ၾကားသိသမွ်

ပြည်သူ့တော်လှန်ရေးအောင်မြေနင်းမယ့်အချိန်ကို နှစ်သစ်မှာ လှမ်းမြင်ရမယ်လို့ ကာကွယ်ရေးဝန်ကြီးပြော

ပြည်သူ့တော်လှန်ရေးအောင်မြေနင်းမယ့်အချိန်ကို နှစ်သစ်မှာ လှမ်းမြင်ရမယ်လို့ ကာကွယ်ရေးဝန်ကြီးပြော

စစ်ရေးအားသာချက်နဲ့နိုင်ငံတကာအားပေးကူညီမှုပိုမိုရရှိလာနိုင်တဲ့အခြေအနေအရ၂၀၂၂နှစ်သစ်မှာ ပြည်သူ့တော်လှန်ရေးအောင်မြေနင်း

မယ့်အချိန်ကို လှမ်းမြင်ရမယ်လို့ NUGကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။

RFA သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အဲဒီလို ပြောကြားလိုက်တာပါ။

                     ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်

“၂၀၂၂ နှစ်သစ်မှာ တော့ပြည်သူတော်လှန်ရေးရဲ့ အောင်ပွဲနဲ့ အဆုံးသတ်မယ့်အချိန်ကို ကျွန်တော်တို့ပြည်သူတစ်ရပ်လုံးလှမ်းပြီး တော့မြင်

နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်’လို့ ဦးရည်မွန်က ပြောပါတယ်။

PDFတွေ တွေ ပိုအားကောင်းလာဖို့ရှိသလိုမဟာမိတ်တွေနဲ့ပူးပေါင်း ဆောင်ရွက်မှုကပိုပြီးတော့ အားကောင်းလာတဲ့အတွက်ရှေ့မှာ စစ်ရေး

လှုပ်ရှားမှုတွေကို ဗျူဟာမြောက်ဆောင်ရွက်နိုင် မှာဖြစ်ကြောင်း လည်း ဦးရည်မွန်ကဆိုပါတယ်။

                  Photo; Getting Image

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်ဟာ ရက်ပေါင်း ၁၀၀ ကျော်လာခဲ့ပြီဖြစ်ပြီး အဲဒီရက်ပေါင်း ၁၀၀ ကျော်အ တွင်းမှာ

မျှော်လင့်ထားတဲ့ စစ်ရေးရည်မှန်းချက် အတိုင်းအတာတခုထိရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

                Photo; Getting Image

လက်ရှိအချိန်မှာ မဟာမိတ်စုဖွဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက ပိုအားကောင်းလာပြီး C 3 C လိုခေါ်တဲ့ ဗဟိုကွပ်ကဲရေးနဲ့ ပေါင်းစပ် ညှိနှိုင်း

ရေးကော်မတီအဖွဲ့ကလည်း လုပ်ငန်းတွေ စလုပ်နေပြီလို့ ဦးရည်မွန်ကပြောပါတယ်။ #DNA

ျပည္သူ႔ေတာ္လွန္ေရးေအာင္ေျမနင္းမယ့္အခ်ိန္ကို ႏွစ္သစ္မွာ လွမ္းျမင္ရမယ္လို႔ ကာကြယ္ေရးဝန္ႀကီးေျပာ

စစ္ေရးအားသာခ်က္နဲ႔နိုင္ငံတကာအားေပးကူညီမႈပိုမိုရရွိလာနိုင္တဲ့အေျခအေနအရ၂၀၂၂ႏွစ္သစ္မွာ ျပည္သူ႔ေတာ္လွန္ေရးေအာင္ေျမ

နင္းမယ့္အခ်ိန္ကို လွမ္းျမင္ရမယ္လို႔ NUGကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္ကေျပာပါတယ္။

RFA သတင္းဌာနနဲ႔ ေတြ႕ဆုံေမးျမန္းခန္းမွာ ျပည္ေထာင္စုဝန္ႀကီး ဦးရည္မြန္က အဲဒီလို ေျပာၾကားလိုက္တာပါ။

“၂၀၂၂ ႏွစ္သစ္မွာ ေတာ့ျပည္သူေတာ္လွန္ေရးရဲ့ ေအာင္ပြဲနဲ႔ အဆုံးသတ္မယ့္အခ်ိန္ကို ကၽြန္ေတာ္တို႔ျပည္သူတစ္ရပ္လုံးလွမ္းၿပီး ေတာ့ျမ

င္နိုင္လိမ့္မယ္လို႔ ယုံၾကည္ထားပါတယ္’လို႔ ဦးရည္မြန္က ေျပာပါတယ္။

PDFေတြ ေတြ ပိုအားေကာင္းလာဖို႔ရွိသလိုမဟာမိတ္ေတြနဲ႔ပူးေပါင္း ေဆာင္ရြက္မႈကပိုၿပီးေတာ့ အားေကာင္းလာတဲ့

အတြက္ေရွ႕မွာ စစ္ေရးလႈပ္ရွားမႈေတြကို ဗ်ဴဟာေျမာက္ေဆာင္ရြက္နိုင္ မွာျဖစ္ေၾကာင္း လည္း ဦးရည္မြန္ကဆိုပါတယ္။

အမ်ိဳးသားညီညြတ္ေရးအစိုးရရဲ့ ျပည္သူ႔ခုခံတြန္းလွန္စစ္ဟာ ရက္ေပါင္း ၁၀၀ ေက်ာ္လာခဲ့ၿပီျဖစ္ၿပီး အဲဒီရက္ေပါင္း ၁၀၀ ေ

က်ာ္အ တြင္းမွာ ေမၽွာ္လင့္ထားတဲ့ စစ္ေရးရည္မွန္းခ်က္ အတိုင္းအတာတခုထိေရာက္ခဲ့တယ္လို႔လည္း ဆိုပါတယ္။

လက္ရွိအခ်ိန္မွာ မဟာမိတ္စုဖြဲ႕ ပူးေပါင္းေဆာင္ရြက္မႈေတြက ပိုအားေကာင္းလာၿပီး C 3 C လိုေခၚတဲ့ ဗဟိုကြပ္ကဲေရးနဲ႔ ေပါင္း

စပ္ ညႇိႏွိုင္းေရးေကာ္မတီအဖြဲ႕ကလည္း လုပ္ငန္းေတြ စလုပ္ေနၿပီလို႔ ဦးရည္မြန္ကေျပာပါတယ္။ #DNA