ၾကားသိသမွ်

CDM ဗိုလ်ကြီးတစ်ယောက် ပြန်ပြောပြတဲ့ အာလောဘွမ်မှ အဖြစ်မှန်များ

အာလောဘွမ်ဆိုတာ စစ်ကူပေးဖို့ တောင် တော်တော်ခက်ခက်ခဲခဲ သွားရမယ် နေရာတစ်ခုပါ
အာလောဘွမ်စခန်းကို ကျနော် စခန်းစစ် လိုက်သွားဖူးပါတယ်

တက်လိုက်ရတဲ့အတက်ဆိုတာ ရွဲ့စောင်းနေတာပါပဲ ဒါတောင် ဘာမှအပိုပစ္စည်းတွေ
မသယ်သွားဘူး သွားတဲ့အချိန်ကလဲ မိုးရာသီဆို တော့ တစ်လမ်းလုံး ရွှံ့တွေ ဗွက်တွေချည်းပါပဲ

အစကတော့ ဆိုင်ကယ်လေးနဲ့ သွား ကြတာ လမ်းတစ်ဝက်တောင်မရောက်သေး
ဘူး။ ကမ်းပါးယံတွေပါ ဖတ်တက်ရတဲ့အခြေအနေရောက်လာတော့ ဆိုင်ကယ်တွေ ထားခဲ့ရတယ်။ မဟုတ်ရင် ဆိုင်ကယ်က ကိုယ့်ကို ပြန်စီးတော့မှာလေ။ မနက်ထဲက သွားလိုက်တာ ညနေ နေစောင်းခါနီးမှ အာလောဘွမ်စခန်းကုန်း အပေါ်ကိုရောက်တယ်။

ကျနော်တို့သွားတဲ့အချိန်က ရာသီဥတုကလဲ တော်တော်ဆိုးဝါးတယ်။အမြဲတမ်း မိုးရွာသလိုမျိုး ဆီးနှင်းတွေလည်း ကျနေတတ်တယ်။ချမ်းလိုက်အေးလိုက်တာလဲလွန်ပါရော။စားရေးသောက်ရေးလဲ တော်တော်ကို ခက်ခဲတဲ့နေရာတစ်ခုပါပဲ။

စခန်းမှာရှိတဲ့ ရိက္ခာနဲ့ စည်သွပ်ဘူးရယ် စခန်းကုန်းနားမှာ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ သီးပင်စားပင်လေးတွေနဲ့ပဲ ဖြစ်သလို စားကြရတယ်။အဲ့မှာတာဝန်ကျတဲ့ အရာရှိစစ်သည် တွေအတွက်တော့ မလွယ်ကူပါဘူး။ အဲဒီမှာ ရှိတုန်းကကို အချင်းချင်း ပြောခဲ့ကြသေးတယ်။

”ဒီစခန်းသာ ဝင်တိုက်ခံရရင် ဘယ်လို မှ ခံနိုင်မှာ မဟုတ်ဘူး…တန်းကျမှာပဲ။
စစ်ကူဆိုတာလဲ တော်တော်နဲ့ ရောက်မှာမဟုတ်ဘူးလေ။ လာရင်တောင် စခန်းကျပြီး အလောင်းကောက်ဖို့ပဲ မီလိမ့်မယ်။ဘယ်လိုရည်ရွယ်ချက်နဲ့ အခုလို နေရာမှာ စခန်းထိုင်ထားလဲ မသိဘူး” ပေါ့။

ထင်ထားတဲ့အတိုင်းပါပဲ ပထမဆုံး အဲစခန်းကို KIA လာတိုက်တာ ခံရတယ်။ ပြောတဲ့အတိုင်း တန်းကျတာပါပဲ။ စခန်းကုန်းက အရာရှိ စစ်သည်တွေ ဆိုတာ ခွေးပြေးဝက်ပြေး ပြေးရတာ။


သေလိုက်တာလဲ သောက်သောက်လဲ။ လက်နက်တွေ ခဲယမ်းတွေ KIAက ရသွားတာလဲ အပုံလိုက်ပဲ။ ဆုံးရှုံးမှုတွေ အများကြီး ဖြစ်သွားတယ်။ ဒါနဲ့ပဲ ကျသွားတဲ့ အာလောဘွမ်ကုန်းကို ပြန်တိုက်ဖို့ စီစဉ်ကြတာပေါ့။

အဲဒီမှာ စကစခေါင်းရှောင်ကြီးတွေရဲ့ တွက်ချက်မှု၊ စီစဉ်မှု၊ ညံ့ဖျဉ်းတာကို ပြောရဦးမယ်။
အာလောဘွမ်ကိုတိုက်ဖို့ ခမရ(၃၂၀) မြို့သစ်နဲ့ ခမရ(၄၃၇) မိုးမောက်တပ် ရင်း နှစ်ရင်းကို စီစဉ်တယ်။

