ၾကားသိသမွ်

သထုံမှာ ဘဏ်ငွေသယ်ကားတစ်စီး ဓါးပြတိုက်ခံရ ၊ ကျပ်သိန်း ၈၀၀ ကျော်ပါသွား

သထုံမှာ ဘဏ်ငွေသယ်ကားတစ်စီး ဓါးပြတိုက်ခံရ ၊ ကျပ်သိန်း ၈၀၀ ကျော်ပါသွား

သထုံ၊ ဒီဇင်ဘာ ၂၈

သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့အနီး ရန်ကုန်-မော်လမြိုင်ကားလမ်း ပေါ်မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့က ဘဏ်ငွေသယ်ကားတစ်စီး ဓါးပြ

တိုက်ခံရပြီး ကျပ်သိန်း ၈၀၀ ကျော်ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ နေ့လည် ၁ နာရီခန့်မှာ သထုံ MAB ဘဏ်က ငွေသယ် ပရိုဘောက်ကားကို အမည်မသိ လက်နက်ကိုင် လူတစ်စုက ဓါးပြတိုက်သွား

တာဖြစ်ပါတယ်။

“ကားက ဘဏ်ကနေ ဆီဆိုင်တွေမှာ ငွေလိုက်သိမ်းတဲ့ကားလို့ သိရတယ်။ ငွေလိုက်သိမ်းပြီး အပြန်မှာ ဓါးပြ

တိုက်ခံရတာ။ ကားပေါ်ကနေ ဝန်ထမ်းတွေကို မောင်းချပြီး ကားကော အကုန်ယူသွားတာ”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါ

တယ်။

ဘဏ်ငွေသယ်ကား ဓါးပြတိုက်ခံရတာကြောင့် ကားပေါ်ပါ ငွေကျပ်သိန်းပေါင်း ၈၀၀ ကျော်၊ ဝန်ထမ်းတွေရဲ့ ဖုန်းတွေနဲ့ ကားကိုပါ ယူဆောင်

သွားတယ်လို့ ဆိုပါတယ်။

ဘဏ်ငွေသယ်ကား ဓါးပြတိုက်ခံရတာနဲ့ပတ်သက်ပြီး ကားပေါ်လိုက်ပါသွားတဲ့ ဝန်ထမ်းတွေပါ စစ်ဆေးမေးမြန်းခံနေရတယ်လို့ သိရပါ

တယ်။

သတင်း – သံလွင်တိုင်းမ်

သထုံမွာ ဘဏ္ေငြသယ္ကားတစ္စီး ဓါးျပတိုက္ခံရ ၊ က်ပ္သိန္း ၈၀၀ ေက်ာ္ပါသြား

သထုံ၊ ဒီဇင္ဘာ ၂၈

သထုံၿမိဳ႕နယ္၊ သုဝဏၰဝတီၿမိဳ႕အနီး ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္း ေပၚမွာ ဒီဇင္ဘာလ ၂၇ ရက္ေန႔က ဘဏ္ေငြသယ္ကားတစ္စီး ဓါးၿပ တိုက္ခံရၿပီး က်ပ္သိန္း ၈၀၀ ေက်ာ္ပါသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အဆိုပါ ေန႔လည္ ၁ နာရီခန္႔မွာ သထုံ MAB ဘဏ္က ေငြသယ္ ပရိုေဘာက္ကားကို အမည္မသိ လက္နက္ကိုင္ လူတစ္စုက ဓါးျပတိုက္သြားတာျဖစ္ပါတယ္။

“ကားက ဘဏ္ကေန ဆီဆိုင္ေတြမွာ ေငြလိုက္သိမ္းတဲ့ကားလို႔ သိရတယ္။ ေငြလိုက္သိမ္းၿပီး အျပန္မွာ ဓါးျပ

တိုက္ခံရတာ။ ကားေပၚကေန ဝန္ထမ္းေတြကို ေမာင္းခ်ၿပီး ကားေကာ အကုန္ယူသြားတာ”လို႔ ေဒသခံတစ္ဦးက သံလြင္တိုင္းမ္ကို ေျပာပါတယ္။

ဘဏ္ေငြသယ္ကား ဓါးျပတိုက္ခံရတာေၾကာင့္ ကားေပၚပါ ေငြက်ပ္သိန္းေပါင္း ၈၀၀ ေက်ာ္၊ ဝန္ထမ္းေတြရဲ့ ဖုန္းေတြနဲ႔ ကားကိုပါ ယူေဆာင္သြားတယ္လို႔ ဆိုပါတယ္။

ဘဏ္ေငြသယ္ကား ဓါးျပတိုက္ခံရတာနဲ႔ပတ္သက္ၿပီး ကားေပၚလိုက္ပါသြားတဲ့ ဝန္ထမ္းေတြပါ စစ္ေဆးေမးျမန္းခံေနရတယ္လို႔ သိရပါတယ္။

သတင္း – သံလြင္တိုင္းမ္