ၾကားသိသမွ်

ဝီ ရသူနဲ့ ပိုင်တံခွန် (သို့မဟုတ်) သင်္ကန်းဝတ်နဲ့ ကမ္ဘာကျော်သွားသူ နှစ်ဦး…

ဝီ ရသူနဲ့ ပိုင်တံခွန်

သုံးမတ်သား ဒီမိုကရေစီခေတ်မှာ သင်္ကန်းဝတ်နဲ့ ကမ္ဘာကျော်သွားတဲ့ ပုဂ္ဂိုလ်နှစ်ဦးကို သတိထားမိပါတယ်။

တစ်ဦးက ဦးဝီရသူပါ။ Time မဂ္ဂဇင်းမှာ “The Face of Buddhist Terror” (ဗုဒ္ဓဘာသာ အကြမ်းဖက်မှုရဲ့ မျက်နှာ) ဆိုပြီး မဂ္ဂဇင်းထိပ်ဆုံးမှာ မျက်နှာဖုံးရှင်အဖြစ် ဖော်ပြခံခဲ့ရတာပါ။

ဗုဒ္ဓဘာသာရဲ့ အေးချမ်းတဲ့ မေတ္တာတရားတွေကို ဖြန့်ဖြူးရမဲ့အစား ဘာသာခြားတွေကို မုန်းတီးတဲ့ ပူပူလောင်လောင် အမုန်းစကားတွေ ပြန့်ပွားစေခဲ့တဲ့အတွက် Time မဂ္ဂဇင်းကြီးက ခုလို သမုတ်ခဲ့တာပါ။

ဗုဒ္ဓဘာသာနဲ့ အကြမ်းဖက်မှုကို တွဲပြီးသုံးထားတာကြောင့် ဗုဒ္ဓဘာသာရဲ့ ဂုဏ်သိက္ခာကို တစ်နည်းတစ်ဖုံ ညှိုးနွမ်းစေတာတော့ ငြင်းမရပါဘူး။


မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင် ရဟန်းတော်တွေထဲမှာ မေတ္တာ မလွှမ်းမိုးဘဲ ဒေါသလွှမ်းမိုးနေပြီး သဘောထားသေးသိမ်တဲ့ ဘာသာရေး အစွန်းရောက်တွေ ရှိနေတာကို ကမ္ဘာက သိသွားခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ ပိုင်တံခွန်ပါ။ ပိုင်တံခွန် ရဟန်းဝတ်နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံက ကြည်ညိုစရာကောင်းလွန်းလို့ ကမ္ဘာကျော်သွားခဲ့တယ်။ နိုင်ငံတကာက သတင်းစာတွေမှာ သူ့ရဲ့ သင်္ကန်းဝတ်နဲ့ပုံကို အကျယ်တဝင့် ဖော်ပြခဲ့ကြတယ်။

ပိုင်တံခွန်ကြောင့် မြတ်စွာဘုရားရဲ့ တရားတော်တွေကို လူပိုသိသွားတာမျိုး မရှိပေမဲ့ ဗုဒ္ဓဘာသာကို သွယ်ဝိုက်ပြီး ကြော်ငြာပေးလိုက်သလို ဖြစ်သွားတယ်။

ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို မော်ဒယ်ချောချောလေးတွေနဲ့ ကြော်ငြာကြသလို သဘောနဲ့ ခပ်ဆင်ဆင်ပါပဲ။

အထူးသဖြင့် ဘာသာမဲ့တွေများတဲ့ တရုတ်ပြည်နဲ့ ဗီယက်နမ်တို့မှာ သူ့ဓာတ်ပုံကြောင့် ဗုဒ္ဓဘာသာကို ပိုပြီးစိတ်ဝင်စားလာကြတဲ့ လူငယ်တွေ ရှိတယ်။ ဗုဒ္ဓဘာသာအတွက် တစ်နည်းတစ်ဖုံ အကျိုးရှိပါတယ်။


ဒီလိုနဲ့ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာတော့ ဝီရသူ ထောင်ကလွတ်လာတယ်။ ပိုင်တံခွန်ကတော့ ထောင်ချခံလိုက်ရရှာတယ်။