ခမရ(၃၂၀) တပ်ရင်းမှူးက အလုပ်တစ်ခုလုပ်ရင် အရမ်းတွေဝေတယ်။ စိုးရိမ်ကြီးတယ်။ အဆိုးဆုံးက အရမ်းကြောက်တတ်တာပဲ။အဲတပ်ရင်းမှူးရဲ့ အဲလိုစိတ်တွေကြောင့်ပဲ ပြန်တိုက်တဲ့အချိန် အောင်မြင်မှုမရဘဲ ပြန်လန်ကျတဲ့အပြင် ခွေးလိုပြေးကြရပြန်ပါရော။

နောက်တစ်ရင်းက ခမရ(၄၃၇) အဲတပ်ရင်းကလဲ တိုင်းလက်အောက်ခံ တပ်ကနေ တပ်မလက်အောက်ကို ပြောင်းလဲလိုက်တာ လပိုင်းပဲရှိသေးတယ်။ တိုင်းလက်အောက်ခံတွေဆိုတာတိုက်ခိုက်ရေးထက် လုံခြုံရေးပိုင်းက ပိုများတယ်။ သက်သက်သာသာ နေရတယ်။
အထိုင်များတယ်ပေါ့။

ပြောရရင် တိုက်ခိုက်ရေးနဲ့ တော်တော်ကြာကြာ ဝေးကွာနေပြီး လေ့ကျင့်သား မပြည့်ဝတော့တဲ့ တပ်ရင်းကို ရွေးလိုက် ပြန်တယ်။ ပိုဆိုးတာက အဲတပ်ရင်း(၂)ရင်းကို ဦးဆောင်ဖို့ တာဝန်ပေးလိုက်တဲ့သူက ပြောင်းလာတာမှ ရက်ပိုင်းပဲ ရှိသေး တယ်တဲ့။ ဗျူဟာမှူးအသစ်စက်စက်
နားကိုအေးရော။

ဘယ်လောက်ရာထူးကြီးကြီး အခုမှရောက်လာတဲ့အတွက် ကိုယ်သွား ရမယ့် နယ်မြေကို မကျွမ်းကျင်သေးဘူး။ ကိုယ်ဦးဆောင်ရမယ့် တပ်ရင်းတွေအကြောင်းကို မသိသေးဘူး။

စစ်သည်တွေအကြောင်းသိဖို့ဆိုတာ ပို ဝေလာဝေးပေါ့။ ဗျူဟာမှူးရာထူးတိုးနဲ့ ပြောင်းတဲ့တပ်
မှာ တင့်တင့်တယ်တယ် နေရမလား မှတ်တယ်။

ရောက်ရောက်ချင်း စစ်တိုက်ခိုင်းနေတော့ စိတ်ဓာတ်မကျဘဲ ဘယ်နေပါ့မလဲဗျာ။ ကိုယ်ချင်းမစာတာ ပြောပါတယ်။အဲလိုမျိုးစုဖွဲ့ပေးလိုက်ပြီဆိုမှတော့ ထွက်ပြေးလာရတာ မဆန်းပါဘူး။

အခုလိုမလုပ်သင့်ဘူးဆိုတာ ကျနော် တို့တောင်သိတယ်။ သူတို့ဘာလို့ ထည့် မတွက်တာလဲ။
ဒါနဲ့ပဲ တိုက်ကြရော ဆိုပါတော့

(၃၂၀)တပ်ရင်းကုန်းကို ပတ်တက်တဲ့ အချိန် ပေါ့လျော့မှုကြောင့် တစ်ဖက်က သတိထားမိရာကနေ စတာပဲ။ သိသိချင်း အင်အားအလုံးအရင်းနဲ့ စုစည်းပြီးတော့ကို လိုက်ပြီး အမှုန့် ကြိတ်တော့တာ။

အဲနောက်ပိုင်း ပြန်ကြားရတာ ပြန်သိရတာတွေက တစ်သက်နဲ့တစ်ကိုယ် မကြားဖူးတာတွေပါ။
ဗျူဟာမှူးဦးစီး အသစ်စက်စက်လေး အသည်းအသန် ပြန်ပြေးနေရတယ်။

ဗျူဟာမှူးရဲ့ ကျည်ကာဦးထုပ်ဆို ကျည်ဆံဖြတ်မှန်ရတာနဲ့ (အမှန်က တစ်ခါတည်း ဦးထုပ်ပါဖောက်သွားရမှာ…)တပ်ရင်းမှူး တပ်ခွဲမှူး စစ်သည်တွေဆိုတာ မှုန်နေသေးတယ်။နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲ၊တင်ပါးနဲ့ ဖဝါးတန်းနေတာပဲ။

