ၾကားသိသမွ်

မန္တလေး ကျောက်ဝိုင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်

မန္တလေး ကျောက်ဝိုင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်

ဧရာဝတီ၊ ဒီဇင်ဘာ ၂၉၊ ၂၀၂၁

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၉ လမ်းနှင့် လမ်း ၄၀ ကြား၊ ၈၈ လမ်းနှင့် ၈၉ လမ်း ကြားရှိ မဟာအောင်မြေေ ကျာက်စိမ်းကျောက်

မျက် ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) တွင် ယနေ့ နံနက်အစောပိုင်းက ဗုံပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနက်အစောကြီး ရှိသေးတယ် ၅ နာရီကျော်လောက်မှာ ဝိုင်းထဲကနေ အသံကြားရတာပဲ။ ထိခိုက်ပျက်စီးတာ မရှိဘူးလို့ သိရတယ်။ ဖြစ်တဲ့

အချိန်က ဝိုင်းထဲမှာ လုံခြုံရေး ယူထားတဲ့ စစ်ကောင်စီအဖွဲ့တွေပဲ ရှိတယ်” ဟု ကျောက်ဝိုင်းအနီး နေထိုင်သူ တဦးက ပြောသည်။

ပေါက်ကွဲမှုသည် ကျောက်ဝိုင်းအတွင်း၌ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း ပြီးခဲ့သည့် အောက်တိုဘာမှ စတင်ကာ ကျောင်း

ဝိုင်းဝန်းကျင်အနီး ဗုံးပေါက်ကွဲမှု ၅ ကြိမ်ထက်မနည်း ဖြစ်ပွားထားသည်။


မန္တလေးကျောက်ဝိုင်းကို ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် မတ်လကုန်ပိုင်းမှ စတင်ပိတ်

ထားခဲ့ရာ အာဏာသိမ်း စစ်ကောင်စီခန့် မြို့တော်ဝန် ဦးကျော်ဆန်း ဦးဆောင်သည့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက

အောက်တိုဘာ ၁၂ ရက်မှ စတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖွင့်လှစ်ပေးခဲ့သော်လည်း ကျောက်သမားအများစုသည် ကိုဗစ်ကာလ ကျောက်ဝိုင်းပိတ်ထားစဉ်ကအတိုင်း ကျောက်ဝိုင်းအပြင်ဘက်ရှိ

လမ်းမများပေါ်နှင့် ကျောက်မျက်ကုမ္ပဏီများဖြင့် ချိတ်ဆက်၍ လုပ်ကိုင်နေကြသဖြင့် ယခုလအတွင်း တရုတ်နိုင်ငံသားများ အပါအဝင်

ကျောက်သမား ၃၆၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။

ဆိုင်ခန်းငှားရမ်းခ၊ ပျံကျဈေးဆိုင်ခန်းခ အပါအဝင် အခွန်အခများစွာ ရရှိနေသည့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက စီမံ

ခန့်ခွဲခွင့်ရှိသော ကျောက်ဝိုင်းအတွင်း၌သာ ကျောက်စိမ်း အရောင်းအဝယ် ပြုလုပ်ကြရန် စစ်ကောင်စီက သတိပေး ခြိမ်းခြောက်မှုများ

ပြုလုပ်ထားသည်။

ထိုအတူ ဒေသခံ ပြောက်ကျားတပ်ဖွဲ့များကလည်း ကျောက်ဝိုင်းအတွင်းသို့ ဝင်ရောက်၍ အရောင်းအဝယ် လုပ်ကိုင်ခြင်း မပြုကြရန်

သတိပေးထားသည်။

ပုံစာ – မန္တလေးကျောက်ဝိုင်း (ပုံဟောင်း)