ၾကားသိသမွ်

ရန်ကုန်မြို့လယ်ခေါင် ပန်းဆိုးတန်းအခွန်ရုံးရှေ့တွင် ဗုံးပေါက်(ရုပ်/သံ)

ရန်ကုန်မြို့လယ်ခေါင် ပန်းဆိုးတန်းအခွန်ရုံးရှေ့တွင် ဗုံးပေါက်(ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ရန်ကုန်မြို့လယ်ခေါင် ပန်းဆိုးတန်းလမ်းရှိ အလယ်အလတ် အခွန် ထမ်းများရုံး (၁) ပန်းဆိုးတန်းကအခွန်ရုံးရှေ့တွင် ယနေ့ နံနက် ၁၀ နာရီ

၃၀ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်အင်းစိန်မြို့နယ် ရွာမရဲစခန်းကို ယနေ့ နံနက်ပိုင်း ၅ နာရီ ၄၅ မိနစ်အချိန်တွင် Yangpn Federal Army နှင့် CGF-HTY

တို့ ပူးပေါင်းကာ ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်ကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ ပျံလွှားအောင် စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမ

ကြီးပေါ်ရှိ ရွာမရဲစခန်းကို Yangpn Federal Army နှင့် CGF-HTY တို့ ပူးပေါင်းကာ ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်တွင် ပစ်ခတ်ခဲ့ခြင်း

ဖြစ်ကြောင်း သိရှိရသည်။

“အထိအခိုက် အသေအဆုံးသတင်းတော့ မသိရသေးဘူး” ဟု ဒေသကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။


ရန်ကုန်၊ ဒီဇင်ဘာ ၂၉