အဲလို ဖြစ်ပြီဆိုမှ ဘယ်တပ်ရင်းက စောက်ပုံမလာလို့၊ဘယ်တပ်ရင်းမှူးက စောက်သုံးမကျလို့၊
စစ်သည်တွေက အမိန့်မနာခံလို့နဲ့ စုံနေတာပဲ။ပြေးကြတာများ အသုတ်လိုက်ပဲ။ စစ်ဆေးရုံပေါ်မှာလဲ လူစုံတက်စုံပဲ။ဆေးရုံကို ပြည့်လုနီးနီး။အလောင်းမကောက်နိုင်ခဲ့တဲ့သူတွေလဲအများကြီး။


ပိုဆိုးတာက ဘယ်စစ်သည်က သေမှန်းမသိ၊ ပျောက်မှန်းမသိနဲ့ဗျာ။(အသက်တွေကို တန်ဖိုးထားပုံများ၊တပ်ဝန်းထဲမှာ ကျန်နေမဲ့ စစ်သားဇနီးတွေအတွက်တော့ ရင်နာမဆုံး ဖြစ်စရာ)

တချို့ဆို ပြေးချက်က ရင်နာတယ်။တရုတ်ပြည်ထဲရောက်လို့ရောက်။တရုတ်ရဲကဖမ်းထိန်းပြီး ပြန်အပ်ပေးတာတွေတောင်ရှိသေး။တချို့ဆို မိန်းမက အိမ်မှာ ရက်လည်လုပ်ပြီးနေပြီ။

ယောကျ်ားက ဖင်မှာ ဒဏ်ရာကြီးနဲ့ ဆိုင်းမဆင့်၊ ဗုံမဆင့် ဗြုန်းစားကြီးပြန်ရောက်ချလာတယ်။
ရောက်လာတော့လည်း သူ့ယောကျ်ား မဟုတ်ဘူး၊ သရဲပါဆိုပြီး အိမ်ပေါ်မတက်ခိုင်းဘဲ ငိုတာတွေလဲရှိတယ်။

တောထဲကနေ ရက်ပေါင်းတော်တော်ကြာ အငတ်ငတ်အပြတ်ပြတ်နဲ့ ထွက်လာနိုင်တဲ့သူတွေဆို တွေ့ရာ၊ ကုန်ကား၊ ဖရဲသီးကားနဲ့ လမ်းကြုံလိုက်ပြီး ပြန်ပြေးလာကြရတာ။အိမ်ထောင်သည် ရဲမေတွေ ငိုကြတာမှ ငရဲပွက်နေတဲ့အတိုင်းပဲ ဆူညံလို့။ကိုယ့်ယောကျ်ားက သေတာလား၊သေရင်ရော ဘယ်လိုအတည်ပြုလို့ရမလဲ၊ မသိရှာ။

အလောင်းလဲမတွေ့ရတဲ့အဖြစ်တွေ။တချို့ဆိုလဲ လုံးလုံးအဆက်သွယ်မရ၊ လမ်းတွေပျောက်ပြီး တစ်ဖက်အဖွဲ့အစည်း နေတဲ့နေရာနားတွေ လမ်းမှားပြီး ရောက်လို့ရောက်။သေနတ်သံ၊ အမြောက်သံတွေပေးပြီး အမြန်ပြန်ခေါ်ရတဲ့ သူတွေလဲ ရှိပါ့။ကိုယ့်ရဲဘော်ရဲဘက် သေတာတောင် ကောင်းကောင်းမမြှုပ်နှံပေးနိုင်ဘဲ ပစ်ထားခဲ့ရတာလဲ တိုက်ပွဲဖြစ်ရာနေရာမှာ အပုတ်နံ့တွေကို လှိုင်နေရောပဲ။

အဲဒီမှာ ပြောစရာရှိသေးတယ်။အထက်လူကြီးဆိုတဲ့သူတွေ လက်အောက်ခံတပည့်‌တွေကို ဘယ်လိုသဘောထားလဲ ဆိုတော့…
ပြန်ရောက်လာတဲ့ စစ်သည်တွေက တချို့ သေနတ်မပါလာတော့ဘူး။တချို့ကျ တွေ့ရာသေနတ်ကို နိုင်သလောက် ပြန်သယ်ပြီး ပြေးလာကြရှာတယ်။သေနတ်ပါမလာတဲ့ကောင်ကိုကျတော့ ”မင်းကွာ ကိုယ့်သေနတ်ကို ပါအောင်မသယ်နိုင်ဘူးလား”လို့ အပြစ်တင်တယ်။

