ၾကားသိသမွ်

ဉာဏ်ရည်နိမ့် စကစနဲ့ NUG ဗျုဟာ [ ကမ္ဘာကြီးသိသော အနိုင်ပိုင်ရှင် / ပွဲ အဖြေ ]

ဉာဏ်ရည်နိမ့် စကစနဲ့ NUG ဗျုဟာ [ ကမ္ဘာကြီးသိသော အနိုင်ပိုင်ရှင် / ပွဲ အဖြေ ]

နိုင်ငံရေး နားမလည်ရင်‌တောင် စကစဟာ ချီးနား ရှရှားထောက်လှမ်းရေးက ရတဲ့သတင်းတွေနဲ့ ပလန်အတိုင်း လုပ်နေတာကိုတော့ သတိပြုစေချင်ပါတယ်

ဥပမာ အခု ဘိူင်ဒန်လက်မှတ်မထိုးခင် ရှေ့မှာ လက်မှတ်ထိုးဖို့ လုပ်နေတယ်ဆိုတာနဲ့ ထိုရှေ့ဖြစ်စဉ်တွေကို ပြန်ကြည့်ရင်လည်း

စစ်တပ်ရဲ့ ထိုးစစ် သွေးခွဲမှု NUG အပေါ် အပြစ်မြင်အောင် သူတို့ အားသာ နိုင်နေသယောင် ပုံဖမ်း လုပ်ဆောင်မှု လှည့်ကွက်တွေနဲ့ အကြမ်းဖက် လုပ်ပြမှုတွေဟာ

– UN အစည်း အဝေး မတိုင်ခင်တို့

– အာဆန် EU G7 အစည်းဝေး လုပ်တော့ မည့်အချိန်

– ခုလည်း ဘိုင်ဒန် ကူဖို့ လက်မှတ်ထိူးချိန်

စသည့် နေ့ရက် မတိုင်ခင် လှုပ်ရှား ကြမ်းပြတာကိုတွေ့ရတယ်

ဒါတွေဟာ စစ်တပ်ဟာ စစ်ရေးနဲ့ ခြိမ်းခြောက် အကြပ်ကိုင်ပြနေသလို ဂရုမစိုက်ဘူး အထာနဲ့ ကြမ်းရမ်းပြပြီး မြန်မာပြည်သူတွေ အားကိုးမျှော်လင့်နေတယ်ဆိုတာထက်


အဓိကက NUG နဲ့ ပူးပေါင်း လုပ်ဆောင်မည့် အရာတွေ နိုင်ငံတွေကို နှောင့်ယှတ်ဖျက်စီး အကြပ်ကိုင်ပြနေခြင်းပဲ ဖြစ်တယ်
ဒီလိုဘာကြောင့် လုပ်သလဲဆို

(၁) အချုပ်အခြာ အာဏာပိုင် နိုင်ငံဖြစ်တယ် ငါတို့ပြည်တွင်းရေးကို ၀င်မစွတ်ရဘူးဟု ပြသခြင်း

(၂) ခုလို အကြမ်းဖက်ပြမှ မြန်မာစစ်တပ်ကို အကြမ်းနည်းနဲ့ မကိုင်တွယ်ပဲ စားပွဲပေါ်မှာ နှစ်ဖက် အ‌ဆင်ပြေအောင် ရှင်းစေခြင်း

(၃) NUG နဲ့ ထိုမဟာမိတ်နိုင်ငံတွေရဲ့ ပူးပေါင်းလုပ်ဆောင်နေမှုကို ဟန့်တား နှောင့်ယှတ်ပြခြင်းနဲ့ ပြည်သူဟာ NUG နဲ့ နိုင်ငံတကာကို အားကိုးမရဘူး လေပဲ အစည်းဝေးပဲ လုပ်နေ စာတွေပဲ ထုတ်နေတယ်ဟူသော

အမြင်သဏ္ဍန်ကို ဖြစ်အောင် ပုံဖော်ခြင်း စသည့် အချက်တွေနဲ့ မစ်ရှင်ကို တမင် ပြုလုပ် attack လုပ်နေခြင်းပဲ ဖြစ်တယ်

ဒီတော့ ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် နိုင်ငံတကာ အဝိုင်း၀န်းက သူတို့ကို ဖိနှိပ်တော့မယ် ကန်ထုတ်တော့မယ် NUG နဲ့ဆက်ဆံ ပူးပေါင်း ကူညီတော့မယ် စသည်နဲ့

စကစကို လက်မခံလိုဘူး စသည့် အချိန် အကြောင်းပြချက် လုပ်ဆောင်နေမှု အချိန်တွေနဲ့ မတိုင်ခင်မှာပဲ စကစဟာ ကြမ်းရမ်းပြပြီး လိုချင်တာကို တောင်းဆိုနေလေ့ရှိတယ်


သဘောက သူတို့ကို လက်မခံရင် ဒီထက်ဆိုးမယ် အချိုးမျိုးနဲ့ စစ်ဝါဒီဆိုတော့ စစ်ရေးနဲ့ ကိုင်ပေါက် ချိုးပြ စိတ်ကောက်ပြသည်ပေ့ါ ခြိမ်းခြောက်ပြနေသည်ပေါ့ဗျာ

ဒါကြောင့် UN က စစ်တပ်ပိုဆိုး ထွက်ပေါက်ရှာလာမည်ဆိုးလို့ အကြမ်းဖက်လို့ ပေါ်တင်မ‌ကြေငြာသေးပေမယ့် ထိုအဆင့်ရောက်အောင် လုပ်ထားပြီး NUG ကို အသိမှတ်ပြု ဆွဲခေါ်ထားတယ်