ခုလည်း TC Candler က ထုတ်ပြန်တဲ့ ရုပ်အချောဆုံး ယောကျ်ားတွေ စာရင်းမှာ ပိုင်တံခွန်က နံပါတ် (၁) ချိတ်ပါတယ်။ ဒီစာရင်းက နှစ်စဉ် နိုင်ငံတကာက စောင့်ကြည့်ရတဲ့ စာရင်းပါ။

ဒီစာရင်းထဲမှာ နံပါတ် (၁) ချိတ်တယ်ဆိုတာဟာ နိုင်ငံအတွက် ဂုဏ်ယူစရာ ဘာညာဆိုတာကို ခဏထားလိုက်ပါဦး။ စီးပွားတွက်တွက်ရင်တောင် မြန်မာနိုင်ငံအတွက် အများကြီးအကျိုးရှိနိုင်ပါတယ်။

ပိုင်တံခွန်ဟာ နိုင်ငံတကာမှာ တန်းဝင်တဲ့ မော်ဒယ်တစ်ယောက် ဖြစ်သွားပြီ။ သူသာ ခုချိန် လွတ်လွတ်လပ်လပ် ရှိနေရင်၊မြန်မာနိုင်ငံသာ လွတ်လပ်တဲ့တိုင်းပြည် ဖြစ်နေခဲ့ရင် နိုင်ငံတကာကနေ သူ့ကို ကြော်ငြာတွေ ရုပ်ရှင်တွေရိုက်ဖို့ မော်ဒယ်ရှိုးလျှောက်ဖို့ ကမ်းလှမ်းမှုတွေက တန်းစီနေမှာပါ။


ရလိုက်မယ့် ဝင်ငွေဆိုတာ သူတောင် စိတ်ကူး မယဉ်ရဲလောက်တဲ့ ဝင်ငွေမျိုး ဖြစ်လိမ့်မယ်။ မြန်မာနိုင်ငံက ဝင်ငွေအကောင်းဆုံး

သရုပ်ဆောင်တွေထက်ကို အဆပေါင်းများစွာ ဝင်ငွေကောင်းဖို့ အလားအလာရှိတဲ့ သူပါ။


ဒီဝင်ငွေတွေဟာ အများအားဖြင့် မြန်မာပြည်တွင်းထဲကို စီးဝင်လာမယ့် ငွေတွေပါ။ ပြီးတော့ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း တိုးတက်လာ

အောင်၊ နိုင်ငံတကာက ခရီးသွားတွေ မြန်မာနိုင်ငံကို ပိုပြီး စိတ်ဝင်စားလာအောင် ပိုင်တံခွန်ရဲ့ပုံရိပ်နဲ့ ကြော်ငြာလို့ ရပါတယ်။

မြန်မာနိုင်ငံအတွက် သူ့ဘက်က ပံ့ပိုးပေးနိုင်တာတွေ အများကြီးပါ။ ကျောက်စိမ်းတုံးတွေ ထုတ်ရောင်းစရာ မလိုဘဲ နိုင်ငံအတွက် ဝင်ငွေ

တွေ ရှာပေးမယ့် သူပါ။


ခုတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်တဲ့။ လူငယ်လေးတစ်ယောက်ရဲ့ တောက်ပလှတဲ့ အနာဂတ်တစ်ခုဟာ စစ်ဖိနပ်အောက်မှာ ကြေမွခဲ့ရပြီ။ ဒီလို ကြေမွခဲ့ရတဲ့ ဘဝတွေ၊ ဒါ့ထက်ဆိုးတဲ့ အဖြစ်တွေလည်း မနည်းလှပါဘူး။

အနာဂတ် လူငယ်တွေကိုတော့ ဒီလို အဖြစ်ဆိုး စနစ်ဆိုးမျိုးနဲ့ ဝေးစေချင်ပါတယ်။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ခင်ဗျာ။

လေးစားစွာဖြင့် 📝 ပိုးစုန်းကြူး

photo credit; Getting Image

Zawgyi

ဝီ ရသူနဲ႔ ပိုင္တံခြန္

သုံးမတ္သား ဒီမိုကေရစီေခတ္မွာ သကၤန္းဝတ္နဲ႔ ကမၻာေက်ာ္သြားတဲ့ ပုဂၢိဳလ္ႏွစ္ဦးကို သတိထားမိပါတယ္။