တာဝန်ရှိသူ အဆင့်ဆင့် အရေးယူခံရတာတွေ တော်တော်များမယ်။ကိုယ့်စစ်သည် အသက်မသေဘဲ ပြန်လာနိုင်တာကို ဝမ်းသာတဲ့သူက ခပ်ရှားရှားရယ်။

အဲလောက်ထိ ကိုယ့်စစ်သည်ကို ချစ်ကြတဲ့ ခေါင်းရှောင်တွေ။ခေါင်းရှောင်တွေ လုပ်တတ်တဲ့အကျင့်ရှိသေးတယ်။ဒီလိုဆုံးရှုံးမှုတွေဖြစ်တာ ဘယ်ကောင့်မှာအပြစ်ရှိလဲ သေချာစီစစ်ပြီး အရေးယူနိုင်အောင်လုပ်တဲ့။ပြောတဲ့သူက အဲ့လိုတွေ ဖြစ်အောင် စီစဉ်လိုက်တဲ့သူ။မဆီမဆိုင် အရေးယူခံရတာတွေလဲ အများကြီးပဲ။

ပြောချင်တာက တိုက်ပွဲတစ်ပွဲတိုက်ဖို့ဆိုရင် ခေါင်းဆောင်လုပ်တဲ့သူဟာ ကိုယ့်ရဲဘော်ရဲဘက်တွေရဲ့ အရည် အချင်းတွေ တိုက်ရည်ခိုက်ရည်တွေကို သိထားရမယ်။လူမှန်နေရာမှန် တာဝန်ပေး ဖွဲ့စည်းတတ်ရမယ်။

စစ်တိုက်တာဖြစ်တဲ့အတွက် အရမ်းကြီး ကြောက်စိတ်ကြီးစိုးနေလို့လဲ အဆင်မပြဘူး။လက်အောက်ငယ်သားက ကိုယ့်မျက်နှာကို အမြဲကြည့်နေတတ်တယ်။ကိုယ့်အမိန့်ကို စောင့်နေတတ်တယ်ဆိုတာ သိထားရမယ်။ကိုယ်က ပိုရဲရင့်စွာနဲ့ ဦးဆောင်အမိန့်ပေး ခိုင်းစေနိုင်ရမယ်။
အမြဲတမ်းတိုက်ပွဲဝင်နိုင်အောင်လဲ လေ့ကျင့်မှုတွေ မပြတ်လုပ်ဆောင်ပေးနေရမယ်။

ဒီဖြစ်စဉ်ကိုကြည့်ပြီး ကျနော်ပြောတဲ့ထဲမှာ မပါသေးတဲ့ သင်ခန်းစာယူစရာ အချက်တွေ အများကြီးရှိသေးတယ်။ဒီလိုတွေ မဖြစ်အောင်တော့ အချိန်ယူပြင်ဆင်ရမယ်ဆိုပေမယ့် အခုမှ စတင်ဖွဲ့စည်းတဲ့ PDF တပ်ဖွဲ့တွေအတွက်ကတော့ သေချာသတိထား လုပ်ဆောင်ရင် အများကြီး အဆင်ပြေစေမှာပါ။စကစကတော့ ဒါတွေ ပြင်လို့ရတော့မယ်မထင်…😁ျပင္လဲမရေတာ့ဘူး…။

အဲလို သောက်တလွဲ ခေါင်းရှောင်ကြီးတွေ ခိုင်းတာလုပ်။ အဲလိုတွေ ထပ်ဖြစ်ေနဦးမွာပဲ။
ဖျင်မှာဒဏ်ရာကြီးနဲ့ အမြဲတမ်း ပြေးနေရဦးမှာပဲ၊ မရှုမလှ သေနေဦးမှာပဲ။မြေပြင်က စစ်အာဏာရှင် တော်လှန်ရေးတပ်ဖွဲ့များအနေနဲ့ အကျိုးရှိရှိ အသုံးချရင်း အောင်မြင်မှုတွေ ရယူနိုင်ကြပါစေ…ကျေးဇူးတင်ပါတယ်ခင်ဗျာ…

#ထက်မြတ်

photo credit

Zawgyi

အာေလာဘြမ္ဆိုတာ စစ္ကူေပးဖို႔ ေတာင္ ေတာ္ေတာ္ခက္ခက္ခဲခဲ သြားရမယ္ ေနရာတစ္ခုပါ
အာေလာဘြမ္စခန္းကို က်ေနာ္ စခန္းစစ္ လိုက္သြားဖူးပါတယ္

တက္လိုက္ရတဲ့အတက္ဆိုတာ ရြဲ႕ေစာင္းေနတာပါပဲ ဒါေတာင္ ဘာမွအပိုပစၥည္းေတြ
မသယ္သြားဘူး သြားတဲ့အခ်ိန္ကလဲ မိုးရာသီဆို ေတာ့ တစ္လမ္းလုံး ရႊံ့ေတြ ဗြက္ေတြခ်ည္းပါပဲ

