ၾကားသိသမွ်

စစ်ကောင်စီ ရဲသင်တန်းဆင်းများအတွက် ကျပ်သိန်း ၂၀၀ အကုန်ခံကာ ဂုဏ်ပြုညစာစားပွဲ ပြုလုပ်ရန် ပြင်ဆင်နေ

စစ်ကောင်စီ ရဲသင်တန်းဆင်းများအတွက် ကျပ်သိန်း ၂၀၀ အကုန်ခံကာ ဂုဏ်ပြုညစာစားပွဲ ပြုလုပ်ရန် ပြင်ဆင်နေ

မဲခေါင်၊ ဒီဇင်ဘာ ၃၀

စစ်ကောင်စီ၏ ပြည်သူအပေါ် ဖိနှိပ်သည့်နေရာများတွင် တာဝန်ထမ်းဆောင်မည့် ရဲသင်တန်းဆင်းများအတွက် နှစ်သစ်ကူးဂုဏ်ပြုညစာ

စားပွဲကို ရှမ်းပြည်နယ်၏ မြို့တော်၊ တောင်ကြီးမြို့တွင် အာဏာသိမ်းစစ်ကောင်စီမှ ကျပ်သိန်း၂၀၀အကုန်ကျခံ ပြုလုပ်ပေးရန် စီစဉ်နေ

ကြောင်း မဲခေါင်သတင်းဌာနမှ စုံစမ်းသိရှိရသည်။

တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်ရှိ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးဝန်းအတွင်း ရဲတပ်ဖွဲ့ဝင်သင်တန်းဆင်းလာသည့် တပ်ဖွဲ့ဝင်အသစ်များ

အတွက် နှစ်သစ်ကူးဂုဏ်ပြုညစာစားပွဲကို ဒီဇင်ဘာလ ၃၁ရက်၊ ညပိုင်းအချိန်၌ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက

ပြောသည်။


“ဘတ်ဂျက်သိန်း ၂၀၀ချပေးထားတယ်။ အခမ်းအနားပြင်ဆင်စရိတ်နဲ့ အဲဒီညမှာ သောက်ကြစားကြဖို့၊ ကံစမ်းမဲတွေ ဖောက်ပေးဖို့ပေါ့။ ရုံး

ဝင်းအတွင်းမှာပဲ အခမ်းအနားပြင်ဆင်ပြီး လုပ်မှာပါ။ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်အရာရှိတွေလည်း တင်မှာပါ။ ပြည်သူတွေဒီလောက်

ကျိန်စာတိုက်လိုက်၊ ဆဲရေးတိုင်းထွာလိုက်နဲ့ သူတို့ကိုရွံနေတာတောင် တပ်ဖွဲ့ဝင်အသစ်တွေကို ‌ပြည်သူ့ဘဏ္ဍာနဲ့ ပွဲလုပ်ပေးနေသေး

တယ်”ဟု ရဲအသိုင်းအဝန်းမှ အမာခံသတင်းပေးတစ်ဦးက ပြောသည်။

အဆိုပါဂုဏ်ပြုညစာစားပွဲသို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးအပြင် ပြည်ထောင်စုအဆင့် စစ်တပ်အရာရှိတစ်ဦး၊ ရဲအရာရှိတက်ရောက်မည်

ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အလားတူ အာဏာသိမ်းစစ်ကောင်စီက လာမည့်ဇန်နဝါရီလ ၄ရက်နေ့တွင် ကျရောက်မည့် ၇၄နှစ်မြောက် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့

အခမ်းအနားကို တောင်ကြီးမြို့၊ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ ကျင်းပရန်အတွက် အင်အားအလုံးအရင်းဖြင့် လုံခြုံရေးယူကာ

ပြင်ဆင်နေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ရက်၌ နိုင်ငံတော်အာဏာကို မတရားရယူထားသည့်

စစ်ကောင်စီလက်‌အောက်ခံ စစ်တပ်နှင့် ရဲတပ်ဖွဲ့က အခမ်းအနား အမျိုးမျိုး ကျင်းပရန် ပြင်ဆင်နေကြသော်လည်း အာဏာသိမ်းမှုကို

လက်မခံသည့် ပြည်သူများက ယနေ့တိုင် ရရာနည်းလမ်းအမျိုးမျိုးဖြင့် စစ်ကောင်စီ ဆန့်ကျင်ကာ ခုခံတော်လှန်လျက်ရှိသည်။

#MeKongNews

စစ္ေကာင္စီ ရဲသင္တန္းဆင္းမ်ားအတြက္ က်ပ္သိန္း ၂၀၀ အကုန္ခံကာ ဂုဏ္ျပဳညစာစားပြဲ ျပဳလုပ္ရန္ ျပင္ဆင္ေန

