ၾကားသိသမွ်

ဝင်မယ့်သူမရှိလို့ ၆ တန်းအောင်မှစ၍ စစ်ကောင်စီလေတပ် တပ်သားသစ်ခေါ်ယူ

စစ်ကောင်စီက ၎င်း၏လက်အောက်ခံ လေတပ်သို့ဝင်ရောက်လိုပါက ၆ တန်းအောင်မှစတင်ဝင်ရောက်နိုင် သည်ဟု ကြေငြာချက်ထုတ်ပြန်

ကာတပ်သားသစ်စု ဆောင်းနေကြောင်း ဧရာဝတီတိုင်းမ်သတင်းမှာ ဖော်ပြထားချက်အရ သိရပါတယ်။

ယခင်စစ်အာဏာမသိမ်းမီကာလများတွင် စစ်ကောင်စီ၏ရေတပ်နှင့်လေတပ်သို့ဝင်ရောက်လိုပါက ပညာအ ရည်အချင်း အထက်တန်းတက်

ရောက်ဖူးသူများကိုသာစုဆောင်းခြင်းဖြစ်ပြီး ယခုဝင်ရောက်လိုသူနည်းပါးနေသဖြင့် ၆ တန်းအောင်များထိပါခေါ်ယူနေခြင်းဖြစ်ကြောင်းသိရ

သည်။


” အရင်က ရေနဲ့လေဆိုရင် အနည်းဆုံးဆယ်တန်း ထိတက်ဖူးတဲ့သူတွေကိုစုရတာပေါ့။ ဆယ်တန်းမတက်ဖူးတဲ့ ၉တန်းတို့ ၉တန်းအောင်တို့

ဆိုရင် ကျနော်တို့က ဆယ်တန်းတက်ဖူးတဲ့ထောက်ခံစာရအောင် အတုလိုက်လုပ်ရတယ်။အဲ့တာမှ လေ တပ်စုဆောင်းရေးကလက်ခံတာ။

ဆယ်တန်းအောင်တွေဆိုရင်ပိုကြိုက်တာပေါ့။ ခုက အဲ့ဒီပညာအရည်အချင်းနဲ့ ဝင်မယ့်သူမရှိတော့လို့လား နည်းလာလို့လားဘဲ အတန်း

လျှော့ပေးလိုက်တာဖြစ်မယ်။ ၆ တန်း က အရင်က ကြည်းတပ်တောင်တိုက်ခိုက်ရေးတပ်လောက်ဘဲစုလို့ရတာ။လက်ရုံးတပ်ဆိုရင် စုလို့မရ

ဘူး” ဟု စစ်သားသစ်နယ်လှည့်စုဆောင်းနေသူတဦး က ပြောကြားထားပါတယ်။


ထို့ပြင် စစ်ကောင်စီမှ ဆယ်တန်းအောင်မြင်ပြီး သက် ဆိုင်ရာစစ်ဘက်တက္ကသိုလ်များကိုသာ ၎င်းတို့ ၏ဝါဒဖြန့်သတင်းစာမှခေါ်ယူခြင်းဖြစ်

ပြီး ယခုကဲ့သို့ တပ်သားသစ်အဆင့်အား သတင်းစာမှ ခေါ်ယူခြင်းသည် ယခုမှကြုံဘူးခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့၏လက်အောက်ခံ တပ်များသို့ ဝင်ရောက်သူနည်းပါးနေသဖြင့် နည်း မျိုးစုံဖြင့်လိုက် လံစုဆောင်းနေပြီး

လေတပ်အပြင်ကြည်းတပ်သားစု ဆောင်းမှုများတွင်လည်း ၄ တန်း အောင်ထိစုဆောင်းနိုင်ရန် အတန်းလျှော့ပေးထားကြောင်း သိရသည်။

ဒါ့အပြင် စစ်ကောင်စီ၏ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်(နရခ)က ၄င်း၏ လက်အောက်ရှိ နိုင်ငံတဝန်း

ရဲစခန်း၊ ရဲတပ်ရင်း၊ ရဲတပ်ဖွဲ့ အသီးသီးရှိ ရဲတပ်ဖွဲ့ဝင်များ၏မိန်းမများ စစ်သင်တန်းတက်ရောက်ရမည်ဟု ဒီဇင်ဘာလ ပထမအပတ်တွင်းမှ

စ၍ ညွှန်ကြားထားကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံက သိရသည်။


အဆိုပါ စစ်သင်တန်းကာလကို ၁ လသတ်မှတ်ထားပြီး ဒုရဲမှူးအဆင့်နှင့်အောက် ရဲတပ်ဖွဲ့ဝင်များ၏မိန်းမများအားလုံး တက်ရောက်ရမည်

ဟု ညွှန်ကြားထားကြောင်း သိရသည်။

ရဲတပ်ဖွဲ့အတွင်း ရဲမှူးအဆင့်နှင့်အထက် ရဲအရာရှိကြီးများတွင် စစ်တပ်မှ ရဲတပ်ဖွဲ့သို့ အသွင်ပြောင်းရောက်လာသူ အများအပြားပါရှိပြီး ၄င်း