အစကေတာ့ ဆိုင္ကယ္ေလးနဲ႔ သြား ၾကတာ လမ္းတစ္ဝက္ေတာင္မေရာက္ေသးဘူး။ ကမ္းပါးယံေတြပါ ဖတ္တက္ရတဲ့အေျခအေနေရာက္လာေတာ့ ဆိုင္ကယ္ေတြ ထားခဲ့ရတယ္။ မဟုတ္ရင္ ဆိုင္ကယ္က ကိုယ့္ကို ျပန္စီးေတာ့မွာေလ။ မနက္ထဲက သြားလိုက္တာ ညေန ေနေစာင္းခါနီးမွ အာေလာဘြမ္စခန္းကုန္း အေပၚကိုေရာက္တယ္။

က်ေနာ္တို႔သြားတဲ့အခ်ိန္က ရာသီဥတုကလဲ ေတာ္ေတာ္ဆိုးဝါးတယ္။အျမဲတမ္း မိုးရြာသလိုမ်ိဳး ဆီးႏွင္းေတြလည္း က်ေနတတ္တယ္။ခ်မ္းလိုက္ေအးလိုက္တာလဲလြန္ပါေရာ။စားေရးေသာက္ေရးလဲ ေတာ္ေတာ္ကို ခက္ခဲတဲ့ေနရာတစ္ခုပါပဲ။

စခန္းမွာရွိတဲ့ ရိကၡာနဲ႔ စည္သြပ္ဘူးရယ္ စခန္းကုန္းနားမွာ ကိုယ္တိုင္စိုက္ပ်ိဳးထားတဲ့ သီးပင္စားပင္ေလးေတြနဲ႔ပဲ ျဖစ္သလို စားၾကရတယ္။အဲ့မွာတာဝန္က်တဲ့ အရာရွိစစ္သည္ ေတြအတြက္ေတာ့ မလြယ္ကူပါဘူး။ အဲဒီမွာ ရွိတုန္းကကို အခ်င္းခ်င္း ေျပာခဲ့ၾကေသးတယ္။
”ဒီစခန္းသာ ဝင္တိုက္ခံရရင္ ဘယ္လို မွ ခံနိုင္မွာ မဟုတ္ဘူး…တန္းက်မွာပဲ။

စစ္ကူဆိုတာလဲ ေတာ္ေတာ္နဲ႔ ေရာက္မွာမဟုတ္ဘူးေလ။ လာရင္ေတာင္ စခန္းက်ၿပီး အေလာင္းေကာက္ဖို႔ပဲ မီလိမ့္မယ္။ဘယ္လိုရည္ရြယ္ခ်က္နဲ႔ အခုလို ေနရာမွာ စခန္းထိုင္ထားလဲ မသိဘူး” ေပါ့။

ထင္ထားတဲ့အတိုင္းပါပဲ ပထမဆုံး အဲစခန္းကို KIA လာတိုက္တာ ခံရတယ္။ ေျပာတဲ့အတိုင္း တန္းက်တာပါပဲ။ စခန္းကုန္းက အရာရွိ စစ္သည္ေတြ ဆိုတာ ေခြးေျပးဝက္ေျပး ေျပးရတာ။

ေသလိုက္တာလဲ ေသာက္ေသာက္လဲ။ လက္နက္ေတြ ခဲယမ္းေတြ KIAက ရသြားတာလဲ အပုံလိုက္ပဲ။ ဆုံးရႈံးမႈေတြ အမ်ားႀကီး ျဖစ္သြားတယ္။ ဒါနဲ႔ပဲ က်သြားတဲ့ အာေလာဘြမ္ကုန္းကို ျပန္တိုက္ဖို႔ စီစဥ္ၾကတာေပါ့။

အဲဒီမွာ စကစေခါင္းေရွာင္ႀကီးေတြရဲ့ တြက္ခ်က္မႈ၊ စီစဥ္မႈ၊ ညံ့ဖ်ဥ္းတာကို ေျပာရဦးမယ္။
အာေလာဘြမ္ကိုတိုက္ဖို႔ ခမရ(၃၂၀) ၿမိဳ႕သစ္နဲ႔ ခမရ(၄၃၇) မိုးေမာက္တပ္ ရင္း ႏွစ္ရင္းကို စီစဥ္တယ္။

ခမရ(၃၂၀) တပ္ရင္းမႉးက အလုပ္တစ္ခုလုပ္ရင္ အရမ္းေတြေဝတယ္။ စိုးရိမ္ႀကီးတယ္။ အဆိုးဆုံးက အရမ္းေၾကာက္တတ္တာပဲ။အဲတပ္ရင္းမႉးရဲ့ အဲလိုစိတ္ေတြေၾကာင့္ပဲ ျပန္တိုက္တဲ့အခ်ိန္ ေအာင္ျမင္မႈမရဘဲ ျပန္လန္က်တဲ့အျပင္ ေခြးလိုေျပးၾကရျပန္ပါေရာ။

