ၾကားသိသမွ်

လေးကေ့ကော်တွင် အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို လက်နက်များ၊ ကားနှင့်အတူ အရှင်ဖမ်းဆီးရမိ (ရုပ်/သံ)

လေးကေ့ကော်တွင် တိုက်ပွဲပြန်ဖြစ်ပြီး အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို လက်နက်များ၊ ကားနှင့်အတူ အရှင်ဖမ်းဆီးရမိ

(ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်မြို့သစ်တွင် ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် တိုက်ပွဲပြန်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့

ဝင် ၇ ဦးကို လက် နက်များ၊ ကားနှင့်အတူ အရှင်ဖမ်းဆီးရမိကြောင်း ထိုင်း-မြန်မာနယ်စပ် တောင်ပိုင်းစစ်ဌာနချုပ်မှ ဦးရဲမင်း (AAC) က

ပြောသည်။

“ကျနော်တို့သိသလောက်တော့ လေးကေ့ကော်မှာ ဒီနေ့ တိုက်ပွဲ ပြန်ဖြစ်တယ်။ စစ်တပ်ဘက်က ၇ ဦး ကားတစ်စီးနဲ့ လမ်းမှားပြီး အဖမ်း

ခံထားရတယ်။ ကားတွေရော လက်နက်တွေရော ရထားတယ်လို့ သိရပါတယ်။ သူတို့က လမ်း ကြောင်းမှန်သမျှကို အကုန်လိုက်ဝင်နေ

တယ်” ဟု ဦးရဲမင်းက ဆိုသည်။

ယနေ့ နံနက်ပိုင်း ကော့ကရိတ်တွင်လည်း တိုက်ပွဲပြင်းထန်ကြောင်း၊ စစ်ကောင် စီတပ်များက အင် အားအလုံးအရင်းဖြင့်တက်လာ၍ ထိ

တွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ကော့ကရိတ်မြို့နယ်၊ အံကလော်‌ကျေးရွာအပေါ်ဖက်တောင်ခြေ မြိုင်ကလေးနှင့် မနွယ်ကြားသို့ ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်မှ

စတင်၍ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ကူပြီး ထိုးစစ်ဆင်မှုပြုလုပ်လာသဖြင့် KNLAတပ်ဖွဲ့ဝင်များနှင့် နှစ်ဖက်ထိ

တွေ့ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသကရင်သတင်းရင်းမြစ်KO ကော့ကရိတ်

သတင်းစဉ်က သတင်းဖော်ပြသည်။

စစ်ကောင်စီဖက်မှ ကျဆုံးနှင့် ဒဏ်ရာရသူများကို ယနေ့ နေ့လယ် ၁၂ နာရီ အချိန်တွင် ကား ၂ စီးဖြင့် ပြန်လည်သယ်ဆောင်သွားခဲ့ကြောင်း

သိရှိရသည်။

ဒီဇင်ဘာလလယ်ပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးနှင့် BGF ၂ ဦးတို့ကို လေးကေ့ကော်တိုက်ပွဲတွင် KNU ကဖမ်းဆီး

ရမိခဲ့ပြီး ကောင်းမွန်စွာ ထားရှိကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

Video Credit- ချစ်ဖြိုးကို Facebook

ေလးေက့ေကာ္တြင္ တိုက္ပြဲျပန္ျဖစ္ၿပီး အရာရွိအပါအဝင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၇ ဦးကို လက္နက္မ်ား၊ ကားႏွင့္အတူ အရွင္ဖမ္းဆီးရမိ (႐ုပ္/သံ)

ရန္ကုန္၊ ဒီဇင္ဘာ ၃၀

ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕နယ္၊ ေလးေက့ေကာ္ၿမိဳ႕သစ္တြင္ ယေန႔ ဒီဇင္ဘာလ ၃၀ ရက္ေန႔တြင္ တိုက္ပြဲျပန္ျဖစ္ပြားၿပီး စစ္ေ

ကာင္စီတပ္ဖြဲ႕ဝင္ ၇ ဦးကို လက္ နက္မ်ား၊ ကားႏွင့္အတူ အရွင္ဖမ္းဆီးရမိေၾကာင္း ထိုင္း-ျမန္မာနယ္စပ္ ေတာင္ပိုင္းစစ္ဌာနခ်ဳပ္မွ ဦးရဲမင္း

(AAC) က ေျပာသည္။

“က်ေနာ္တို႔သိသေလာက္ေတာ့ ေလးေက့ေကာ္မွာ ဒီေန႔ တိုက္ပြဲ ျပန္ျဖစ္တယ္။ စစ္တပ္ဘက္က ၇ ဦး ကားတစ္စီးနဲ႔ လမ္းမွားၿပီး အဖ

မ္းခံထားရတယ္။ ကားေတြေရာ လက္နက္ေတြေရာ ရထားတယ္လို႔ သိရပါတယ္။ သူတို႔က လမ္း ေၾကာင္းမွန္သမၽွကို အကုန္လိုက္

ဝင္ေနတယ္” ဟု ဦးရဲမင္းက ဆိုသည္။

ယေန႔ နံနက္ပိုင္း ေကာ့ကရိတ္တြင္လည္း တိုက္ပြဲျပင္းထန္ေၾကာင္း၊ စစ္ေကာင္ စီတပ္မ်ားက အင္ အားအလုံးအရင္းျဖင့္တက္လာ၍

ထိေတြ႕တိုက္ပြဲျဖစ္ပြားေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

ေကာ့ကရိတ္ၿမိဳ႕နယ္၊ အံကေလာ္‌ေက်းရြာအေပၚဖက္ေတာင္ေၿခ ၿမိဳင္ကေလးႏွင့္ မႏြယ္ၾကားသို႔ ယေန႔နံနက္ ၆ နာရီ ၃၀

မိနစ္အခ်ိန္ခန႔္မွစတင္၍ အၾကမ္းဖက္စစ္ေကာင္စီတပ္က လက္နက္ႀကီးမ်ားပစ္ကူၿပီး ထိုးစစ္ဆင္မႈျပဳလုပ္လာသျဖင့္ KNLAတပ္ဖြဲ႕ဝင္မ်ားႏွင့္ ႏွစ္ဖ

က္ထိေတြ႕ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ရာ စစ္ေကာင္စီတပ္မွ ၃ ဦးေသဆုံးကာ ၅ ဦးဒဏ္ရာရရွိခဲ့ေၾကာင္း ေဒသကရင္သတင္းရင္းျမစ္KO

ေကာ့ကရိတ္သတင္းစဥ္က သတင္းေဖာ္ျပသည္။

စစ္ေကာင္စီဖက္မွ က်ဆုံးႏွင့္ ဒဏ္ရာရသူမ်ားကို ယေန႔ ေန႔လယ္ ၁၂ နာရီ အခ်ိန္တြင္ ကား ၂ စီးျဖင့္ ျပန္လည္သယ္ေဆာင္သြားခဲ့ေၾကာ

င္း သိရွိရသည္။

ဒီဇင္ဘာလလယ္ပိုင္းကလည္း အၾကမ္းဖက္စစ္ေကာင္စီတပ္သား ၆ ဦးႏွင့္ BGF ၂ ဦးတို႔ကို ေလးေက့ေကာ္တိုက္ပြဲတြင္ KNU ကဖ

မ္းဆီးရမိခဲ့ၿပီး ေကာင္းမြန္စြာ ထားရွိေၾကာင္း တရားဝင္ သတင္းထုတ္ျပန္ခဲ့သည္။

Video Credit- ခ်စ္ၿဖိဳးကို Facebook