မဲေခါင္၊ ဒီဇင္ဘာ ၃၀

စစ္ေကာင္စီ၏ ျပည္သူအေပၚ ဖိႏွိပ္သည့္ေနရာမ်ားတြင္ တာဝန္ထမ္းေဆာင္မည့္ ရဲသင္တန္းဆင္းမ်ားအတြက္ ႏွစ္သစ္ကူးဂုဏ္ျပဳညစာ

စားပြဲကို ရွမ္းျပည္နယ္၏ ၿမိဳ႕ေတာ္၊ ေတာင္ႀကီးၿမိဳ႕တြင္ အာဏာသိမ္းစစ္ေကာင္စီမွ က်ပ္သိန္း၂၀၀အကုန္က်ခံ ျပဳလုပ္ေပးရန္ စီစဥ္ေနေၾကာင္း မဲေခါင္သတင္းဌာနမွ စုံစမ္းသိရွိရသည္။

ေတာင္ႀကီးၿမိဳ႕၊ စိန္ပန္းရပ္ကြက္ရွိ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မႉး႐ုံးဝန္းအတြင္း ရဲတပ္ဖြဲ႕ဝင္သင္တန္းဆင္းလာသည့္ တပ္ဖြဲ႕ဝင္အသစ္မ်ားအတြ

က္ ႏွစ္သစ္ကူးဂုဏ္ျပဳညစာစားပြဲကို ဒီဇင္ဘာလ ၃၁ရက္၊ ညပိုင္းအခ်ိန္၌ ျပဳလုပ္ေပးမည္ျဖစ္ေၾကာင္း သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

“ဘတ္ဂ်က္သိန္း ၂၀၀ခ်ေပးထားတယ္။ အခမ္းအနားျပင္ဆင္စရိတ္နဲ႔ အဲဒီညမွာ ေသာက္ၾကစားၾကဖို႔၊ ကံစမ္းမဲေတြ ေဖာက္ေပးဖို႔ေပါ့။ ႐ုံးဝင္းအတြင္းမွာပဲ အခမ္းအနားျပင္ဆင္ၿပီး လုပ္မွာပါ။

ျပည္နယ္အဆင့္၊ ခရိုင္အဆင့္အရာရွိေတြလည္း တင္မွာပါ။ ျပည္သူေတြဒီေလာက္က်ိန္စာတိုက္လိုက္၊ ဆဲေရးတိုင္းထြာလိုက္နဲ႔ သူတို႔ကိုရြံေနတာေတာင္ တပ္ဖြဲ႕ဝင္အသစ္ေတြကို ‌ျပည္သူ႔ဘ႑ာနဲ႔ ပြဲလုပ္ေပးေနေသးတယ္”ဟု ရဲအသိုင္းအဝန္းမွ အမာခံသတင္းေပးတစ္ဦးက ေျပာသည္။

အဆိုပါဂုဏ္ျပဳညစာစားပြဲသို႔ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မႉးအျပင္ ျပည္ေထာင္စုအဆင့္ စစ္တပ္အရာရွိတစ္ဦး၊ ရဲအရာရွိတက္ေရာက္မည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာၾကားခဲ့သည္။

အလားတူ အာဏာသိမ္းစစ္ေကာင္စီက လာမည့္ဇန္နဝါရီလ ၄ရက္ေန႔တြင္ က်ေရာက္မည့္ ၇၄ႏွစ္ေျမာက္ ျမန္မာနိုင္ငံလြတ္လပ္ေ

ရးေန႔အခမ္းအနားကို ေတာင္ႀကီးၿမိဳ႕၊ အေဝရာကုန္းသာယာ မီးပုံးပ်ံကြင္း၌ က်င္းပရန္အတြက္ အင္အားအလုံးအရင္းျဖင့္ လုံျခဳံေရးယူကာ ျပင္ဆင္ေနသည္ကို ေတြ႕ရသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၁ရက္၌ နိုင္ငံေတာ္အာဏာကို မတရားရယူထားသည့္စစ္ေကာင္စီလက္‌ေအာက္ခံ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕က အခမ္းအနား အမ်ိဳးမ်ိဳး က်င္းပရန္ ျပင္ဆင္ေနၾကေသာ္လည္း အာဏာသိမ္းမႈကို လက္မခံသည့္ ျပည္သူမ်ားက ယေန႔တိုင္ ရရာနည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ စစ္ေကာင္စီ ဆန႔္က်င္ကာ ခုခံေတာ္လွန္လ်က္ရွိသည္။

#MeKongNews