ေနာက္တစ္ရင္းက ခမရ(၄၃၇) အဲတပ္ရင္းကလဲ တိုင္းလက္ေအာက္ခံ တပ္ကေန တပ္မလက္ေအာက္ကို ေျပာင္းလဲလိုက္တာ လပိုင္းပဲရွိေသးတယ္။ တိုင္းလက္ေအာက္ခံေတြဆိုတာတိုက္ခိုက္ေရးထက္ လုံျခဳံေရးပိုင္းက ပိုမ်ားတယ္။ သက္သက္သာသာ ေနရတယ္။
အထိုင္မ်ားတယ္ေပါ့။

ေျပာရရင္ တိုက္ခိုက္ေရးနဲ႔ ေတာ္ေတာ္ၾကာၾကာ ေဝးကြာေနၿပီး ေလ့က်င့္သား မျပည့္ဝေတာ့တဲ့ တပ္ရင္းကို ေရြးလိုက္ ျပန္တယ္။ ပိုဆိုးတာက အဲတပ္ရင္း(၂)ရင္းကို ဦးေဆာင္ဖို႔ တာဝန္ေပးလိုက္တဲ့သူက ေျပာင္းလာတာမွ ရက္ပိုင္းပဲ ရွိေသး တယ္တဲ့။ ဗ်ဴဟာမႉးအသစ္စက္စက္နားကိုေအးေရာ။

ဘယ္ေလာက္ရာထူးႀကီးႀကီး အခုမွေရာက္လာတဲ့အတြက္ ကိုယ္သြား ရမယ့္ နယ္ေျမကို မကၽြမ္းက်င္ေသးဘူး။ ကိုယ္ဦးေဆာင္ရမယ့္ တပ္ရင္းေတြအေၾကာင္းကို မသိေသးဘူး။

စစ္သည္ေတြအေၾကာင္းသိဖို႔ဆိုတာ ပို ေဝလာေဝးေပါ့။ ဗ်ဴဟာမႉးရာထူးတိုးနဲ႔ ေျပာင္းတဲ့တပ္
မွာ တင့္တင့္တယ္တယ္ ေနရမလား မွတ္တယ္။

ေရာက္ေရာက္ခ်င္း စစ္တိုက္ခိုင္းေနေတာ့ စိတ္ဓာတ္မက်ဘဲ ဘယ္ေနပါ့မလဲဗ်ာ။ ကိုယ္ခ်င္းမစာတာ ေျပာပါတယ္။အဲလိုမ်ိဳးစုဖြဲ႕ေပးလိုက္ၿပီဆိုမွေတာ့ ထြက္ေျပးလာရတာ မဆန္းပါဘူး။

အခုလိုမလုပ္သင့္ဘူးဆိုတာ က်ေနာ္ တို႔ေတာင္သိတယ္။ သူတို႔ဘာလို႔ ထည့္ မတြက္တာလဲ။ဒါနဲ႔ပဲ တိုက္ၾကေရာ ဆိုပါေတာ့
(၃၂၀)တပ္ရင္းကုန္းကို ပတ္တက္တဲ့ အခ်ိန္ ေပါ့ေလ်ာ့မႈေၾကာင့္ တစ္ဖက္က သတိထားမိရာကေန စတာပဲ။ သိသိခ်င္း အင္အားအလုံးအရင္းနဲ႔ စုစည္းၿပီးေတာ့ကို လိုက္ၿပီး အမႈန႔္ ႀကိတ္ေတာ့တာ။

အဲေနာက္ပိုင္း ျပန္ၾကားရတာ ျပန္သိရတာေတြက တစ္သက္နဲ႔တစ္ကိုယ္ မၾကားဖူးတာေတြပါ။
ဗ်ဴဟာမႉးဦးစီး အသစ္စက္စက္ေလး အသည္းအသန္ ျပန္ေျပးေနရတယ္။

ဗ်ဴဟာမႉးရဲ့ က်ည္ကာဦးထုပ္ဆို က်ည္ဆံျဖတ္မွန္ရတာနဲ႔ (အမွန္က တစ္ခါတည္း ဦးထုပ္ပါေဖာက္သြားရမွာ…)တပ္ရင္းမႉး တပ္ခြဲမႉး စစ္သည္ေတြဆိုတာ မႈန္ေနေသးတယ္။ေနာက္က်တဲ့ေျခေထာက္ သစၥာေဖာက္ပဲ၊တင္ပါးနဲ႔ ဖဝါးတန္းေနတာပဲ။

