန့်ပါစစ်ခွေးကားတန်းကို

အကြိုထွက်လာ​သော ကန့်ဒေါင့်ရဲစခန်းမှ စစ်တပ်ကောင်စီတပ်ကို ကန့်ဒေါင့်ရွာအနောက်ဘက် သစ်တောရုံးအနီးအရောက်၊ နံနက် ၁၀ နာရီ

၃၇ မိနစ်တွင်တစ်ကြိမ်၊ နဂါးမတောင်မှ စတင်ထွက်ခွာလာသော စစ်ခွေးကားတန်းအား ဝမ်းဘဲချိုင့်ရွာအနီး နေ့လယ်(၁)နာရီ (၁၇)မိနစ်

တွင်တစ်ကြိမ်၊ ယင်းကားတန်းကိုပင် ကန့်ဒေါင့်ရွာအနောက်ဘက် သစ်တောရုံးအနီးအရောက်၊ ညနေ(၃)နာရီ (၂၄)မိနစ်တွင်တစ်ကြိမ်၊

စုစုပေါင်း သုံးကြိမ် ဒရုန်းဖြင့် ဗုံးကျဲချကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် ၉ ဦးသေဆုံးကြောင်း သိရှိရသည်။

ယင်းအပြင် မဟာမိတ် ပုံတောင်တိုက်ဂါးအဖွဲ့က ယင်းစစ်ကားတန်းကို တစ်ပြိုင်တည်း မိုင်းဆွဲ တိုက်ခိုက်ရာ ၅ ဦးသေဆုံးကြောင်း သတင်း

ထုတ်ပြန်ထားသည်။

အလားတူ ကရင်နီပြည်နယ်တွင် KGZ တပ်ဖွဲ့က ဒရုန်းဖြင့် ရဲစခန်းကို ဒီဇင်ဘာလ ၂၅ ရက်နေ့ က ဗုံးကျဲချခဲ့ကြောင်း KGZ ၏ စာမျက်နှာ

တွင် တရားဝင်သတင်းထုတ်ပြန်ထားသည်။

(အော်ဖော်ပြပါ ဗီဒီယိုမှာ KGZ တပ်က ဒရုန်းဖြင့် ရဲစခန်းကို ဗုံးကျဲချသည့် ဗီဒီယိုဖြစ်ပါသည်)

Zawgyi


ရန်ကုန်၊ ဒီဇင်ဘာ ၃၀