တို့ ၏မိန်းမ(အရာရှိကတော်) များအနေဖြင့် သင်တန်းတက်ရောက်ရာတွင် ပါဝင်ခြင်းမရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များ၏မိန်းမများထဲမှ လက်ရှိကိုယ်ဝန်ဆောင်၊ ကျန်းမာရေးမကောင်းသည့် ရောဂါသည်နှင့် အသက် ၁ နှစ်အောက် ကလေးငယ်

ရှိသူ မိန်းမများမှအပ အသက် ၄ဝ အောက် မိန်းမများအားလုံး စစ်သင်တန်း အလှည့်ကျ တက်ရောက်ရမည်ဟု ညွှန်ကြားထားခြင်းဖြစ်သည်။

”စစ်သင်တန်း ၁ လ တက်ခိုင်းတယ်။ အားလုံးတက်ရမှာ။ ရဲမှူးအဆင့်နဲ့အထက် အရာရှိကတော်တွေတော့ မပါဘူး။ ကိုယ်ဝန်ဆောင်တွေက

အခု ကင်းလွတ်ခွင့်ပေးတယ်ဆိုပေမယ့် တက်ဖို့ကျန်နေရင်ကလေးမွေးပြီး ကလေးအသက် ၁ နှစ်ကျော်ပြီဆိုရင်တက်ရမယ်။ အသက် ၄၀

အောက်လို့ ဆိုပေမယ့် တချို့ဆရာကြီးမိန်းမတွေ ၅၀ နီးပါးတွေလည်း တက်ခိုင်းတယ်။ အခုမတက်ရလည်းနောက်တက်ရမယ် အလှည့်ကျ

တက်ခိုင်းထားတာ။ မနက် ၇ နာရီကနေ နေ့လည် ၁၁ ခွဲအထိ သင်တန်းချိန်က။ သေနတ်ပစ်တာတွေလည်း သင်ရမယ်ပြောတယ်”ဟု

ရန်ကုန်တိုင်းရဲတပ်ဖွဲ့လက်အောက်ရှိ ရဲတပ်ဖွဲ့ဝင်တဦး၏အမျိုးသမီးက ပြောဆိုကြောင်း ဧရာဝတီတိုင်းမ်သတင်းမှာ ဖော်ပြထားပါတယ်။

ရဲတပ်ရင်း၊ တပ်ဖွဲ့အသီးသီး၏ နောက်တန်းလုံခြုံရေးကို ကာကွယ်နိုင်ရန် စစ်သင်တန်းတက်ရောက်ခိုင်းခြင်းဖြစ်ပြီး သေနတ်ပစ်နည်းများ

လည်း သင်ပေးပြီးနောက် သေနတ်ထုတ်ပေးမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။


စစ်ကောင်စီလက်အောက်ခံစစ်တပ်နှင့်ရဲတပ်ဖွဲ့အတွင်း အင်အားသိသာစွာ ယုတ်လျော့လာပြီး စစ်တပ်အတွင်း စစ်သားမိန်းမများကို

စစ်သင်တန်းပေး၍ လက်နက်တပ်ဆင် လုံခြုံရေးစောင့်ခိုင်းသည့်လမ်းစဥ်အတိုင်း ရဲတပ်ဖွဲ့ဝင်များ၏ မိန်းမများကိုလည်း စစ်သင်တန်းပေး၍

လုံခြုံရေးစောင့်ခိုင်းရန် ပြင်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် စစ်သင်တန်းတက်ရောက်လုံခြုံရေး စောင့်ခိုင်းရာတွင် ၄င်းတို့အကြီးတန်း၊စစ်တပ်နှင့် ရဲအရာရှိများ၏ မိန်းမများ ပါဝင်ခြင်းမရှိဘဲ

အောက်ခြေစစ်သားများနှင့်ရဲများ၏ မိန်းမများကိုသာ တာဝန်ပေးစေခိုင်းနေခြင်း ဖြစ် သည်။

ယင်းကဲ့သို့ စစ်သင်တန်းတက်ရောက်ခိုင်းခြင်းအပေါ် ရဲတပ်ဖွဲ့ဝင်များနှင့် ၄င်းတို့၏မိသားစုဝင် မိန်းမများအကြား စစ်သင်တန်းတက်ရောက်

လိုခြင်းမရှိဘဲ ဝေဖန်မှုများမြင့်တက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလပထမပတ်အတွင်းက ရဲတပ်ဖွဲ့ဌာနချုပ်ညွှန်ကြားချက်အတိုင်း ဧရာဝတီ တိုင်း၊ မအူပင်မြို့ နယ်အတွင်း ရဲတပ်ဖွဲ့ဝင်

များ၏ မိန်းမများကိုစစ်သင်တန်းတက်ရောက်ခိုင်း သော်လည်း တက်ရောက်လိုခြင်းမရှိကြောင်း ဝိုင်းဝန်း ပြောဆိုသဖြင့် သင်တန်းရပ်ဆိုင်း

ထားရကြောင်း သိရသည်။