အဲလို ျဖစ္ၿပီဆိုမွ ဘယ္တပ္ရင္းက ေစာက္ပုံမလာလို႔၊ဘယ္တပ္ရင္းမႉးက ေစာက္သုံးမက်လို႔၊
စစ္သည္ေတြက အမိန႔္မနာခံလို႔နဲ႔ စုံေနတာပဲ။ေျပးၾကတာမ်ား အသုတ္လိုက္ပဲ။ စစ္ေဆး႐ုံေပၚမွာလဲ လူစုံတက္စုံပဲ။ေဆး႐ုံကို ျပည့္လုနီးနီး။အေလာင္းမေကာက္နိုင္ခဲ့တဲ့သူေတြလဲအမ်ားႀကီး။

ပိုဆိုးတာက ဘယ္စစ္သည္က ေသမွန္းမသိ၊ ေပ်ာက္မွန္းမသိနဲ႔ဗ်ာ။(အသက္ေတြကို တန္ဖိုးထားပုံမ်ား၊တပ္ဝန္းထဲမွာ က်န္ေနမဲ့ စစ္သားဇနီးေတြအတြက္ေတာ့ ရင္နာမဆုံး ျဖစ္စရာ)

တခ်ိဳ႕ဆို ေျပးခ်က္က ရင္နာတယ္။တ႐ုတ္ျပည္ထဲေရာက္လို႔ေရာက္။တ႐ုတ္ရဲကဖမ္းထိန္းၿပီး ျပန္အပ္ေပးတာေတြေတာင္ရွိေသး။တခ်ိဳ႕ဆို မိန္းမက အိမ္မွာ ရက္လည္လုပ္ၿပီးေနၿပီ။

ေယာက်္ားက ဖင္မွာ ဒဏ္ရာႀကီးနဲ႔ ဆိုင္းမဆင့္၊ ဗုံမဆင့္ ျဗဳန္းစားႀကီးျပန္ေရာက္ခ်လာတယ္။
ေရာက္လာေတာ့လည္း သူ႔ေယာက်္ား မဟုတ္ဘူး၊ သရဲပါဆိုၿပီး အိမ္ေပၚမတက္
ခိုင္းဘဲ ငိုတာေတြလဲရွိတယ္။

ေတာထဲကေန ရက္ေပါင္းေတာ္ေတာ္ၾကာ အငတ္ငတ္အျပတ္ျပတ္နဲ႔ ထြက္လာနိုင္တဲ့သူေတြဆို ေတြ႕ရာ၊ ကုန္ကား၊ ဖရဲသီးကားနဲ႔ လမ္းၾကဳံလိုက္ၿပီး ျပန္ေျပးလာၾကရတာ။အိမ္ေထာင္သည္ ရဲေမေတြ ငိုၾကတာမွ ငရဲပြက္ေနတဲ့အတိုင္းပဲ ဆူညံလို႔။ကိုယ့္ေယာက်္ားက ေသတာလား၊ေသရင္ေရာ ဘယ္လိုအတည္ျပဳလို႔ရမလဲ၊ မသိရွာ။

အေလာင္းလဲမေတြ႕ရတဲ့အျဖစ္ေတြ။တခ်ိဳ႕ဆိုလဲ လုံးလုံးအဆက္သြယ္မရ၊ လမ္းေတြေပ်ာက္ၿပီး တစ္ဖက္အဖြဲ႕အစည္း ေနတဲ့ေနရာနားေတြ လမ္းမွားၿပီး ေရာက္လို႔ေရာက္။ေသနတ္သံ၊ အေျမာက္သံေတြေပးၿပီး အျမန္ျပန္ေခၚရတဲ့ သူေတြလဲ ရွိပါ့။ကိုယ့္ရဲေဘာ္ရဲဘက္ ေသတာေတာင္ ေကာင္းေကာင္းမျမႇုပ္ႏွံေပးနိုင္ဘဲ ပစ္ထားခဲ့ရတာလဲ တိုက္ပြဲျဖစ္ရာေနရာမွာ အပုတ္နံ့ေတြကို လွိုင္ေနေရာပဲ။

