ၾကားသိသမွ်

ပလက်ဝအခြေစိုက် ခလရ ၂၈၉ တပ်ရင်းနယ်မြေတွင် အလံဖြူထောင်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် ခလရ ၂၈၉ တပ်ရင်းရဲ့ တပ်နယ်မြေအတွင်းက တောင်ကုန်းတခုပေါ်မှာ အလံ

ဖြူထောင်ထားတာ တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ ကိုအောင်မိုးဝင်းက “ခလရ ၂၈၉ တပ်ထဲမှာ အလံဖြူထောင်ထားတာကို မြင်နေရတာ တပတ်လောက်ရှိပြီဗျ။ အခုလ ၂၃ ရက်နေ့

ကတည်းက သတိထားကြည့်မိတာ။ ၂၈ ရက်နေ့ညနေအထိ ထောင်ထားတုန်းပဲ။ ဘာကြောင့်ထောင်တာလည်းဆိုတာတော့ မသိဘူးလေ

ဗျာ” လို့ ပြောပါတယ်။

ခလရ ၂၈၉ တပ်ရင်းမှာ အလံဖြူထောင်ပြီးတဲ့ နောက်ပိုင်းရက်တွေမှာ တပ်ထဲကို ယာဉ်အဝင်အထွက်တွေ အနည်းငယ်ရှင်းလင်းနေတယ်လို့

ဒေသခံတွေက ပြောပါတယ်။


အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဗိုလ်ကြီးတဦးက “တပ်ထဲမှာ အလံဖြူထောင်တဲ့အချက်က ၃ ချက်ရှိတယ်။ ယတြာချေတဲ့

သဘောလုပ်တာ၊ စစ်သည်အင်အားမရှိဘဲ သူတို့ရဲ့မိသားစုတွေပဲ ရှိနေကြလို့ ဝင်မတိုက်ပါနဲ့ဆိုတဲ့သဘောနဲ့ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေက

တပ်တွေမှာ အလံဖြူထောင်ရင်တော့ အသာတကြည် အရှုံးပေးထားတယ်ဆိုတဲ့ သဘောတွေရှိတယ်။ အခုဟာက ဘယ်လိုကြောင့် အလံဖြူ

ထောင်တာလည်း ဆိုတာတော့ အဲ့ဒီတပ်တွင်းထဲက သူတွေပဲ သိမှာပါ” လို့ ရှင်းပြပါတယ်။

ပလက်ဝမြို့နယ်အခြေစိုက် တပ်မ ၁၁ တပ်မမှူးနဲ့ တပ်ရင်း ၂၈၉ တပ်ရင်းမှူးတို့က ပလက်ဝမြို့နယ်မှာရှိတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ

ကို နိုဝင်ဘာ ၂၆ ရက်နေ့ကစတင်ပြီး ရွာတရွာကိုပြည်သူ ၁၅ ယောက်နှုန်း ပြည်သူ့စစ်သင်တန်း မတက်မနေရတက်ရောက်ဖို့ စာရင်းပေး

သွင်းခိုင်းထားတယ်လို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းထံက သိရပါတယ်။ Source;DVB

Zawgyi

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္အေျခစိုက္ စစ္ေကာင္စီတပ္ ခလရ ၂၈၉ တပ္ရင္းရဲ့ တပ္နယ္ေျမအတြင္းက ေတာင္ကုန္းတခုေပၚ

မွာ အလံျဖဴေထာင္ထားတာ ေတြ႕ရတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

ေဒသခံ ကိုေအာင္မိုးဝင္းက “ခလရ ၂၈၉ တပ္ထဲမွာ အလံျဖဴေထာင္ထားတာကို ျမင္ေနရတာ တပတ္ေလာက္ရွိၿပီဗ်။ အခုလ ၂၃ ရ

က္ေန႔ကတည္းက သတိထားၾကည့္မိတာ။ ၂၈ ရက္ေန႔ညေနအထိ ေထာင္ထားတုန္းပဲ။ ဘာေၾကာင့္ေထာင္တာလည္းဆို

တာေတာ့ မသိဘူးေလဗ်ာ” လို႔ ေျပာပါတယ္။

ခလရ ၂၈၉ တပ္ရင္းမွာ အလံျဖဴေထာင္ၿပီးတဲ့ ေနာက္ပိုင္းရက္ေတြမွာ တပ္ထဲကို ယာဥ္အဝင္အထြက္ေတြ အနည္းငယ္ရွင္းလင္းေန

တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အာဏာဖီဆန္ CDM လႈပ္ရွားမႈမွာ ပါဝင္တဲ့ ဗိုလ္ႀကီးတဦးက “တပ္ထဲမွာ အလံျဖဴေထာင္တဲ့အခ်က္က ၃ ခ်က္ရွိတယ္။ ယၾတာေခ်တဲ့ သေဘာ

လုပ္တာ၊ စစ္သည္အင္အားမရွိဘဲ သူတို႔ရဲ့မိသားစုေတြပဲ ရွိေနၾကလို႔ ဝင္မတိုက္ပါနဲ႔ဆိုတဲ့သေဘာနဲ႔ တိုက္ပြဲျဖစ္ေနတဲ့ ေနရာေတြက တ

ပ္ေတြမွာ အလံျဖဴေထာင္ရင္ေတာ့ အသာတၾကည္ အရႈံးေပးထားတယ္ဆိုတဲ့ သေဘာေတြရွိတယ္။ အခုဟာက ဘယ္လိုေၾကာ

င့္ အလံျဖဴေထာင္တာလည္း ဆိုတာေတာ့ အဲ့ဒီတပ္တြင္းထဲက သူေတြပဲ သိမွာပါ” လို႔ ရွင္းျပပါတယ္။

ပလက္ဝၿမိဳ႕နယ္အေျခစိုက္ တပ္မ ၁၁ တပ္မမႉးနဲ႔ တပ္ရင္း ၂၈၉ တပ္ရင္းမႉးတို႔က ပလက္ဝၿမိဳ႕နယ္မွာရွိတဲ့ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေတြ

ကို နိုဝင္ဘာ ၂၆ ရက္ေန႔ကစတင္ၿပီး ရြာတရြာကိုျပည္သူ ၁၅ ေယာက္ႏႈန္း ျပည္သူ႔စစ္သင္တန္း မတက္မေနရတက္ေရာက္ဖို႔ စာရ

င္းေပးသြင္းခိုင္းထားတယ္လို႔ အုပ္ခ်ဳပ္ေရးအသိုင္းအဝိုင္းထံက သိရပါတယ္။ Source;DVB