ၾကားသိသမွ်
NUG ဆိုတာ ရုံးခန်းဖွင့်ပြီး ထိုင်နေတဲ့ အစိုးရမဟုတ်ဘူး ။NUG ဆိုတာ zero ကနေ hero ဖြစ်အောင် ကြိုးစား နေတာပါ
NUG ဆိုတာ ရုံးခန်းဖွင့်ပြီး ထိုင်နေတဲ့ အစိုးရမဟုတ်ဘူး ။ ပြည်တွင်းမှာပြေးလွားပုန်းရှောင်ရင်း
တစ်ဦးနဲတစ်ဦးချိတ်ဆက်ပြီးအလုပ်လုပ်နေရတဲ့ခေါင်းဆောင်ကောင်းတွေပါ။
ကိုဂျင်မီ ကိုကြည့် ပြည်တွင်းမှာ ရှိနေတယ်လို့ ဘယ်သူထင်မှာလဲ။
အမေရိကတောင်ရောက်နေပြီ ထင်နေတာ။ ပြည်တွင်းမှာ ပဲ အလုပ်တွေ လုပ်နေကြပါတယ် ။
မအလက လည်းအနံ့ခံနေတယ် ရှင်းဖို့ အသက်ကုန် ကြိုးစားနေတယ်။
KIA မရှိရင် KNU မရှိရင် AA မရှိရင် NUG လည်းရှိလာမှမဟုတ်ဘူး ။
                    Photo; Getting image
လေးကေ့ကော် ဖြစ်စဉ်ကြည့် ဗုံးကျဲ လိုက်တော့ လူတွေ နေစရာမရှိ ခိုကိုးရာ ပျောက်သွားတယ်မလား
ပြေးရင်းလွှားရင်းလုပ်နေရတဲ့ဘဝက တကယ်မလွယ်တာ။
NUG ဆိုတာ zero ကနေ hero ဖြစ်အောင် ကြိုးစား နေတာပါ။ အစိုးရ. မဟုတ်ပဲ ဘယ်က ပိုက်ဆံ ရမှာလဲ။
ဘယ်အခွန်အခကို ဘယ်ခရိုနီက ပေးမှာလဲ။ ပြည်သူ ပဲ ပေးမယ့်သူရှိတာ ။ အလှု ငွေ ရတယ် နွေဦးထီရတယ် ဆိုတာ ရကုန်ပဲ ။
                  Photo; Getting image
စစ်ဘေးရှောင်တွေ PDF တွေ အများကြီး ။ (1သိန်းထား)စားစရိတ် ပဲ တစ်ဦးကို တစ်နေ့ ဥပမာ
၁ဒေါ်လာ နှုန်းနဲ့တွက် ဒေါ်လာ ၁သိန်းရှိမှရမယ်စားစရိတ်နော်၊ဆေးတွေ၊ လက်နက် တွေ မပါဘူး။
အဲဒါ တွေက ပြည်သူ ပေးမှ ရမှာပေါ့။ ကိုယ်ဘက်က အများကြီး လိုတယ်။
လိုနေတာ ကိုယ် ဘက်ကပဲ။သူတို့ ဘက်က အောက်ခြေကစအထက်ထိ လုပ်နေကြတယ် ။သတင်း ပေးသူပေး။(အများပြောတဲ့ဒလန်ပေါ့။)
ဖမ်းသူကဖမ်း၊ တိုက်သူကတိုက်။ အင်တာနက်​ဖြတ်သူက​ဖြတ်၊မီးဖျက်သူကဖျက်။ကျောင်းဖွင့်သူကဖွင့်၊ ဆေးရုံးဖွင့်သူကဖွင့်။
လမ်းမှာ မော်တော်ပီကယ် ခရာ မှုတ် နေ လမ်းတားနေတာ အခုထိ လုပ်နေကြတယ် မလား။ ခရိုနီတွေ ဆီက အခွန် ဆိုတာလဲ
              Photo; Getting image
သူတို့ ဆီ မှာလေ။သူတို့ စစ်တပ်က၅သိန်းရှိတယ်ထား ထောက်ခံသူသန်းချီသော လူ တွေကို ကိုယ်တွေ ပြိုင်နေရတာ။
လိုနေတာ ကိုယ်ဘက်ကအများကြီး ရုပ်ရှင် ကြည့်မပျက် ဘုရားဖူးမပျက် ၊ဆိုင်ဖွင့်မပျက် ၊ မဆိုင်သလို နေကြတာအများကြီး။
ဒါအားလုံးနဲ့ဆိုင်တဲ့ကိစ္စဦးရည်မွန် တစ်ယောက်တည်း ဒေါက်တာဆာဆာတစ်ယောက်တည်း ဆိုင်တဲ့ကိစ္စ မဟုတ်ဘူး ။
တို့ပြည်သူ တင်တဲ့ ပြည်သူ့အစိုးရ ကပြောတယ်မလား။ ပြည်သူ မှာ ပြည်သူပဲ ရှိတာပါတဲ့။ သိပ် မေတ္တာ တရားပါတဲ့စကားပါ။
အနည်းဆုံးတော့မေတ္တာကမ်ပိန်းလေး လုပ်ပေးကပါ။ အပြစ်တင် မစောကြပါနဲ့။NUG အခြေအနေက ဖေဖော်ဝါရီ လနဲ့ အခုအခြေအနေ
အများကြီး ကွာလာပြီ ဆိုတာ လူတိုင်းသိပါတယ်။
       Photo; Getting image
PDF တွေ က တိုက် ၊ တိုင်းရင်းသားတွေ ကကူညီ စစ်ကိုင်း ကို ထိန်းချုပ် နိုင်တယ်။ အရင် ၈၈ က ဒါမျိုးမရ ဘူးတဲ့။ အခုဆို လက်နက်တွေ
ကလေးတွေ ကိုယ်တိုင်လုပ်နေကြပြီ ။ ပြောချင်တာ က ငါတို့မှာခေါင်းဆောင်ကောင်းတွေရှိတယ်အားလုံးအတူတူ ကူသူကူ၊ လှူသူလှူ ဝိုင်း
တွန်းကြမယ် ။
အရေးတော်ပုံ အောင်ရမည် ။
Credit: YM
Zawgyi
ခရိုနီတွေ ဆီက အခွန် ဆိုတာလဲ သူတို့ ဆီ မှာလေ။
Credit: YM