တစ္ဦးက ဦးဝီရသူပါ။ Time မဂၢဇင္းမွာ “The Face of Buddhist Terror” (ဗုဒၶဘာသာ အၾကမ္းဖက္မႈရဲ့ မ်က္ႏွာ) ဆိုၿပီး မဂၢဇင္းထိပ္ဆုံးမွာ မ်က္ႏွာဖုံးရွင္အျဖစ္ ေဖာ္ျပခံခဲ့ရတာပါ။

ဗုဒၶဘာသာရဲ့ ေအးခ်မ္းတဲ့ ေမတၱာတရားေတြကို ျဖန႔္ျဖဴးရမဲ့အစား ဘာသာျခားေတြကို မုန္းတီးတဲ့ ပူပူေလာင္ေလာင္ အမုန္းစကားေတြ ျပန႔္ပြားေစခဲ့တဲ့အတြက္ Time မဂၢဇင္းႀကီးက ခုလို သမုတ္ခဲ့တာပါ။

ဗုဒၶဘာသာနဲ႔ အၾကမ္းဖက္မႈကို တြဲၿပီးသုံးထားတာေၾကာင့္ ဗုဒၶဘာသာရဲ့ ဂုဏ္သိကၡာကို တစ္နည္းတစ္ဖုံ ညႇိုးႏြမ္းေစတာေတာ့ ျငင္းမရပါဘူး။

ျမန္မာနိုင္ငံက ဗုဒၶဘာသာဝင္ ရဟန္းေတာ္ေတြထဲမွာ ေမတၱာ မလႊမ္းမိုးဘဲ ေဒါသလႊမ္းမိုးေနၿပီး သေဘာထားေသးသိမ္တဲ့ ဘာသာေရး အစြန္းေရာက္ေတြ ရွိေနတာကို ကမၻာက သိသြားခဲ့ပါတယ္။

ေနာက္တစ္ေယာက္ကေတာ့ ပိုင္တံခြန္ပါ။ ပိုင္တံခြန္ ရဟန္းဝတ္နဲ႔ ရိုက္ထားတဲ့ ဓာတ္ပုံတစ္ပုံက ၾကည္ညိဳစရာေကာင္းလြန္းလို႔ ကမၻာေက်ာ္သြားခဲ့တယ္။ နိုင္ငံတကာက သတင္းစာေတြမွာ သူ႔ရဲ့ သကၤန္းဝတ္နဲ႔ပုံကို အက်ယ္တဝင့္ ေဖာ္ျပခဲ့ၾကတယ္။

ပိုင္တံခြန္ေၾကာင့္ ျမတ္စြာဘုရားရဲ့ တရားေတာ္ေတြကို လူပိုသိသြားတာမ်ိဳး မရွိေပမဲ့ ဗုဒၶဘာသာကို သြယ္ဝိုက္ၿပီး ေၾကာ္ျငာေပးလိုက္သလို ျဖစ္သြားတယ္။

ကုန္ပစၥည္းနဲ႔ ဝန္ေဆာင္မႈေတြကို ေမာ္ဒယ္ေခ်ာေခ်ာေလးေတြနဲ႔ ေၾကာ္ျငာၾကသလို သေဘာနဲ႔ ခပ္ဆင္ဆင္ပါပဲ။
အထူးသျဖင့္ ဘာသာမဲ့ေတြမ်ားတဲ့ တ႐ုတ္ျပည္နဲ႔ ဗီယက္နမ္တို႔မွာ သူ႔ဓာတ္ပုံေၾကာင့္ ဗုဒၶဘာသာကို ပိုၿပီးစိတ္ဝင္စားလာၾကတဲ့ လူငယ္ေတြ ရွိတယ္။ ဗုဒၶဘာသာအတြက္ တစ္နည္းတစ္ဖုံ အက်ိဳးရွိပါတယ္။

ဒီလိုနဲ႔ စစ္အာဏာသိမ္းၿပီးတဲ့ ေနာက္ပိုင္းမွာေတာ့ ဝီရသူ ေထာင္ကလြတ္လာတယ္။ ပိုင္တံခြန္ကေတာ့ ေထာင္ခ်ခံလိုက္ရရွာတယ္။
ခုလည္း TC Candler က ထုတ္ျပန္တဲ့ ႐ုပ္အေခ်ာဆုံး ေယာက်္ားေတြ စာရင္းမွာ ပိုင္တံခြန္က နံပါတ္ (၁) ခ်ိတ္ပါတယ္။ ဒီစာရင္းက ႏွစ္စဥ္ နိုင္ငံတကာက ေစာင့္ၾကည့္ရတဲ့ စာရင္းပါ။