မြင်တတ်ရင် NUG ကို တရား၀င်မကြေငြာသေးပေမယ့် စကစကို လက်မခံ NUG ကို UN အပါ အသိမှတ်ပြုတဲ့ နိုင်ငံတွေချည်းပဲ အချို့ ဒီထပ် အသိမှတ်ပြု တရား၀င်လက်ခံ ကြေငြာဖို့ စည်းမျဉ်းကမ်းတွေအရ စောင့်ကြည့်နေတဲ့ သူတွေလည်း ရှိတာပေါ့လေ

ဒီတော့ စကစဟာ အကြမ်းဖက်နည်းနဲ့ ‌ဖြေရှင်းပြီး ပွဲဖျက် နှောင့်ယှတ် လိုချင်တာ တောင်းဆိုနေပေမယ့် စစ်တပ်ရဲ့ ဉာဏ်နည်းသူတွေ ထုံးစံအတိုင်း မအလဟာ နူရှိတဲ့ မြောက်ဝက်ပုမှ မဟုတ်တာ

ဟိုက တာတိုတွေ အဝေးတွေနဲ့ ဂျပန်နဲ့ တောင်ဘက် ကျွန်းတွေကို ပစ်ပြသလိုမျိုး မအလက အကုန်ကျခံ မပစ်ပြနိုင် အလုပ်နိုင်တော့ ပြည်သူလူထုကို သတ်ပြ ဗုံးကျဲ မီးရှိူ့တာလောက် လုပ်ပြပြီး ခြိမ်းခြောက် အကြပ်ကိုင်လုပ်ပြနေတာ

သဘောက သူတို့ဖြဲခြောက်ရင် ကြောက်မယ် ညှိနှိုင်းပေးဖို့ ပြောလာကြမယ် လိုက်ရောမယ် ထင်ကြပေမယ့် ထိုလုပ်ရပ် ပြုမူကိုက မအလလည်ပင်းကို ကြိုးကွင်း အထပ်လိုက် ပတ်စေတယ်ဆိုတာနဲ့

မူလက အဲလိုလုပ်ပြလို့ ထပ်မလုပ် မဖြစ်စေအောင် စစ်တပ်နဲ့ ညှိနှိုင်း ဆွေးနွေးကြဖို့ ပြောဆိုခဲ့တဲ့ နိုင်ငံတွေတောင် အခု အသံတိတ်လို့ မအ

လရဲ့ လုပ်ရပ်အပေါ် ဆွေးနွေးလို့ရမည်မဟုတ် အမြစ်ဖြတ်မှ ရမည်ဆိုတာနဲ့ ပိုဆိုးလာတဲ့ အကြမ်းဖက်မှုတွေကို ကမ္ဘာက ပိုမိုမြင်တွေ့ ရွံမုန်းလာကြပြီဆိုတာ

ထို့အပြင် ပြည်သူကလည်း ဆွေးနွေးမှုကို လက်မခံ အမြစ်ဖြတ်ဖို့ ဦးတည်လာတဲ့ နိုင်ငံရေး အခြေနေဆိုတာကို သိမြင် ခံစား သဘောပေါက်

လာကြပြီးနောက်ပိုင်း ကမ္ဘာက မအလတပ်ကို ချော့ပြောလို့မရတော့ဘူးဆိုတာနဲ့ ဖိအားပေး အက်ရှင်ပါ ယူရမယ်ဆိုတာ လက်ခံ ဆော်ဩလာကြတဲ့အတွက်

မအလတို့က သူတို့လိုချင်တာကို စစ်ရေးနဲ့ ခြိမ်းခြောက် အကြမ်းဖက် အကြပ်ကိုင်နည်းနဲ့ ဖြေရှင်း ထွက်ပေါက်ရှာနေပေမယ့် ကိုယ်တွေ NUG PDF တွေဘက်က သူတို့လို အကြမ်းဖက်မှုတွေ မရှိပဲ ဘောင်ထဲကအတိုင်း သေချာ လုပ်‌ဆောင် တော်လှန်နေ၍


ယခုဆို ကမ္ဘာကြီးဟာ နိုင်မြင်းတင် မဟုတ်ပဲ မည်သူ့ကို မျက်နှာသာပေး ဆွဲခေါ် ကယ်တင်ကြလိမ့်မယ်ဆိုတာ အဖြေထွက်နေသည့်အတွက် သေချာပါတယ်

ခု ပွဲက မြန်မာ့အရေးဆိုပေမယ့် ကမ္ဘာ့ကစားပွဲ အဆုံးဖြတ်ဖြစ်နေ၍ ပွဲက အပြောင်းလဲနဲ့ မကြာမီ နိဂုံး ဇာတ်သိမ်းကြရတော့မည်ဆိုတာ ထိုအတွက် အားလုံး အသင့်ပြင်ထားကြဖို့ပါပဲဟု

အရေးတော်ပုံလား ဖတ်ပြီးတာနဲ့ တဖက်သက် ဒိုင်ညစ်ပွဲမှာ မည်သူ နိုင်မလဲ သိတဲ့‌ပွဲမှာ အောင်ပွဲခံဖို့ ပြောဖို့ ရေးဖို့ လိုသေးလို့လားဟု မေးချင်ပါ့ !

#မင်းကြည်ညိုနေ 🕊️