အဲဒီမွာ ေျပာစရာရွိေသးတယ္။အထက္လူႀကီးဆိုတဲ့သူေတြ လက္ေအာက္ခံတပည့္‌ေတြကို ဘယ္လိုသေဘာထားလဲ ဆိုေတာ့…
ျပန္ေရာက္လာတဲ့ စစ္သည္ေတြက တခ်ိဳ႕ ေသနတ္မပါလာေတာ့ဘူး။တခ်ိဳ႕က် ေတြ႕ရာေသနတ္ကို နိုင္သေလာက္ ျပန္သယ္ၿပီး ေျပးလာၾကရွာတယ္။ေသနတ္ပါမလာတဲ့ေကာင္ကိုက်ေတာ့ ”မင္းကြာ ကိုယ့္ေသနတ္ကို ပါေအာင္မသယ္နိုင္ဘူးလား”လို႔ အျပစ္တင္တယ္။တာဝန္ရွိသူ အဆင့္ဆင့္ အေရးယူခံရတာေတြ ေတာ္ေတာ္မ်ားမယ္။ကိုယ့္စစ္သည္ အသက္မေသဘဲ ျပန္လာနိုင္တာကို ဝမ္းသာတဲ့သူက ခပ္ရွားရွားရယ္။

အဲေလာက္ထိ ကိုယ့္စစ္သည္ကို ခ်စ္ၾကတဲ့ ေခါင္းေရွာင္ေတြ။ေခါင္းေရွာင္ေတြ လုပ္တတ္တဲ့အက်င့္ရွိေသးတယ္။ဒီလိုဆုံးရႈံးမႈေတြျဖစ္တာ ဘယ္ေကာင့္မွာအျပစ္ရွိလဲ ေသခ်ာစီစစ္ၿပီး အေရးယူနိုင္ေအာင္လုပ္တဲ့။ေျပာတဲ့သူက အဲ့လိုေတြ ျဖစ္ေအာင္ စီစဥ္လိုက္တဲ့သူ။မဆီမဆိုင္ အေရးယူခံရတာေတြလဲ အမ်ားႀကီးပဲ။ေျပာခ်င္တာက တိုက္ပြဲတစ္ပြဲတိုက္ဖို႔ဆိုရင္ ေခါင္းေဆာင္လုပ္တဲ့သူဟာ ကိုယ့္ရဲေဘာ္ရဲဘက္ေတြရဲ့ အရည္ အခ်င္းေတြ တိုက္ရည္ခိုက္ရည္ေတြကို သိထားရမယ္။

လူမွန္ေနရာမွန္ တာဝန္ေပး ဖြဲ႕စည္းတတ္ရမယ္။
စစ္တိုက္တာျဖစ္တဲ့အတြက္ အရမ္းႀကီး ေၾကာက္စိတ္ႀကီးစိုးေနလို႔လဲ အဆင္မျပဘူး။လက္ေအာက္ငယ္သားက ကိုယ့္မ်က္ႏွာကို အျမဲၾကည့္ေနတတ္တယ္။ကိုယ့္အမိန႔္ကို ေစာင့္ေနတတ္တယ္ဆိုတာ သိထားရမယ္။ကိုယ္က ပိုရဲရင့္စြာနဲ႔ ဦးေဆာင္အမိန႔္ေပး ခိုင္းေစနိုင္ရမယ္။

အျမဲတမ္းတိုက္ပြဲဝင္နိုင္ေအာင္လဲ ေလ့က်င့္မႈေတြ မျပတ္လုပ္ေဆာင္ေပးေနရမယ္။
ဒီျဖစ္စဥ္ကိုၾကည့္ၿပီး က်ေနာ္ေျပာတဲ့ထဲမွာ မပါေသးတဲ့ သင္ခန္းစာယူစရာ အခ်က္ေတြ အမ်ားႀကီးရွိေသးတယ္။ဒီလိုေတြ မျဖစ္ေအာင္ေတာ့ အခ်ိန္ယူျပင္ဆင္ရမယ္ဆိုေပမယ့္ အခုမွ စတင္ဖြဲ႕စည္းတဲ့ PDF တပ္ဖြဲ႕ေတြအတြက္ကေတာ့ ေသခ်ာသတိထား လုပ္ေဆာင္ရင္ အမ်ားႀကီး အဆင္ေျပေစမွာပါ။စကစကေတာ့ ဒါေတြ ျပင္လို႔ရေတာ့မယ္မထင္…😁်ပငႅဲမေရတာ့ဘူး…။

အဲလို ေသာက္တလြဲ ေခါင္းေရွာင္ႀကီးေတြ ခိုင္းတာလုပ္။ အဲလိုေတြ ထပ္ျဖစ္ေနဦးမြာပဲ။
ဖ်င္မွာဒဏ္ရာႀကီးနဲ႔ အျမဲတမ္း ေျပးေနရဦးမွာပဲ၊ မရႈမလွ ေသေနဦးမွာပဲ။ေျမျပင္က စစ္အာဏာရွင္ ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားအေနနဲ႔ အက်ိဳးရွိရွိ အသုံးခ်ရင္း ေအာင္ျမင္မႈေတြ ရယူနိုင္ၾကပါေစ…ေက်းဇူးတင္ပါတယ္ခင္ဗ်ာ…

#ထက္ျမတ္