ဒီစာရင္းထဲမွာ နံပါတ္ (၁) ခ်ိတ္တယ္ဆိုတာဟာ နိုင္ငံအတြက္ ဂုဏ္ယူစရာ ဘာညာဆိုတာကို ခဏထားလိုက္ပါဦး။ စီးပြားတြက္တြက္ရင္ေတာင္ ျမန္မာနိုင္ငံအတြက္ အမ်ားႀကီးအက်ိဳးရွိနိုင္ပါတယ္။

ပိုင္တံခြန္ဟာ နိုင္ငံတကာမွာ တန္းဝင္တဲ့ ေမာ္ဒယ္တစ္ေယာက္ ျဖစ္သြားၿပီ။ သူသာ ခုခ်ိန္ လြတ္လြတ္လပ္လပ္ ရွိေနရင္၊
ျမန္မာနိုင္ငံသာ လြတ္လပ္တဲ့တိုင္းျပည္ ျဖစ္ေနခဲ့ရင္ နိုင္ငံတကာကေန သူ႔ကို ေၾကာ္ျငာေတြ ႐ုပ္ရွင္ေတြရိုက္ဖို႔ ေမာ္ဒယ္ရွိုးေလၽွာက္ဖို႔ ကမ္းလွမ္းမႈေတြက တန္းစီေနမွာပါ။

ရလိုက္မယ့္ ဝင္ေငြဆိုတာ သူေတာင္ စိတ္ကူး မယဥ္ရဲေလာက္တဲ့ ဝင္ေငြမ်ိဳး ျဖစ္လိမ့္မယ္။ ျမန္မာနိုင္ငံက ဝင္ေငြအေကာင္းဆုံး သ႐ုပ္ေဆာင္ေတြထက္ကို အဆေပါင္းမ်ားစြာ ဝင္ေငြေကာင္းဖို႔ အလားအလာရွိတဲ့ သူပါ။

ဒီဝင္ေငြေတြဟာ အမ်ားအားျဖင့္ ျမန္မာျပည္တြင္းထဲကို စီးဝင္လာမယ့္ ေငြေတြပါ။ ၿပီးေတာ့ ျမန္မာနိုင္ငံရဲ့ ခရီးသြားလုပ္ငန္း တိုးတက္လာေအာင္၊ နိုင္ငံတကာက ခရီးသြားေတြ ျမန္မာနိုင္ငံကို ပိုၿပီး စိတ္ဝင္စားလာေအာင္ ပိုင္တံခြန္ရဲ့ပုံရိပ္နဲ႔ ေၾကာ္ျငာလို႔ ရပါတယ္။

ျမန္မာနိုင္ငံအတြက္ သူ႔ဘက္က ပံ့ပိုးေပးနိုင္တာေတြ အမ်ားႀကီးပါ။ ေက်ာက္စိမ္းတုံးေတြ ထုတ္ေရာင္းစရာ မလိုဘဲ နိုင္ငံအတြက္ ဝင္ေငြေတြ ရွာေပးမယ့္ သူပါ။

ခုေတာ့ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၃ ႏွစ္တဲ့။ လူငယ္ေလးတစ္ေယာက္ရဲ့ ေတာက္ပလွတဲ့ အနာဂတ္တစ္ခုဟာ စစ္ဖိနပ္ေအာက္မွာ ေၾကမြခဲ့ရၿပီ။ ဒီလို ေၾကမြခဲ့ရတဲ့ ဘဝေတြ၊ ဒါ့ထက္ဆိုးတဲ့ အျဖစ္ေတြလည္း မနည္းလွပါဘူး။

အနာဂတ္ လူငယ္ေတြကိုေတာ့ ဒီလို အျဖစ္ဆိုး စနစ္ဆိုးမ်ိဳးနဲ႔ ေဝးေစခ်င္ပါတယ္။

အားလုံး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကပါေစ ခင္ဗ်ာ။

ေလးစားစြာျဖင့္ 📝 ပိုးစုန္းၾကဴး